0
အမေရိကန်နိုင်ငံ Portland, Oregon မှာ နေထိုင်ကြတဲ့ လိင်ပြောင်းအမျိုးသား Trystan Reese (34) နှစ်နဲ့ ၎င်းရဲ့ အဖော် Biff Chaplow တို့ဟာ ဒုတိယတစ်ကြိမ် ကိုယ်ဝန်ရအောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ Reese ဟာ 2016 ခုနှစ် အစောပိုင်းတုန်းကလည်း Biff ရဲ့ ကိုယ်ဝန်လွယ်ခဲ့ဖူးပေမယ့်၊ ပျက်ကြခဲ့တာပါ။
ယခုကိုယ်ဝန်ဟာ ဒီနှစ်နွေရာသီမှာ သားယောက်ျားလေးအဖြစ် မွေးဖွားမယ်လို့ သိရပါတယ်။ Reese ဟာ ကလေးလို ချင်တဲ့ လိင်ပြောင်းအမျိုးသားတစ်ယောက်ဖြစ်ပြီး၊ သူရဲ့ခန္ဓာကိုယ်မှာ အမျိုးသမီးတစ်ဦးမှာပါဝင်တဲ့ မျိုးပွားအင်္ဂါအစုံအလင် ပါဝင်ပါတယ်။ ဒါကြောင့် Reese ဟာ ကလေးရဖို့ ကြိုးစားခဲ့ပါတယ်။
Reese နဲ့ Biff တို့ဟာ ပြီးခဲ့တဲ့ နှစ်နှစ်က စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်ရေးဂေဟာမှာ နေနေရတဲ့ Biff ရဲ့ တူနဲ့ တူမတွေကို လည်း မွေးစားခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဒီလောက်နဲ့ အားမရပဲ နှစ်ဦးစလုံးက ကိုယ်ပိုင်ကလေး လိုချင်ခဲ့လို့ အသည်းအသန် ကြိုးစားခဲ့တာပါ။ 2016 ခုနှစ်မှာတုန်းကတော့ Reese ရဲ့ လသားအရွယ် ကိုယ်ဝန်ပျက်ကျခဲ့ရလို့ နှစ်ဦးသား သောက များခဲ့ကြပါသေးတယ်။



အခုအခါမှာတော့ Reese မှာ ကိုယ်ဝန်အသစ် လွယ်ထားရပြီဖြစ်ကြောင်းကို သူတို့စုံတွဲက ပေါ်ပေါ်ထင်ထင် ကြေငြာခဲ့ ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုအချိန်ထိ အဆိုးမြင်နေကြတဲ့သူတွေ ရှိပေမယ့် Reese ကတော့ ဂရုမစိုက်ပါဘူး လို့ ပြောခဲ့ပါတယ်။
သူက ” တစ်ချို့က ကျနော့်ကို စူးစူးရဲရဲ ကြည့်ကြတယ် .. ယောက်ျားကြီးဖြစ်ပြီး ဘယ်လိုကြီးလဲဟဆိုပြီးပေါ့ .. နှုတ်ခမ်း
မွေးမုတ်ဆိတ်မွေးတွေနဲ့ ဒီလိုအထူးအဆန်အဖြစ်အပျက်ဟာ သူတို့အတွက်တော့ အတော်လေး စူးစမ်းချင်စရာပါဘဲ .. တစ်ချို့အကြောင်းသိတွေကတော့ ကဲ့ရယ်ရှုတ်ချတာမျိုးလည်း ရှိတာပေါ့ “လို့ ဆိုပါတယ်။

လူတွေ ဘယ်လိုပဲ သူတို့ကို ကိုယ်ပိုင်အမြင်နဲ့ လိုရာကို ကောက်ချက်စွဲကြသည်ဖြစ်စေ၊ သူတို့စုံတွဲကတော့ အနာဂတ်မှာ ကိုယ်ပိုင်သားသမီးရတော့မှာမို့ ၀မ်းမြောက်ပျော်ရွှင်နေတယ်လို့ Biff ကလည်း ပြောပါတယ်။ သူတို့ဟာ မကြာမီ လူ့လော
ကထဲကို ရောက်လာတော့မယ့် သားယောက်ျားလေးကို ကြိုဆိုဖို့ အသင့်လို့ဆိုပါတယ်။
source : viral4real.com

Post a Comment

 
Top