0

မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေများကို အစိုးရ အဖွဲ့ဟောင်းက အလွဲသုံးစားပြု လုပ်ခဲ့မှုရှိ၊ မရှိပြန်လည်စစ်ဆေး ရန် သမ္မတရုံးက ညွှန်ကြားစာထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ ကို အလွဲသုံးစားပြုလုပ်ခဲ့မှုရှိ၊ မရှိ စာရင်းစစ်ချုပ်များအနေဖြင့် ကြပ် ကြပ်မတ်မတ်ပြန်လည်စစ်ဆေး ရန် သမ္မတရုံးက အမိန့်ညွှန်ကြား စာထုတ်ပြန်ထားသလို တိုင်းအစိုး ရအဖွဲ့အနေဖြင့် ပြန်လည်စစ် ဆေးနေသည်ဟု မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မေလ ၃၀ ရက် တွင် ပြုလုပ်ခဲ့သည့် အစိုးရသက် တမ်းတစ်နှစ်အတွင်း လုပ်ငန်း ဆောင်ရွက်ချက် သတင်းစာရှင်း လင်းပွဲ၌ ပြောသည်။
‘‘ ဒီစာလေးယူလာပါတယ်။ ဒါက ခင်ဗျားတို့ကိုတော့ ပြလို့မရ သေးဘူး။ သမ္မတရုံးကနေလည်း စာထွက်ထားတယ်ပေါ့ဗျာ။ ဘာပဲပြောပြော စာရင်းစစ်ချုပ်တွေ ကြပ်ကြပ်မတ်မတ်စစ်ဆေးဖို့ ဆိုပြီး တော့ ညွှန်ကြားချက်ထွက်လာပါ တယ်။ ဒါကိုတော့ ဒီလောက်ပဲ ဖြေပါရစေ’’ဟု ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို အစိုးရအဖွဲ့ဟောင်းမှ  အလွဲသုံးစားပြုလုပ်ခဲ့မှုရှိ၊ မရှိ သိရှိလိုကြောင်း သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို မန္တလေးတိုင်းဝန်ကြီးချုပ်က ဖြေကြားသည်။
မန္တလေးနှင့် ရန်ကုန်တိုင်းဒေ သကြီးတို့သည် အစိုးရဟောင်းနှင့် အစိုးရသစ်တို့ကြား စနစ်တကျ လွှဲပြောင်းနိုင်မှုမရှိခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
‘‘အဲဒီတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်တော်တို့အ စိုးရအပြောင်းအလဲမှာ မန္တလေး တိုင်းနဲ့ ရန်ကုန်တိုင်းက ဒီအတိုင်း ပဲ လွှဲသွားတာပါ။ အဲဒါကိုတော့ ကျွန်တော်ပြောရဲပါတယ်’’ဟု ၎င်း က ဆိုသည်။
ပြီးခဲ့သည့် အစိုးရသည် ငွေ ကြေး၊ စာရင်းအင်းများကို စနစ် တကျလွှဲပြောင်းပေးမှုမရှိခဲ့သလို စီမံကိန်းလုပ်ငန်းများ ခွင့်ပြုပေးခဲ့ မှုအခြေအနေများကို တိုင်းအစိုးရ အဖွဲ့သစ်အနေဖြင့် ပြန်လည်လေ့ လာစိစစ်ခဲ့ရသည်ဟု မန္တလေး တိုင်း အစိုးရအဖွဲ့ဝန်ကြီးများက ပြောသည်။
မန္တလေးတိုင်းအစိုးရအဖွဲ့ သစ် တာဝန်ယူပြီးနောက် ယခင် အစိုးရဟောင်းခွင့်ပြုပေးခဲ့သည့် စီမံကိန်းလုပ်ငန်းများအကြောင်း ကို လုပ်ငန်းရှင်များက ပါဝါပွိုင့် များဖြင့် လာရောက်ရှင်းလင်းရာ အချိန်သုံးလခန့်ကြာသည်အထိ ကြည့်ရှုလေ့လာခဲ့ရသည်ဟု မန္တ လေးတိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ဆိုသည်။
‘‘ပါဝါပွိုင့်တွေနဲ့ လာရှင်းပြ တာ သုံးလလောက်ကြာတယ်။ တခြားမကြည့်နိုင်တော့ဘဲ စာချုပ် တွေ လိုက်ဖတ်တယ်။ စာချုပ်တွေ တိုင်းက တိုင်းဒေသကြီးအစိုးရ ရမယ့် ရန်ပုံငွေ၊ တိုင်းဒေသကြီးဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့ ဘယ် လောက်ထိ ရောက်မယ်ဆိုတာမျိုး ကျွန်တော့်အမြင်ပြောရရင် တစ်ခု မှ မပါဘူး’’ဟု ဦးမြတ်သူက ပြော သည်။
ပြီးခဲ့သည့် အစိုးရအဆက် ဆက်တွင် မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီအနေ ဖြင့် ကျပ်ဘီလီယံထောင်ချီသော စည်ပင်သာယာရန်ပုံငွေများကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း မကျဘဲ သုံးစွဲထားမှုများ စိစစ်တွေ့ ရှိရသည်ဟု မန္တလေးတိုင်းဝန်ကြီး ချုပ်က ပြီးခဲ့သည့်ဇန်နဝါရီအတွင်း က ပြောကြားထားသည်။ အဆိုပါ စည်ပင်သာယာမှ သုံးစွဲထားသည့် ငွေကြေးများကို လက်ရှိအချိန်ထိ စိစစ်နေသည်ဟု ဝန်ကြီးချုပ်က ဆိုသည်။ ပြီးခဲ့သည့် လအတွင်းက မကွေးတိုင်းဒေသကြီးတွင် အစိုးရ ဟောင်းမှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ များကို အလွဲသုံးစားပြုလုပ်ခဲ့မှု များစိစစ်တွေ့ရှိခဲ့သည်။

7days

Post a Comment

 
Top