0


ထမင်းစားချိန် ဆိုင်သွားဖို. ဖြတ်လမ်း ကြား ကနေ အဖြတ် ကိုးတန်း ကလေး မိန်းကလေး ငါးယောက် ကို တယောက် စီ ကောင် လေး လေးငါးယောက် လောက် က တွဲပီး လမ်းလျောက်လာ ကြတာ တာတွေ.လိုက်တယ်... မိန်းကလေး တွေ ခြေလှမ်းက ယိမ်းယိုင်နေပီးတော့ လမ်းတောင်ကောင်းကောင်း မလျောက်နိုင်ကြတော့ဘူး .. မိန်းကလေးတယောက်ဆို အကျီ ကြယ်သီးပါပြုတ်နေတယ် ... သူတို.ကို ဘာဖြစ်တာလဲလို. လှမ်းမေးတော့ ကောင်လေး တစ်ယောက်က အစာ အဆိပ်သင့်တာပါလို. လွယ်လွယ်လှမ်းပြော ပီး သူတို. က ဆက်သွားကြပေမဲ့ စိတ်ထဲ စိတ်မချဖြစ်တာနဲ. ကား ကို ဘေးချရပ် ပီး သူတို.နောက် ကိုယ်တွေ ရုံးက အဖွဲ. လေးယောက်လိုက်ကြတာ ... လမ်းလုံးဝ မလျောက်နိုင်တဲ့ကောင်မလေးတစ်ယောက် က ကျန်ခဲ့ပီး .. ကျန်တဲ့ ကလေး တွေက ထွက်ပြေး ကြတော့တယ် .. ကျန်ခဲ့တဲ့ ကောင်မလေး ကို သေချာမေး .. အရှေ.ရောက်နေတဲ့ အဖွဲ့ ကို ရပ် ကွက် က လူ ကြီး တွေကို တားထားကြပါလို. လှမ်း အော်ပြောလိုက်တော့ မှ သူတို. အားလုံး တစ်စုတစ်စည်း ထဲတွေ.ရတော့တယ် .. ကောင်မလေး တစ်ယောက်ဆို မတ်တပ်တောင်မရပ်နိုင်တော့ပဲ လမ်းပေါ် ထိုင်ချပီး .. သမီးတု.ိကို မဆွဲနဲ. ကိုယ့်ဘာသာ သွားနိုင်တယ်လို.အော်နေတာနဲ. တစ်ချက်လောက် နင်တိတ်တိတ်နေစမ်းလု.ိ လှမ်းဟောက်လိုက်မှ ခဏ ငြိမ်သွားလေရဲ. ( ခဏပဲ ငြိမ်တာနော် ) အနားကပ်လိုက်မှ အရက် နံ. တွေ တော်တော် ထွက်နေတာ ... တွဲ ပေးတဲ့ ကောင်လေး ငယ်ငယ်လေးရယ် ... မူးနေတဲ့ မိန်းကလေးငယ်ငယ်လေး ရယ် ကျောင်းစိမ်း ၀တ်စုံ နဲ. လုံး ထွေး မတတ် လမ်း မှာ တွေ. ရတာ တော်တော် အမြင် မတော်ဖြစ်ရပါတယ် ... ဒီလို အနာ ဂါတ် အတွက် အား တွေ ဖြစ်လာမဲ့ လူငယ်လေးတွေ ဟာ အရွယ် မရောက်ခင်မှာပဲ ဒီလိုကိစ္စတွေ ကြောင့် လမ်းဘေး ကို ဘယ်နှစ်ယောက်များ ရောက် နေကြပီး ပီလဲ ... တွေးကြည်.ရင် တော်တော် စိတ်မကောင်းဖြစ်ရပါတယ် ... ဒါနဲ. သူတို.ကို မိဘတွေ ဖုန်းနံပါတ်ဖြစ် ဖြစ် စုံစမ်းမေမြန်းတော့ ဘာမှမပြောပဲ အိမ်မပြန်ဘူးနော် အိမ်မပြန်ဘူးနော်နဲ.ပဲ တွင်တွင်အော်နေတော့တာပဲ .. ဒါနဲ. ကောင်လေးတွေကို ကျောင်းနာမည်မေး ပီး လမ်းမှာတွေ.တဲ့ ကားကြီး တစ်စီး ကို ( ကိုယ့်ကားက သေးတော့ မဆံ့ဘူး )အကျိုး အကြောင်း ရှင်း ပြပီး အကူ အညီ တောင်းပီး ကျောင်းကို သာ ပို.ခိုင်းလိုက်ရပါတော့တယ် .. မပို.ခင်မှာလဲ ညီမလေးတို.ကို ဆူ မှမဟုတ်ကြောင်းနဲ. အရွယ် မရောက်သေးတဲ့ကလေး ဒီတိုင်းလမ်း မှာ လျောက်သွားနေဖို. မသင့်လို. သာ ကျောင်းကိုပို. ပီး ကျောင်း ကမှတစ်ဆင့် ဖြစ်သင့်တာ ဆက်လုပ်မှာ ဖြစ်ကြောင်း သူတို.နားဝင်အောင် ရှင်း ပြလိုက်ပါတယ် ...
သူတို. သွားပီး အပြန်လမ်းကျမှ သူတို. ကျောင်းက ဆရာမတစ်ယောက်ကို တွေ. တော့ ထပ်မှာလိုက်ပါတယ် ... မဆူဖို.နဲ. သူတို. မှာ စိတ်ညစ် စရာ အိမ်မှာပဲဖြစ်ဖြစ် ကျောင်း မှာပဲ ဖြစ်ဖြစ် ဘာ အခက်အခဲများရှိလဲ သေချာ ဆွေး နွေး တိုင်ပင် လမ်း ညွန်ပေးဖို. ဆရာမကိုပြောပေမဲ့ ဆရာမ ကလဲ ဒီ ဘီ အတန်းက ကလေး တွေ ဆိုး ကို ဆိုး တာချည်းပဲ တွင်တွင်ပြောနေပါတော့တယ် ...

