0


တင်ပါးအရွယ်အစားနဲ့ ပုံစံကနေပြီးတော့ လူတစ်ယောက်ရဲ့ကျန်းမားရေးကိုခန့်မှန်းလို့ရပါတယ်။ လူတွေယုံကြည်ထားတာက အဆီတွေစုဝေးနေရင် ကျန်းမာရေးအတွက်မကောင်းဘူးပေါ့။ ဒါမဲ့ ဒါဟာအမြဲတမ်းမမှန်ပါဘူး။

ရင်ဘတ်တို့မှာ အဆီစုတာက ကျန်းမာရေးအတွက်မကောင်းပေမဲ့ တင်ပါးမှာအဆီစုနေတာကတော့ ကျန်းမာရေးမကောင်းတာမဟုတ်ပါဘူး။

တင်ပါးနားမှာ အဆီတွေစုနေတာက အသည်း၊ နှလုံးနဲ့ သွေးကြောတွေဆီကို အန္တရာယ်ဖြစ်စေတဲ့အက်စစ်တွေကို သူတို့ဆီမရောက်သွားအောင် ထိန်းသိမ်းပေးပါတယ်။ တင်ပါးမှာ အဆီတွေစုဝေးနေတာက နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေမဖြစ်အောင်ပါ ကူညီသေးတယ်။

တင်ပါးက လေးထောင့်ပုံဖြစ်နေရင်

ဒါက လေ့ကျင့်ခန်းတော့လုပ်နေပြီး အဆီကျဖို့အလားအလာရှိတဲ့သူတွေမှာ အဖြစ်များတယ်။ သူက တင်ပါးအထက်ပိုင်းမှာ အဆီများတာဖြစ်တယ်။ လေ့ကျင့်ခန်းလေးနည်းနည်းထပ်လုပ်လိုက်ရင် အဆီတွေအားလုံးကင်းစင်သွားမှာပါ။

တင်ပါးအဝိုင်း

ကျန်းမာရေးကောင်းတယ်။ တင်ပါးအထက်မှာ အဆီပိုလေးတွေနည်းနည်းရှိပေမဲ့ စိုးရိမ်စရာမရှိဘူး။ အဆီကျဖို့လွယ်ကူပါတယ်။

အသည်းပုံ တင်ပါး

ဒါဟာ အမျိုးသမီးတွေအားလုံး အိပ်မက်မက်နေတဲ့ တင်ပါးပါ။ ခါးသေးပြီးတော့ တင်ပါးအောင်ရင်းကျကြီးတဲ့ပုံစံမျိုးပါ။ ဆွဲဆောင်မှုတော်တော်ရှိတယ်။ အသက်အရွယ်အလိုက် ပုံစံပြောင်းတယ်။ အကောင်းဆုံးကတော့ နောက်ကျန်းမာရေးပြဿနာတွေမဖြစ်အောင် အဆီပိုတွေကို မြန်မြန်ဖယ်ရှားသင့်တယ်။

V ပုံစံတင်ပါး

အသက်ကြီးတဲ့သူတွေမှာ အဖြစ်များတယ်။ အသက်ကြီးလာတာနဲ့အမျှ တင်ပါးက အဆီတွေက တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို ရွေ့သွားတယ်။ ဒါဟာ Estrogen နည်းပါးမှုကြောင့်ဖြစ်တာပါ။

Post a Comment

 
Top