0

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဂရင်းဖဲလ်တာဝါကြီးလာင်မှုမှာ လူအနည်းဆုံး ၅၈ ယောက် သေဆုံးခဲ့တယ်လို့ ရဲက ဇွန် ၁၇ ရက်နေ့မှာ ပြောပါတယ်။
တကယ်လို့ သေဆုံးသူ အရေအတွက်ကို အတည်ပြုနိုင်ခဲ့ရင် ဂရန်းဖဲလ်တာဝါ မီးလောင်မှုဟာ ဒုတိယကမ္ဘာစစ်အပြီး လန်ဒန်မှာ လူသေမှု အများဆုံး ဖြစ်ရပ် ဖြစ်လာမှာပါ။
သေဆုံးသူ အရေအတွက် အပြောင်းအလဲ ရှိနိုင်တယ်လို့ လန်ဒန် ရဲအရာရှိကြီး စတူးအတ် ကန်ဒီက သတင်းထောက်တွေကို ပြောပါတယ်။
ဝန်ကြီးချုပ် ထရေဆာမေက ဒေသခံတွေဆီ သွားရောက် အားပေးနေချိန် ဆန္ဒပြသူတွေက သူ့ကို လှောင်ပြောင် သရော်ခဲ့ပါတယ်။
မေကတော့ မီးလောင်မှုကြောင့် ဖြစ်တဲ့ ဒေါသတွေ ဖြေဖျောက်ကြဖို့ တိုက်တွန်းပြီး အစိုးရက မီးဘေးသင့်တွေကို ထောက်ပံ့မယ်လို့ ကတိပေးခဲ့ပါတယ်။
မီးဘေးတုံ့ပြန်ရေးအတွက် ဇွန ၁၇ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးကို မေက ကြီးမှူး ကျင်းပပါတယ်။ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်ရုံးမှာ မီးဘေးသင့်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး ရဲနဲ့ မီးသတ်ဌာနတွေက စုံစမ်းစစ်ဆေးနေပြီး အများပြည်သူ စုံစမ်းမေးမြန်းနိုင်တဲ့ ဌာနကိုလည်း တည်ထောင်မယ်လို့ သူက ကတိပြုခဲ့ပါတယ်။

Post a Comment

 
Top