0

“ပခုက္ကူနားက/ရွာကလေလို့ပြောလိုက်တော့´´ ရုပ်ရှင်ရုံထဲမှာ ၇အိမ်တန်းဆိုတာဘာလဲမသိကြတဲ့ ပခုက္ကူသူပခုက္ကူ သားတွေ ဟာကနဲဟင်ကနဲ အံ့သြသွားကြလေရဲ့။
တစ်ချို့ဆို “ကျွန် ဇာတ်ကား ကြည့်ပီးတော့ Lineပေါ်မှာ ပခုက္ကူသားအချို့သောင်းကျန်းကြလေရဲ့ ဒါသက်သက်မြို့ ကို သိက္ခာချတာ ဘယ့်နှယ့်မရှိပဲနဲ့ ကွာ. .တောက်စ်?
အဲ့ချိန်မှာ အကုန်ပတ်ရမ်းပါလေရော့ ဒါရိုက်တာ စာရေးဆရာပါမကျန် ငါပခုက္ကူမှာနေလာတာ အသက်၂၀ကျော်ပီ အာမခံ တယ်မရှိဘူး အဲ့ရွာက ပခုက္ကူမှာမရှိဘူး ပုဂံနားမှာရှိတာ တစ်ယောက်ကလဲ ကျောက်ပန်းတောင်းနား စသဖြင့်ပေါ့ပြောကြ ဆိုကြတယ်။
အဲ့ချိန်မှာကျွန်တော့စိတ်ထဲတွေးမိတယ် သူတို့ကမြို့မှာနေပီး မြို့ရဲ့အရာတစ်ချို့ကိုစိတ်မဝင်စားကြတာပဲ ဆိုပီး တွေးမိေ လရဲ့ ကဲထားတော့ရှေ့ထက်ဆက်မယ် ၇အိမ်တန်းဆိုတာ ပခုက္ကူမြို့ ဆင်ပေါက်လှဘက်မှာရှိတယ် ကားကွင်းနဲ့နီးတယ်. . . .ပြောရမယ်ဆိုရင်ဆင်ပေါက်လှတံတား။
ရဲ့ညာဘက်လမ်းကျဉ်းလေးတိုင်း ၃မိနစ်ခန့်စီးပီး ထနောင်းပင်တစ်ပင် တွေ့တဲ့ခါ ဘယ်ဘက်က်ုချိုးလိုက်ပါပီးရင် လမ်းတ စ်ဖြတ်ကျညာက်ု ထပ်ချိုးလိုက်ပါ ဓမ္မာရုံက်ုအရင်ဆုံးတွေ့ရလိမ့်မယ်အဲ့ဒါ၇အိမ်တန်းပဲဗျို့။
နောက်တစ်ချက်က ဥပမာအနေနဲ့ “ကျွန်´´ဇာတ်လမ်းထဲမှာ ဝတ်မှုံရွှေရည်ရဲ့အမေ အနာကြီးရောဂါသည် ပုံစံမျိုးဟာ အပြင်မှာ မဟုတ်တော့ဘူးဆိုတာ သိစေချင်ပါတယ်။ဇာတ်သရုပ်ကိုပီပြင်ဖို့ မိတ်ကပ်ပညာနဲ့ အနာကြီးရောဂါ အနာတွေ ကို ဆိုရွဲနေပီး အဖတ်တွေပါမစ ထည့်ထားတာလေး အားလုံးတွေ့ကြမယ်ထင်ပါတယ်။
တစ်ချို့သောနားမလည်တဲ့သူတွေရဲ့စိတ်ထဲ အပြင်မှာလဲအဲ့လိုပဲလား ဆိုပီးထင်ကြမှာဆိုးလို့ပါ ။ဆေးပညာတွေခောတ်မှီ လာတဲ့နောက်ပိုင်းမှာ MDTလို့ခေါ်တဲ့ပိုးသတ်ဆေးတစ် မျိုးကြောင့်အခုဆို အားလုံးပျောက်ကင်းကုန်ကြ ပီဖြစ်သလိုထပ် ပီးဖြစ်ပွားတာမျိုးကူးစပ်တာမျိုးတွေမရှိ အောင်ထိန်းချုပ်နိုင်ခဲ့ပါပီ။ဇာတ်လမ်းကိုအနုပညာအနေနဲ့ကြည့်ကြဖို့တိုက်တွန်း ချင်ပါတယ်။
ကျွန်ဇာတ်ကားဟာတကယ်ကောင်းပါတယ်။ လူထဲကလူပါပဲ ဆိုတဲ့ Messageကိုအကြိုက်ဆုံးပဲ။ အပြင်မှာလဲ ခွဲခြား ဆ က်ဆံတာမျိုးတွေလက်တွေ့ရှိနေဆဲပါ။ အမှန်ကကျွန်တော်တို့အားလုံးဟာ လက်တွဲခေါ်ကြရမှာဖြစ်သလို အားငယ်သူေ တွကို စဉ်ဆက်မပြတ်အားပေးကြရမှာပါ။
ဘယ်လိုလူမျိုးပဲဖြစ်ပါစေ အားလုံးဟာ တန်းတူညီမျှ ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့လူထဲကလူတွေပါပဲ။ ပိုက်ဆံမရှိပေမ ယ့် စိတ်ဓါတ် ကောင်းတွေရှိကြလို့ဘဝက်ုသမာအာဇီ ဝကျကျဖြတ်သန်းလို့သူတို့ဟာအဆင့်တန်းရှိသူတွေပါပဲ။ အ နာကြီးရောဂါ စောင့်ရှောက်ရေးဂေဟာ ၇အိမ်တန်းရှိလို့ ပခုက္ကူသားဖြစ်တဲ့ကျွန်တော်တို့အားလုံး မျက်နှာငယ်ရမှာမ ဟုတ် ပါဘူး တကယ်တော့ မြို့အတွက်ကျေနပ်စရာပီတိဖြစ်စရာပါပဲ တစ်ခြားသောမြို့တွေမှာ ဒါမျိုးစောင့်ရှောက်ပေးတဲ့ေ ဂဟာတွေ မရှိကြသလို လက်ချိုးရေလို့ရပါတယ်။

