0

မည်သည့်နိုင်ငံ မည်သည့်ဒေသမှာပဲဖြစ်ဖြစ် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ လူတွေ တလေးတစား လိုက်နာကြရတဲ့ Public Display of Affection (PDA) ဆိုတာ ရှိပါတယ်။ တနည်းအားဖြင့်တော့ မိမိရဲ့ အပြုအမူက တစ်ဖက်သားကို သို့မဟုတ် အများပြည်သူကို စိတ်အနှောက်အယှက် မဖြစ်စေအောင် စောင့်ထိန်းခြင်း ဖြစ်ပါတယ်

အခု လက်တလောမှာ PDA ကို လိုက်နာမှုမရှိတဲ့ လူတွေ အလွန်ပေါများလာပြီး၊ နိုင်ငံတိုင်းလိုလိုမှာ တွေ့လာရပါတယ်။ တစ်ချို့က ဒီမိုကရေစီနိုင်ငံ၊ ကိုယ်လုပ်ချင်ရာ လုပ်မယ်ဆိုပြီး စောဒက တက်ကြပါတယ်။ တကယ်တော့ ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးတွေဖြစ်တဲ့ ယူကေနဲ့ အမေရိကားမှာတောင် PDA ကို မလိုက်နာကြလို့ ဒဏ်ရိုက်ခံရသူတွေ၊ တရားရင်ဆိုင်နေရသူတွေ မရှားလှပါဘူး။

ဒီတော့ PDA ဆိုသည်မှာ ဒီမိုကရေစီနိုင်ငံ ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ မသက်ဆိုင်တော့ပဲ လူတွေရဲ့ ဟီရိနဲ့ သြတပ္ပကို ထိန်းသိန်းပေးတဲ့ လူမှုကျင့်ဝတ်တစ်ခုလို့ သဘောထားပြီး လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ ဆိုရမှာပါ။ အခုလည်း တရုတ်နိုင်ငံက ရထားတစ်စီးပေါ်မှာ ခရီးသွားပေါင်း ထောင်ချီကိုပင် ဂရုမစိုက်နိုင်ဘဲ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ အတွဲတစ်တွဲဟာ လူထု ဝေဖန်ရာ ဖြစ်လာခဲ့ပါတယ်။

သူတို့တစ်တွေဟာ တည်းခိုခန်း/ဟော်တယ်မှာ ရောက်နေဘိသည့်အလား၊ ပတ်ဝန်းကျင်ကို ရှက်ဖို့မပြောနဲ့ ဂရုတောင် မစိုက်အားပဲ၊ မိမိတို့ လုပ်လိုရာကိုသာ အာရုံထားလှုပ်ရှားနေတာဟာ အများကဲ့ရယ်ခံစရာ ဖြစ်ခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံကို ခရီးသွားတစ်ဦးက ရိုက်ယူကာ လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်

Post a Comment

Top