0

တရားရေးဝန်ကြီး ဦးသိမ်းမောင်ဟာ  တညမှာ အိမ်မက်မက်တယ်   မင်း မိဘတွေကို ကျေးဇူးဆပ်ချင်ရင်
ဆြာဦးသွင် သူ့ မိဘတွေကို ကျေးဇူးဆပ်သလိုဆပ်တဲ့ ဆြာဦးသွင်ဆိုတာက မဟာစည် သာသနာ့ ရိပ်သာကြီးဖြစ်အောင် သူ့ အိမ်မြေနေရာလှူ ပြီး မဟာစည်ဆရာတော်ကြီးကို ရှာဖွေပင့်ဆောင်ပြီး သာသနာပြုခဲ့သူကြီးပါ ဆဋ္ဌမသံဃာယနာမှာအကြံပေးပုဂ္ဂိုလ်ကြီးပါ။

ဦးသိမ်းမောင်လည်း သြာဦးသွင်ဆီကိုသွားရောက်လေ့လာခဲ့တယ်။ ဆြာဦးသွင်ဟာ မိဘတွေမရှိခဲ့ပေမဲ့ မိဘတွေအတွက်နာမည်နဲ့ ရည်စူးအလှူကိုမကြာခဏပြုလုပ်ပေးတယ် အဆောက်အဦးတွေကို မိဘတွေနာမည်နဲ့ လှူ ဒါန်းပေးတယ် ဘယ်လိုကောင်းမှု့ ကုသိုလ်ပဲလုပ်လုပ် မိဘတွေကို ဦးထိပ်ကထားပြီး အမျှပေးဝေတယ်။

တနှစ်တခါ မိဘတွေရှိတဲ့ မော်လမြိုင်ကိုပြန်ပြီးတော့ မိဘအုပ်ဂူတွေကို သန့် ရှင်းရေးလုပ်ခြင်း မိဘအိပ်ယာတွေကို အသက်ထင်ရှားရှိစဉ်ကအတိုင်း သန့် ရှင်းရေးလုပ် ပြုပြင်မွန်းမံခြင်းတွေကို ပြုလုပ်ခဲ့တယ်


ဆြာဦးသွင်ရဲ့ မရှိတော့တဲ့မိဘတွေကိုကျေးဇူးဆပ်ပုံကို အတုယူပြီး သူလည်း ဆြာဦးသွင်လိုပဲ ကျေးဇူးဆပ်သွားသတဲ့။


ဒီလောက်ဆိုရင်မိဘတွေမရှိတော့တဲ့သားသမီးတွေ ဘယ်လို ကျေးဇူးဆပ်ရမလဲဆိုတာ သဘော ပေါက်လောက်ရောပေါ့။

တကယ်တော့ ဗုဒ္ဓက မိဘတွေမရှိလည်း ကျေးဇူးဆပ်နိုင်တယ်ဆိုတဲ့အကြောင်းဟောထားပြီးသားပါ။


စိတ်ညစ်နေစရာမလိုပါဘူး ရှိရှိ မရှိရှိ ကျေးဇူးဆပ်နိုင်ပါတယ်

source:
ဦးမြင့်​ခိုင်

Post a Comment

 
Top