ပခုက္ကူမှာနေပီး ၇အိမ်တန်းဘာဆိုတာမသိကြသေးသူတွေအတွက် ကျွန်တော် ၂၀၁၆ မတ်လ ၂၇ရက်နေ့က သွားရော က်ပီးလှူတုန်းမှာ ရေးသားဖော်ပြပီးအလှူခံခဲ့တဲ့၇အိမ်တန်း အကြောင်းအသေးစိတ်ရေးထား တာလေးအောက်မှာထပ် ပီးတင်ပေးလိုက်ရပါတယ်။
မသိရှိကြသေးတဲ့သူတွေကိုယ့်မြို့ဘယ်နေရာဘာရှိတယ်ဆိုတာ ဒီမြေမှာမွေးဒီရေသောက်ဒီလေခံပီး ကိုယ်မြို့ကိုစိတ် ဝင်တစားရှိကြဖို့ရာ ပြန်လည်တင်ပြပေးလိုက်ရပါတယ် ။ ပခုက္ကူသူသားမှန်ရင်၇အိမ်တန်းဆိုတာသိနေရမယ် ဘာလို့ လဲဆိုတော့ ဂေဟာကိုစောင့်ရှောက်တဲ့သူတွေနဲ့ လက်ရှိချိန်ထိလှူနေကြတဲ့သူတွေကို အားနာမိလို့ပါပဲ။
2016 Mar 27ကရေးခဲ့တဲ့၇အိမ်တန်းအကြောင်း

 ( အလှူရှင်အချို့နဲ့ လိုအပ်ချက်များရှိနေသေးတဲ့ ၇အိမ်တန်းအကြောင်း )
အလှူရှင်အရောက်အပေါက်နည်းတဲ့ ၇အိမ်တန်း…. လိုအပ်ချက်တွေရှိနေသေးတဲ့မပြည့်စုံမှုကြားက ၇အိမ်တန်း လော ကဓံနဲ့ လူ့အသိုက်အဝန်းကြား သီးသန့်ကမ္ဘာတစ်ခုအနေနဲ့ မရှိဆင်းရဲ့ချို့တဲ့အနာကြီးရောဂါသည်များနေထိုင်တဲ့ ၇အိမ် တန်း သူတို့ရဲ့ဘဝတွေ သူတို့ရဲ့မျှော်လင့်ချက်တွေ သူတို့ရဲ့စိတ်ကူး အိမ်မက်တွေ အနာဂါတ်ရဲ့ လှပတဲ့ပန်းချီကားတစ် ချက်အနေနဲ့ရှိနေချင်တဲ့သူတို့ရဲ့ဆန္ဒ ဒီအကြောင်းအရာတွေကို ပခုက္ကူမြို့သူမြို့သားအားလုံး သိစေရန်ရည်ရွယ်၍် ခုလိုေ ရးသားတင်ပြပေးလိုက်ရပါတယ် ။
မြို့ပေါ်မှဝန်းရံသူများဖြစ်ကြသော တိလောကကျောင်းမှဆရာတော်ဦးပညာဝံသ အာယုသုခဆရာတော်ဦးပညာဇောတနှင့် မြို့ပေါ်မှပရဟိတအသင်းများနှင့်အလှူရှင်တစ်ချို့သာဝန်းရံပီး ကူညီစောင့်ရှောက်မှုရှိနေပါသေးတယ်။
ဘဝဇာတ်ခုံကြားက ခုနှစ်အိမ်တန်း
၇အိမ်တန်းဆိုတစ်ချိန်တုန်းက ပခုက္ကူမြို့နယ်တစ်ဝှိုက်က ပေါက်မြို့၊ရေစကြိုမြို့၊မြိုင်မြို့နယ်အစရှိတဲ့မြို့တွေမှာရှိကြတဲ့။
အနာကြီးရောဂါသည်တွေကိုစုပေါင်းပီး ပထမဆုံးအနေနဲ့။
လက်ရှိမျက်မမြင်ကျောင်းနေရာမှာ ဆေးကုရိပ်သာအဖြစ်နဲ့ စတင်ပီးတည်ထောင်ခဲ့တာပါ။ ထိုစဉ်အခါကတော့ရောဂါ သ ည်စုစုပေါင်း (၇၅) ဦးရှိခဲ့ပါတယ် ။ 1979ခုနှစ်နောက်ပိုင်းနေရာသစ်သို့ပြောင်းလဲလိုက်တဲ့အခါမှာတော့ စုစုပေါင်းယခင် လူနာဦးရေ (၄၅)ဦးခန့်သာကျန်ရှိပါတော့တယ်။
ထို့နောက်ခောတ်မှီဆေးများအား NGOနှင့်အခြားသောအဖွဲ့အစည်းများ ရဲ့ပံ့ပိုးမှုကြောင့်ဝေဒနာရှင် အချို့ရောဂါဆ က် လက်ပြန့်ပွားမှုမရှိအောင်။ ခောတ်မှီဆေးဖြစ်တဲ့(MDT)ပိုးသက်ဆေးကြောင့်ရောဂါပျောက်ကင်း အောင်မကူးစပ်အောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ယခုအခါမှာတော့ တစ်ချိန်က ဝေဒနာသည်(ရောဂါပျောက်ကင်း)သူ (၁၁)ဦးခန့်သာကျန်ရှိနေပါတော့တယ်။ သူတို့ရဲ့ဘ ဝတွေဟာ စိန်ခေါ်မှုတွေနဲ့ကြုံတွေ့နေရပါတယ်။ ပခုက္ကူမှာရှိကြတဲ့မြို့သူမြို့သားတွေကို ၇အိမ်တန်းနဲ့ပက်သက်ပီး အချက် အလက်များစုစည်းမေးမြန်းပီး Listထုတ်ကြည့်ရာမှာတော့ မေးမြန်းကြည့်တဲ့လူ10ဦးမှာ7ဦးလောက်သာသိပါတယ်။

