0
တစ်ရက်ကို လေကြောင်း ခရီးစဉ် ၄၀၀ နီးပါးထိခိုက်နစ်နာဖွယ်ရှိနေပါတယ်။ 

 ပီးခဲ့တဲ့ မတ်လက အမေရိကန်အစိုးရဟာ လေဆိပ် ၁၀ ခုမှာ လက်ပ်တော့များ သယ်ဆောင်ခြင်းကို ပိတ်ပင်ခဲ့ခြင်းကြောင့် တစ်ပတ်ကို လေကြောင်းခရီးစဉ် ၃၅၀ ပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ နောက်ထပ် လေဆိပ်ပေါင်း ၇၁ နေရာမှာပါ လက်ပ်တော့ သယ်ခွင့်ကို ပိတ်လိုက်ပြီ ဖြစ်ပါတယ်။
 

Homeland Security ရဲ့ အဆိုအရ လက်ရှိမှာ ဒီပိတ်ပင်မှုကို သုံးသပ်စဉ်းစားနေကြပြီး ဥရောပ ၊ အရှေ့ အလယ်ပိုင်းနဲ့ အာဖရိကမှ ဒါဇင်နဲ့ ချီတဲ့လေဆိပ်များရဲ့ တိုက်ရိုက်လေကြောင်းများမှာ လက်ပ်တောလိုမျိုး အီလက်ထရောနစ်ပစ္စည်းများ သယ်ခွင့်ကို တိုးမြှင့် ပိတ်ပင်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ယခုလိုမျိုး ဥရောပလေဆိပ်များမှာ လက်ပ်တော့သယ်ခွင့်ပိတ်ပင်ခြင်းကို တိုးမြှင့်သွားခြင်းကြောင့် တစ်ရက်ကို လေကြောင်း ခရီးစဉ် ၄၀၀ နီးပါးထိခိုက်နစ်နာဖွယ်ရှိပြီး ခရီးသည်ပေါင်း သန်း၃၀ ပေါ် သက်ရောက်မှုရှိလိမ့်မယ်လို့ လေကြောင်းလုံခြုံရေးအာဏာပိုင်များက ပြောကြားထားပါတယ်။




ယခုလို လက်ပ်တော့များကို လေယာဉ်နဲ့ သယ်ခွင့်မပေးရတဲ့အကြောင်းများထဲမှာ အကြမ်းဖက်မှုအန္တရာယ်ကလည်း တစ်ကြောင်း အပါအဝင် ဖြစ်ပါတယ်။ လေကြောင်းမှတစ်ဆင့် လက်ပ်တော့များ သယ်ဆောင်ခြင်းကို မပိတ်ပင်ဘဲ အကြမ်းဖက်ခြိမ်းခြောက်မှုများ လျော့ကျစေဖို့ နည်းလမ်းရှာနေတယ်လို့ Homeland Security ရဲ့ အတွင်းရေးမှူး ဂျွန်ကယ်လီက ဆိုပါတယ်။ လတ်တလောမှာ အကြမ်းဖက်တိုက်ခိုက်မှုများကို အနောက်နိုင်ငံများမှာ ခပ်စိပ်စိပ်တွေ့ မြင်နေရတာကြောင့် ပြည်ပဝင်ပေါက်များဖြစ်တဲ့ လေဆိပ်များမှာ လုံခြုံရေးတိုးမြှင့်ဖို့ အခုလို ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
 

နောက်တစ်ချက်ကတော့ လစ်သီယမ်အိုင်ယွန်း ဘက်ထရီသုံး လက်ပ်တော့များ လေကြောင်းက သယ်ဆောင်ခြင်းကြောင့် မီးလောင်ပေါက်ကွဲမှုများ ဖြစ်နိုင်ခြေရှိလို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ က ဆန်ဖရန်စ္စကိုဆီ ဦးတည်ပျံသန်း လာခဲ့တဲ့  နယူးယော့ခ် JetBlue Airways လေကြောင်းဟာ လေယာဉ်ပစ္စည်းထားခန်းမှာ ခရီးသည်တစ်ဦးရဲ့ လက်ပ်တော့ မီးလောင်ခဲ့ခြင်းကြောင့် မစ်ရှီဂန်မြို့ ကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ဖူးပါတယ်။

credit: Duwun

Post a Comment

 
Top