0

မန္တလေးရှိ ဘုန်းကြီး ကျောင်းအချို့တွင် ခိုလှုံနေထိုင်သူ များနှင့်ဆက်စပ်၍ ဖြစ်ပွားလာသည့် မှုခင်းများကြောင့် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ညွှန်ကြားချက်ဖြင့် မန္တလေးတိုင်း ဒေသကြီးရှိ ဘုန်းကြီးကျောင်းများ ၌ အမြဲနေ လူပုဂ္ဂိုလ်နှင့် အိမ်များကို စာရင်းကောက်ယူကာ စိစစ်ဖယ် ရှားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့ ညွှန်ကြားလွှာအမှတ် (၁၄) အရ မန္တလေးတိုင်းသံဃ မဟာနာယကအဖွဲ့က မန္တလေး ခရိုင်ရှိ ခုနစ်မြို့နယ်တွင် စံပြအ ဖြစ် စတင်လုပ်ဆောင်မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး သာသနာရေးဝန်ကြီးဌာန သာသ နာရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးခင်မောင်တင့်က ပြောသည်။
မန္တလေးမြို့ရှိ ဘုန်းကြီး ကျောင်းအချို့တွင် တရားမဝင် သစ်ခိုးထုတ်မှုများ၊ ပေါက်ကွဲစေ တတ်သော ပစ္စည်းများကို သို လှောင်ထားမှုများ၊ လောင်းကစား ဒိုင်များကို ဖမ်းဆီးရမိခဲ့၍ ယခုကဲ့သို့ဖယ်ရှားရန် စီစဉ်ရကြောင်း ဦးခင်မောင်တင့်က ဆိုသည်။
မြို့နယ်သံဃနာယကအဖွဲ့ များနှင့် ရပ်ကွက်အုပ်ချုပ်ရေးရုံး များ ပူးပေါင်း၍ ဇွန်လ ၂၀ ရက် နောက်ဆုံးထားစာရင်းကောက်ခံ ကာ ဇူလိုင်ကုန်တွင် နောက်ဆုံးထား ဖယ်ရှားခိုင်းမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက်ထက် ကျော်လွန်နေထိုင်သူများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ ဥပဒေအရ အရေးယူဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ စာရင်းကောက်ယူရာတွင် ကျောင်းအတွင်း ရိပ်သာများ၌ နေထိုင်သူများ၊ နယ်ဝေးမှ ကျောင်းလာတက်သည့် ကျောင်းသားများ၊ ကပ္ပိယများ၊ ဘုန်းကြီးကျောင်းအတွင်း နေထိုင်သူ အားလုံးကို စာရင်း ကောက်ယူမည်ဖြစ်ကြောင်း ဦးခင်မောင်တင့်က ရှင်းပြသည်။
‘‘ရိပ်သာမှာ နေတဲ့သူတွေ၊ နယ်ဝေးက ကျောင်းလာတက်နေ တဲ့ ကျောင်းသားတွေ၊ ကပ္ပိယ တွေ၊ ကျောထောက်နောက်ခံမရှိ တဲ့ ရဟန်းခမည်းတော်၊ မယ်တော်တွေကိုတော့ ဖယ်ရှားမှာ မဟုတ် ပေမယ့် စာရင်းတော့ကောက်ယူ မှာပါ။ ဘာတွေကို ဖယ်ရှားမလဲ ဆိုတော့ ဘုန်းကြီးကျောင်းထဲမှာ မိသားစုလိုက်နေနေတာတွေ၊ စီး ပွားရေးလုပ်ငန်းလုပ်ကိုင်နေတာ တွေကို ဖယ်ရှားသွားပါမယ်’’ ဟု ၎င်းက ဆိုသည်။
၁၉၈၁ က ညွှန်ကြားလွှာအ မှတ် (၁၄) ဖြင့် တစ်ကြိမ်၊ ၁၉၉၁ က ညွှန်ကြားလွှာအမှတ် (၈၀) ဖြင့် တစ်ကြိမ်၊ ၂၀၀၄ တွင် သီးခြားစာ ဖြင့် ယင်းကဲ့သို့ ဖယ်ရှားရန် ညွှန် ကြားချက်များ ထုတ်ပြန်ခဲ့ကြောင်း မန္တလေးတိုင်း သာသနာရေးဦးစီး ဌာနမှ သိရသည်။
‘‘နောက်ဆုံးအကြိမ်အနေနဲ့ ၂၀၀၅၊ ၂၀၀၆ ခုနှစ်လောက်က ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ လူတွေ၊ အိမ်တွေကို ဖယ်ရှားခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ ဖယ်ရှားခံရသူတွေအတွက် မြေတွေအစား ပေးတာ ရှိခဲ့ဖူးတယ်။ ခုတော့ ခေတ်ကာလ အနေအထားအရ မြေပေးတာတွေ ရှိမှာ မဟုတ်ပါ ဘူး’’ဟု ဦးခင်မောင်တင့်က ပြော ကြားသည်။
‘‘ညင်ညင်သာသာပဲ ဆောင် ရွက်မှာပါ။ ဒီလို ဖယ်ရှားတဲ့အ တွက် မလိုလားအပ်တဲ့ပြဿနာ တွေ မဖြစ်နိုင်ဘူးလို့ ယုံကြည်ပါ တယ်။ ဥပဒေဘောင်အတွင်းက လုပ်ဆောင်တာဖြစ်တဲ့အတွက် ဖြစ်လာရင်လည်း ဥပဒေဘောင် ထဲကပဲ ဖြေရှင်းမှာပါ’’ဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၆ ဝါဆိုစာရင်းများအရ ဘုန်းကြီးကျောင်း ၉,၇၅၅ ကျောင်း၊ ရဟန်းသာမဏေ ၉၈,၁၀၇ ပါး၊ သီလရှင်ကျောင်း ၄၂၉ ကျောင်း၊ သီလရှင် ၈,၄၉၈ ပါးရှိကြောင်း တိုင်းသာသနာရေး ဦးစီးဌာန စာရင်းမှတ်တမ်းများအရ သိရ သည်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top