ဒါတောင်ကျန်တဲ့3ဦးမှာသိပင်သိငြားသော်လည်းပဲဘာမှန်းသိပ်ပီးသေချာမသ်ကြတဲ့ဇဝေဇဝါသမားတွေပါပဲ။ ကျွန်တော် တို့သိထားရမယ် ကျွန်တော်တို့ မြို့မှာဒီရပ်ကွက်လေးရှိနေသေးတယ်ဆိုတာ ကျွန်တော်တို့သိထားရမယ် ဘယ်လိုကူညီေ ထာက်ပံ့ရမလဲဆိုတာ။ ကျွန်တော်တို့မြို့ကိုကျွန်တော်တို့ မြို့သားတွေပဲဝန်းရံကြရမယ်။
သူတို့ဟာလဲ လူသားထဲက လူသားတွေပါပဲ မလိုအပ်တဲ့နေရာတွေမှာ ပိုလျှံနေသလောက်တကယ်လိုအပ်တဲ့ နေရာတွေ မှာမပိုမလျှံဖြစ်ပီးလိုအပ်ချက်ရှိနေတယ်ဆိုတာကိုလေ့လာပီး။ အလိုအပ်ဆုံးနေရာတွေကို ကျွန်တော်တို့ဝန်းရံကြရမယ်။
ကျွန်တော်တို့တွေမြို့ထဲကအခြေနေတွေကိုပဲလေ့လာနေကြတယ် ပတ်ဝန်းကျင်နဲ့ လျစ်လျူရှုခံနေရာတွေကို ပစ်ထားကြ တယ်။ ကျွန်တော်တို့မြို့ကိုယ်ကျွန်တော်တို့ ထာဝရဝန်းရံကြရမယ်။
မြို့သူမြို့သားတွေသိရှိနိုင်အောင်နဲ့ အနာကြီးရောဂါ(၁၁)ဦးအတွက် ထိရောက်တဲ့အလှူရှင်ပေါ်ပေါက်အောင် သင့်ရဲ့ Share တစ်ချက်ဖြင့် လူအများအားမျှဝေပေးပါရန်အကျိုးမြော်ပီးတိုက်တွန်းလိုက်ပါရစေ။
အလှူရှင်တစ်ချို့တွေနဲ့ မြို့ပေါ်ကပိုက်ဆံရှိ အသိုင်းဝိုင်းကလူတွေကိုလဲထို ၇အိမ်တန်းလေးအား ဝန်းရံပေးကြပါလို့တော င်းဆိုရင်း။ လမ်းညွှန်မှုပြုလိုက်ရပါတယ်
လှူတန်းထောက်ပံ့မှုပြုလိုပါက
ဦးကျော်အောင်(တာဝန်ခံ)>>09401511835
ထူးထူး (ဝန်းရံသူ) >>09776899313
သို့ဆက်သွယ်၍မေးမြန်းလှူဒါန်းနိုင်ပါတယ်ခင်ဗျာ။ နယ်မှလှူဒါန်းချင်သူများအတွက် လဲ ကူညီဆောင်ရွက်ပေးပါမည်။
မေတ္တာဖြင့်
#HtooHtoo(Pku)
စီစဉ်တင်ဆက်>> Htoo Htoo

Post a Comment

 
Top