0

နေ့စဉ်ပုံမှန် ဆီးသွားလေ့ရှိသော်လည်း ဆီးဘယ်နှစ်ကြိမ်သွားမိလဲဆိုတာကိုတော့ အမှုမဲ့၊အမှတ်မဲ့ နေလေ့ရှိကြပါတယ် ။
ပုံမှန်အားဖြင့် အရည်များများသောက်လျှင် ဆီးမကြာခဏသွားပါတယ် ။ အဲ့ထဲကမှ အရက်နှင့်ကော်ဖီ သို့မဟုတ် အခြားဆီးအိမ်ပြဿနာရှိသူတွေက ပိုပြီးတော့ များများသွားလေ့ရှိပါတယ် ။ အချို့လူတွေဟာ ဆီးမအောင့်နိုင် ၊ ဆီးမထိန်းနိုင်တဲ့ ပြဿနာရှိပြီး အချို့တွေကတော့ အချိန်ကြာကြာထိ ဆီးမသွားဘဲ အောင့်ထားနိုင်ကြပါတယ် ။
ဒါဆိုရင် မကြာခဏ ဆီးသွားပေးသင့်လား?
ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဟုတ်ကဲ့..YES ပါ .။ တစ်နေ့လျှင် အရည် ၂လီတာခန့် သောက်သုံးတဲ့သူတွေဟာ မကြာခဏ ဆီးသွားတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရမှာပါ ။ နေ့စဉ် ၁၁ကြိမ် နှင့်အထက် သွားတတ်တဲ့ သူတွေပေါ့။ ဒါက ရိုးရှင်းပါတယ် ။ အရည်များများသောက်တဲ့အတွက် ဆီးများများသွားတဲ့ သဘောပါပဲ။
ဒီလိုမဟုတ်ဘဲ ဆီးအိမ်ပြဿနာကြောင့် ဆီးမထိန်းနိုင်ဘဲ မကြာခဏ ဆီးသွားပေးမှရတဲ့ သူမျိုးတွေလည်း ရှိပါတယ် ။ တတ်ကျွမ်းနားလည်သူ ဆရာဝန်တို့ရဲ့ ရှင်းပြချက်အရ ပုံမှန်အားဖြင့် လူတွေဟာ မိမိဆီးအိမ်ကို ထိန်းချုပ်လို့ ရပါတယ်တဲ့ ။ ဆီးကို ထိန်းထားလို့ရပါတယ် ။
ဆီးနဲ့ပတ်သတ်ပြီး သိသင့်၊သိထိုက်တဲ့ အခြေအနေများ
၁။ဆီးထိန်းထားတာ ၊ဆီးအောင့်ထားတာမျိုးဟာ အရမ်းကြီးဆိုးရွားတာတော့ မဟုတ်ပါဘူး ။ နာကြင်တဲ့ထိတော့ မအောင့်သင့်ဘူး။
၂။သို့သော်လည်း အမြဲတမ်း ဆီးအောင့်ထားတတ်တဲ့ အကျင့်ကတော့ ဆီးအိမ်နဲ့ပတ်သတ်တဲ့ ရောဂါပိုးတွေ ဝင်ရောက်ဖို့ အခွင့်များစေပါတယ်။
၃။ပုံမှန်အားဖြင့် ဆီးအရောင်ဟာ အဝါဘက်ကိုသွားတဲ့ အရောင်ဖြစ်ပါတယ် ။
၎။အစားအသောက်ကြောင့်လည်း ဆီးအရောင်ပြောင်းနိုင်ပါတယ် ။( ဥပမာ Blackberries လိုဟာမျိုးကို စားရင် ဆီးက ပန်းရောင်ဘက်ကို သန်းသွားပါတယ်။)
၅။ကညွတ်စားသုံးခြင်းက ဆီးနံ့ကို အနည်းငယ် ဆိုးရွားစေပါတယ်။
၆။ဆီးဟာ ၉၅% ရေသာဖြစ်ပါတယ်။
၇။ဆီးအရသာဟာ ချိုနေရင်တော့ ဆီးချိုရောဂါရဲ့ လက္ခဏာပါ။
၈။ဆီးတစ်ခါသွားချိန်ဟာ ပုံမှန်အားဖြင့် ၇စက္ကန့်သာဖြစ်ပါတယ် ။
၉။ ဆီးသွားချိန်ဟာ အသက်အရွယ်ကြီးတာနဲ့အမျှ အားနည်းသွားတတ်ပါတယ်။
၁၀။ အသက်အရွယ်နဲ့အမျှ ဆီးသွားတဲ့ အကြိမ်နှုန်းကတော့ များလာပါတယ် ။
လူကြီးများဟာ ညဘက်ကို အများအားဖြင့် ခဏခဏဆီးသွားလေ့ ရှိကြပါတယ် ။ ဒါ့ကြောင့် အိပ်ချိန်ကို မထိခိုက်စေဖို့ ညဘက်မှာ ရေအများကြီးသောက်ခြင်း ၊ အခြားအရည်သောက်ခြင်းမျိုးကို မလုပ်သင့်ပါဘူး။
CHAN (ရွှေအင်းလေး)

Post a Comment

 
Top