0



ဆယ်လီနာဂိုးမက်စ်ဟာ သူမရဲ့သီချင်းဗီဒီယို Bad Liar ထဲမှာ နှုတ်ခမ်းမွေးကားကားနဲ့ ယောက်ျားတစ်ဦးနဲ့ ပုံစံကွဲပြားတဲ့ မိန်းကလေး ၃ ယောက်နေရာမှာ သရုပ်ဆောင်ထားပြီး သူမရဲ့သီချင်းဗီဒီယိုကိုလည်း ၁၉၇၀ ပြည့်နှစ်များက ပုံစံအတိုင်း ပြုလုပ်ထားပါတယ်။ ဆယ်လီနာရဲ့ တမူထူးခြားတဲ့ သီချင်းဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်တယ်နော်။
ဆယ်လီနာဂိုးမက်စ်ဟာ ဇွန်လ ၁၄ ရက်နေ့မှာ သူမရဲ့နောက်ဆုံးထွက် သီချင်းဖြစ်တဲ့ Bad Liar ရဲ့ သီချင်းဗီဒီယိုကို ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
သုံးပွင့်ဆိုင်အချစ်ထဲမှာ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးပါအဝင် စုစုပေါင်း စရိုက် ၄ မျိုးနဲ့ ဆယ်လီနာကို မြင်တွေ့ရ့ါတယ်။
ဗီဒီယိုကို ဆယ်လီနာဟာ ငယ်ရွယ်တဲ့ ကျောင်းသူလေးတစ်ဦး စက်ဘီးလေးစီးပြီး ကျောင်းသွားတဲ့ ပုံစံလေးနဲ့ စတင်ထားပါတယ်။
play

အဲဒီနောက် ဆက်စီကျကျ နှုတ်ခမ်းမွေးကားကားနဲ့ ကျောင်းဆရာ (ဆယ်လီနာသရုပ်ဆောင်ထားပါတယ်) က ရွှေအိုရောင်ဆံကေသာပိုင်ရှင်မလေး (ဆယ်လီနာပါပဲ) တစ်ယောက်နဲ့ ရယ်မောပျော်ရွှင်နေတာကို ကျောင်းသူမလေး ဆယ်လီနာက တွေ့ရှိလိုက်ပါတယ်။
play

အဲဒီနောက် ရွှေအိုရောင်ဆံကေသာပိုင်ရှင်မလေးက သူမရဲ့ အားကစားဆရာမဖြစ်နေတာကို မြင်တွေ့ရပြန်ပါတယ်။ ကျောင်းသူမလေး ဆယ်လီနာဟာ အိမ်ပြန်သွားချိန်မှာတော့ နှုတ်ခမ်းမွေးနဲ့ ကျောင်းဆရာက သူမရဲ့ဖခင်ဖြစ်နေပြီး ထမင်းစားခန်းထဲမှာ သူမရဲ့မိခင် (ဆယ်လီနာပဲ သရုပ်ဆောင်ထားတာပါ) နဲ့အတူ ထိုင်နေပါတယ်။
play

အခန်းထဲရောက်တော့ ကျောင်းသူမလေးက "I'm tryin'/Not to think about you,” လို့ သီဆိုပြီး ကခုန်နေပါတယ်။ နောက်ပြီး သူမဟာ အားကစားဆရာမလေးရဲ့ ဓာတ်ပုံကိုလည်း ထုတ်ကြည့်နေပြန်ပါတယ်။ အဖေနဲ့ သမီးက အမျိုးသမီးတစ်ဦးတည်းကို အတူသဘောကျမိတာလား။ ဘယ်လိုအဓိပ္ပာယ်လဲတော့ မသိပါဘူး။ Duwun ပရိသတ်ကြီး ကိုယ်တိုင် ခံစားကြည့်ရှုလိုက်ပါဦး။
play

Source: us magazine

Post a Comment

 
Top