စိတ်ထဲမှာတော့ နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ ဆိုတာ တော်တော်စိတ်ပူနေမိတယ် ...
၁. ဆရာမ ဆူမယ် ... အဆိုး ဆုံးကျောင်းထုတ်မယ်
၂. ဆူတော့ ထပ်စိတ် ညစ်ပီး ထပ် ဆိုး သွမ်းမယ် ... ကျောင်းထုတ်ရင် ဘ၀ပျက်မယ်
၃. အရွယ်မရောက်သေးပဲ ယောင်္ကျားနောက်လိုက်ပြေးမယ်
၎. သူတို. ဘ၀တစ်ခုလုံး အတွက်အသုံးချဖို. ပညာ သင်ကြားဖို. ဆို တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားမယ်
ဒီ ငါးယောက်ရဲ. လူ.စွမ်း အားအရင်း အမြစ် တွေ နိုင်ငံက ဆုံးရှုံး ရလိမ့်မယ် ...
နောက် သူတို. သောက်ဖို. အရက် ကို ဘယ်သူရောင်းလိုက်တာလဲ ... ရောင်းရင် ရောင်းလိုက်တဲ့ ဆိုင်ထိ အရေးယူရပါမယ် .. ကိုယ် ပိုက်ဆံရပီး ရော ဖြစ်ချင်တာဖြစ် မစဉ်းစားပဲ ရောင်းလိုက်တာမျိုး မဖြစ်သင့်ဘူးလေ ..
နောက်ဒီကလေး တွေ ကိုယ်နဲ.မတွေ.ပဲ အိမ်လဲ မပြန်ချင်တော့ အဆိုးဆုံး တည်းခိုခန်း ရောက်သွားကြတယ် ထား ... အရွယ် ကို ထည်. မစဉ်းစား တည်းဖို. လက်ခံတဲ့ ပိုက်ဆံတစ်ခုပဲ ကြည်.တဲ့ နေရာမျိုး ရှိနေအုံးမှာပါပဲ ...
အမှန်ဆို ကောင်းမွန်တဲ့ လူ.အဖွဲ. အစည်း ဆိုတဲ့နေရာမှာ ကိစ တခု အဆိုး ပဲ ဖြစ်ဖြစ် အကောင်း ပဲ ဖြစ်ဖြစ် ဖြစ်လာဖို. က အားလုံး က ဆက်စပ်နေကြတာပါ ... အားလုံးမှာ တာဝန်ရှိပါတယ် ...
ဒီကိစ္စမှာ
၁. ကောင်မလေးတွေ ကိုယ်တိုင်
၂. မိဘ
၃. ကျောင်း
၎. သူတို. သူငယ်ချင်းတွေ
၅. အရက်ရောင်းတဲ့သူ
၆. ............... ဒီလို အဖက်ဖက် က ဖြစ်လာတဲ့ အကြောင်းတရားတွေကြောင့် ဒီလို အဖြစ်ဆိုး ကို ဖြစ်လာတာပါ ...
ကောင်းလာဖို. တစ်ဖက်လှည်.ပြန်တွေးကြည်.ရင် အရက် ဆိုင်က မရောင်းရင် ... သူတို. သူငယ်ချင်းတွေက တားရင် ... ဆရာ ဆရာမတွေက တပည်. ရဲ. အရိပ်အချေ ကို ဆူ ပူ ရုံတင်မဟုတ်ပဲ သူတို. အခက်အခဲကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ကာကွယ် နိုင်စွမ်းရှိတဲ့ ကျောင်း ပတ်ဝန်း ကျင် ဖြစ်ရင် ...
မိဘ က လဲ သားသမီးကို စဉ်ဆက်မပြတ် အမြဲ ထိန်းသိမ်း ပီး ကျောင်း ပြေး ပီး အပြစ် လုပ်မိတဲ့ အထိ မဖြစ် သင့်တဲ့ စဉ်း စား နိုင်စွမ်းလေးသာ သားသမီး တွေ ရင်ထဲထည်.ပေးနိုင်ရင် ...
ကလေး ကိုယ်တိုင်ကကို ကဒီလိုမလူပ်ပဲ စာသာကြိုးစားခဲ့ရင် ....
အဲ့ လို အတွေး တွေ နဲ. ပဲ သက်ပြင်းတစ်ချက် အကြီး ကြီး ချမိခဲ့ပါတော့တယ် ...
 


Credit Ei Pwint Phyu

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top