0


ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲလက်မောင်းကျေးရွာအုပ်စု ၊ မဲလက်မောင်းကျေးရွာအနီး အမ်း- စစ်တွေ ကားလမ်းမကြီး  မိုင်တိုင်အမှတ် ၁၇ / ၁ နှင့် ၁၇/ ၂ အကြား တွင် ဇွန်လ ၆ ရက်နေ့က  မောင်သန်းတိုးဆိုသူမှ အိမ်ခြံစည်းရိုးတိုင်များစိုက်ထူရန်  ကျင်းတူးစဉ် လက်ပစ်ဗုံး အဟောင်းများနှင့် သေနတ်ကျည်ဆန်အဟောင်းများကို တွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။

“ လက်ပစ်ဗုံးနဲ့ သေနတ်ကျည်ဆန်တွေကို တွေ့ရှိတယ် ဆိုတာ ဟုတ်ပါတယ်။ဆွေးမြေ့နေတဲ့ အဟောင်းတွေပါ ။
အဲဒီ ကျေဆန်နဲ့ လက်ပစ်ဗုံးတွေကို တပ်မတော် ဘီအီး တပ်ကို လွှဲပြောင်းပေးလိုက်ပါပြီ ။ ”ဟု အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောသည်။

အဆိုပါ ခြံစည်းရိုးတိုင်ကျင်းတူးစဉ် တွေ့ရှိခဲ့သော လက်နက်ခဲယမ်းများမှာ ၃၆ လက်ပစ်ဗုံး (၄ ) လုံး ( ပျက်စီး ) ၊ ဒသမ ၃၀၃ ကျည် ၄၈၀ ထောင့် (ပျက်စီး ) ၊ ၉ မမ ကျည် ၈ ထောင့် ( WRA တံဆိပ်ပါ အမေရိကန်လုပ် )
တို့ဖြစ် ပြီး ယင်းတို့ကို တပ်မတော်သို့လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

Post a Comment

 
Top