0
ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ လန်ဒန်မြို့ ဂရန်းဖဲလ်တာဝါမီးလောင်မှုအပြီးမှာ ကယ်ဆယ်ရေးသမားတွေ အဆောက်ဦအတွင်းကို ၀င်ရောက်ကာ ရှင်းလင်းရေးများ ဆောင်ရွက်စဉ် အခန်းတစ်ခုထဲမှာ လူပေါင်း 42 ဦးရဲ့ အလောင်းတွေကို တစ်စုတစ်စည်းတဲ့ တွေ့ခဲ့ရတယ်လို့ ကယ်ဆယ်ရေးမှာ မပါဝင်တဲ့အမျိုးသားတစ်ဦးက အတည်ပြုခဲ့ပါတယ်။

သူရဲ့ အတည်ပြုချက် ဗွီဒီယိုဖိုင်ဟာ YouTube ပေါ်အထိ ရောက်ရှိခဲ့ပြီး၊ အဆိုပါ ဗွီဒီယိုဖိုင်ထဲမှာ သူက ” ကျနော့်သူငယ်ချင်းက မီးသတ်ဌာနက ၀န်ထမ်းတစ်ယောက်ပါ .. မနေ့က သူ ကျနော့်ကို ဖုန်းဆက်ပြီး အခန်းတစ်ခုတည်းမှာ အလောင်း 42 လောင်းကို တစ်စုတစ်စည်းတည်း တွေ့ခဲ့ရတယ်လို့ ပြောပါတယ် “လို့ ဖွင့်ဟခဲ့ပါတယ်

တာဝါမီးလောင်မှုမှာ သေဆုံးမှုမှတ်တမ်း စာရင်းတင် လူဦးရေဟာ 75 ဦးဖြစ်ပြီး၊ အရေအတွက်အားဖြင့် 100 ကျော်လောက် ရှိမယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ ဆက်သွယ်လို့မရတဲ့ လူ ရာနဲ့ချီရှိနေပြီး၊ အများစုကတော့ သေဆုံးပြီလို့ ယူဆမှုတွေ ရှိနေခဲ့ပါတယ်။

ဒါပေမယ့် ယခု လူ အခန်းတစ်ခုတည်းမှာ 42 ဦးရဲ့အလောင်းများ တွေ့ရှိသည်ဆိုတဲ့ သတင်းကိုတော့ သက်ဆိုင်ရာက အတည်ပြုခြင်း မရှိပါဘူး။ နီးစပ်သူတွေကတော့ ဒီသတင်းဟာ အမှန်ဖြစ်ပြီး၊ 42 ဦး မဟုတ်ပဲ 41 ဦးလို့ ဆိုနေသူတွေ ရှိပါတယ်။

souruce : metro.co.uk

Post a Comment

 
Top