0

သြစတေးလျှနိုင်ငံဟာ အိန္ဒိယနဲ့ ပစိဖိတ် သမုဒ္ဒရာတွေ ၀န်းရံနေတဲ့တိုက်ကြီးပေါ်မှာ တည်ရှိပြီး၊ ပင်လယ်ရေပိုင်နက် အကျယ်ဆုံး နိုင်ငံတွေထဲမှာ တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ကျယ်ပြောတဲ့ ပင်လယ်ပြင်တွေထဲမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက သုတေသနလုပ်ငန်းတွေ အားသွန်ခွန်စိုက် ပြုလုပ်ခဲ့ပြီး၊ ထူးခြားမှုတွေလည်း တစ်ခြားနိုင်ငံတွေနဲ့ မတူညီစွာ တွေ့ခဲ့ရပါတယ်။

ဒီအထဲမှာ ငါးမျိုးစိတ်အသစ်တွေလည်း ပါဝင်ပြီး တစ်ချို့သော ငါးမျိုးစိတ်တွေဟာ အလွန်အလွန် ရှားပါးလွန်းသလို၊ တစ်ချို့ကတော့ မည်သည့် ငါးအမျိုးစားဖြစ်တယ်ဆိုတာကိုတောင် မသိရသေးပါဘူး။ ဒါကြောင့် တစ်ချို့ငါးတွေကို သူတို့ရဲ့ သွင်ပြင် လက္ခဏာကိုကြည့်ပြီး အဆင်ပြေသလို နာမည်ပေးလိုက်တာမျိုးတွေတောင် ရှိပါတယ်။ သြစတေးလျရေပိုင်နက်မှာ တွေ့ရှိရသမျှ ထူးဆန်းတဲ့ ငါးမျိုးစိတ်တွေကို  ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်နှာမဲ့ငါး


 မျက်နှာမဲ့ငါးကို နောက်ဆုံး ရှာဖွေတွေ့ရှိခဲ့ချိန်ကတော့ 1873 ခုနှစ် ဖြစ်ပါတယ်။ ဒီကြားထဲမှာ ယင်းငါးကို မည်သည့် သုတေသန ဌာနကမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိတော့ပါ။ နှစ်ပေါင်း 144 နှစ် ကြာမှ ဒီငါးကို သြစတေးလျှ သုတေသနအဖွဲ့က ပြန်လည် ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီအချက်ဟာ သြစတေးလျှအတွက်တော့ အလွန်ဂုဏ်ယူစရာပါဘဲ။

(၂) Cookie Cutter Shark


ပင်လယ်ရေမျက်နှာပြင်အောက် မီတာ 1000 အနက်မှာ ဖမ်းဆီးရမိခဲ့တဲ့ Cookie Cutter Shark လို့ အမည်ပေးထားတဲ့ ငါးမန်းမျိုးစိတ်ဝင် ငါးကလည်း တကယ့် ရှားပါး ငါးသတ္တ၀ါပါဘဲ။ အခြားနိုင်ငံတွေကလည်း ဒီငါးမျိုးကို ရှာဖွေတွေ့ရှိခဲ့ပေမယ့် သြစတေးလျှမှာ တွေ့ရှိတဲ့ ငါးက ကျောက်စိမ်းရောင်မျက်လုံးနဲ့ ပိုထူးခြားပါတယ်။

(၃) အနီရောင်ဆူးဂဏန်း


ဆူးဂဏန်းဆိုတဲ့အတိုင်း ခြေလက်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဆူးရှည်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ရန်သူတွေကို ကာကွယ်ဖို့ဖြစ်ပြီး၊ အနီရောင်တောက်တောက်ဖြစ်ပါတယ်။ အခြားဆူးပါဂဏန်းတွေနဲ့လည်း ခန္ဓာကိုယ် ဖွဲ့စည်းပုံချင်း တူညီမှု မရှိပါဘူး။

(၄) Peanut Worms


ပင်လယ်မြေပဲတီကောင်ကလည်း ထူးဆန်းပါတယ်။ သူရဲ့ ခန္ဓာကိုယ်အကွက်ငယ် သေးသေးလေးတွေက မြေပဲသီးနဲ့တူလို့ ဒီနာမည်ပေးခဲ့တာပါ။ တစ်ချို့ကတော့ အမျိုးသားလိင်အင်္ဂါနဲ့ ပိုတူတယ်လို့ ဆိုကြပါတယ်။ ရှားပါးရေသတ္တ၀ါဖြစ်ပြီး၊ ပင်လယ်မျှော့မျိုးစိတ်လည်း မဟုတ်ဖူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

(၅) Dumbo Octopus


သေးငယ်တဲ့ ရေဘ၀ဲမျိုးစိတ်ဝင် Dumbo Octopus ကိုတော့ ကာတွန်းဇာတ်ကောင်လေး Runbo နဲ့ တူလို့ ပေးခဲ့ပါတယ်။ ရေယက်အဖြစ် အသုံးပြုတဲ့ ရေယက်တွေဟာ ကာတွန်း Dumbo မှာပါတဲ့ နားရွက်ဖားဖားလေးတွေနဲ့ တူညီနေလို့ ဒီနာမည်ပေးထားတာလို့ သိရပါတယ်။

(၆) Zombie Worms


ပင်လယ်ကြမ်းပြင်အောက်မှာ နစ်မြှုပ်နေတဲ့ ဝေလငါးအသေကောင်ကို ဆယ်ယူစဉ် အရိုးထဲမှာ ခိုအောင်းလိုက်ပါလာတဲ့ Zombie Worms ကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြှီးခွဲလေးတွေ ပါဝင်ပြီး၊ ပင်လယ်မျှော့နဲ့ ခန္ဓာကိုယ်က ဆင်တူပါတယ်။

(၇) Dragonfish


(၈) Red Coffinfish


(၉) Sea Pig


(၁၀) Flesh Eating Crustacean



source : thesun.co.uk

Post a Comment

 
Top