0

အလိုမတူဘဲ ခန္ဓာရယူ၊ အနိုင်ကျင့်မှုကို အမျိုးသားတွေကသာ ကျူးလွန်နေတယ်လို့ တသမတ်တည်း ယူဆလို့မရတော့သလို မကြာသေးခင်က အရှေ့အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဇင်ဘာဘွေနိုင်ငံမှာ အမျိုးသားနှစ်ဦးကို အလိုမတူဘဲ အမျိုးသမီးတွေက ခန္ဓာရယူ၊ အနိုင်ကျင့်ခဲ့တဲ့အတွက် ရုတ်ချည်း ဖြစ်ပေါ်လာတဲ့ ပြောင်းပြန်အခြေအနေကို ပြည်သူတွေအနေနဲ့ နိုးနိုးကြားကြား၊ သတိဝီရိယ ရှိရှိ သွားလာ၊ နေထိုင်ကြဖို့ ရဲတပ်ဖွဲ့ကနေတောင် သတိပေး၊ ဆော်သြထားရတယ်လို့ ဇွန် ၆ ရက်က Daily Mail သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။
.
ဖြစ်ပွားတာကလည်း ဇင်ဘာဘွေနိုင်ငံရဲ့ အဓိကမြို့တော်ကြီး Harare မှာ ဖြစ်ပြီး အမျိုးသားတစ်ဦးဟာ သေနတ်နဲ့ထောက်၊ ခြိမ်းခြောက်ခံရခါနီး အခြေအနေမျိုးနဲ့ ကားတစ်စီးပေါ် ခေါ်တင်ခံခဲ့ရတာ ဖြစ်သလို မတရား အနိုင်ကျင့်၊ နှိပ်စက်ညှင်းပန်းခံခဲ့ရတယ်လို့ သိရပါတယ်။ နောက်ထပ် အမျိုးသားတစ်ယောက် ကျပြန်တော့လည်း ဆေးခတ်ခံခဲ့ရပြီး ကိုယ်ထိလက်ရောက် ဗလက္ကာရလုပ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ရဲတွေရဲ့ပြောစကားအရ အမျိုးသားနှစ်ဦးဟာ သီးခြားစီ ကားတွေနဲ့ ခေါ်တင်ခံခဲ့ရပြီး အမျိုးသမီးတွေရဲ့ ဖျက်လိုဖျက်ဆီးပြုခံကြရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
သေနတ်ထောက်၊ ခြိမ်းခြောက်ခံရခါနီး အခြေအနေအထိ ကြုံခဲ့တဲ့အမျိုးသားဟာ ခြုံပုတ်တစ်နေရာဆီ ခေါ်ဆောင်သွားခံရပြီး အလိုမတူဘဲ ဖျက်လိုဖျက်ဆီးပြုခံရတာ ဖြစ်သလို တခြားတစ်ယောက်ကတော့ ဘာမှန်းမသိတဲ့အရည်တွေ အတင်းအဓ္ဓမ အတိုက်ခံရလို့ အသိစိတ် ကင်းလွတ်နေရင်း မဟားတရား ပြုခံရတာဖြစ်တယ်လို့ သိရပါတယ်။ အလိုမတူဘဲ ခန္ဓာရယူ၊ အနိုင်ကျင့်မှုတွေကို အမျိုးသမီးတွေကနေ အခုလို ပြောင်းပြန်ကျူးလွန်နေတာရဲ့ နောက်ဆက်တွဲအနေနဲ့ ရဲတပ်ဖွဲ့ကလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ထုတ်ဖော်အသိပေးပြီး အဲဒီဖြစ်ရပ်မတိုင်မီ တစ်ပတ်လောက်ကလည်း အိမ်နီးချင်း တောင်အာဖရိကနိုင်ငံမှာ အလားတူဖြစ်ရပ် ဖြစ်သွားခဲ့သေးတယ်လို့ သိရပါတယ်။
.
ဇင်ဘာဘွေနိုင်ငံရဲ့ ရဲမှူးကြီး Paul Nyathi ကတော့ “အလိုမတူဘဲ အမျိုးသမီးတွေရဲ့ အနိုင်ကျင့်ခံရတဲ့ အမျိုးသားနှစ်ဦးထဲမှာ အသက် ၃၇ နှစ်အရွယ် တစ်ဦးကတော့ မေ ၂၇ ရက်တုန်းက အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး ပါလာတဲ့ ကားတစ်စီးနဲ့ Harare မြို့မှာ ခေါ်တင်ခံခဲ့ရတာပါ၊ ကားထဲက အမျိုးသမီးက ပစ္စတိုလို့ ယူဆရတဲ့လက်နက်နဲ့ ချိန်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး ယာဉ်မောင်းက ကားကို လမ်းလွဲ တစ်ခုဆီ ကွေ့ပတ်မောင်းသွားခဲ့တာ ဖြစ်ပါတယ်” လို့ မှုခင်းဖြစ်ရပ် အခြေအနေနဲ့ ပတ်သက်ပြီး The Herald ကို အတည်ပြုပြောကြားခဲ့ပါတယ်။
Ref: Daily Mail

Post a Comment

 
Top