လပွတ္တာမြို့နယ်ရှိ YGW ပရဟိတ မိဘမဲ့ကျောင်းတွင် ကလေးငယ်များ ညှဉ်းပန်း နှိပ်စက်ခံရမှုအပေါ် ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက ပြောသည်။
လပွတ္တာမြို့နယ် အပြင်ရေ ဆိုင်ကျေးရွာအုပ်စုရှိ YGW ပရဟိတမိဘမဲ့ကျောင်းတွင် ကလေး ငယ်များ ညှဉ်းပန်းနှိပ်စက်ခံရမှု သတင်းထွက်ပေါ်လာပြီးနောက် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန် ထမ်းဦးစီးဌာနက သွားရောက်စစ် ဆေးခဲ့ကာ ဖြစ်စဉ်မှန်ကန်မှုရှိ ကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောကြားသည်။
အဆိုပါ YGW ပရဟိတမိဘ မဲ့ဂေဟာကို သက်တော် (၃၀)နှစ် ဝန်းကျင် သံဃာတော်လေးပါးက ဦးဆောင်ဖွင့်လှစ်ထားကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးထွန်းလှက ပြောပြီး ကလေးငယ်များနှိပ်စက်ညှဉ်းပန်း ခံနေရသည်ဆိုသော သတင်းမှာ ပြည်သူလူထုနှင့် ပရဟိတအဖွဲ့ များအကြား ဝေဖန်မှုများ ပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေသည်။
ထွက်ပေါ်နေသော သတင်း များအရ သံဃာတော်များက နေ အိမ်ပြန်လိုသော ကလေး ၁၅ ဦးခန့် ကို ကြိမ်လုံးဖြင့် ရိုက်နှက်ပြီး ကလေးတစ်ဦး၏မိခင်ကိုလည်း ယင်းကလေးကိုယ်စား ရိုက်နှက်ခဲ့ ၍ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ ကြောင်း ရဲတပ်ဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံ များထံမှ သတင်းရရှိသည်။
ရိုက်နှက်ခံရသူများအနက် ဒဏ်ရာရရှိခဲ့သော ကလေးမိခင် တစ်ဦးနှင့် ကလေး လေးဦးကို ရဲ တပ်ဖွဲ့က ဆေးရုံသို့ တင်ပို့ကုသ ထားသည်။
ဧရာဝတီတိုင်းဒေသကြီး လူ မှုရေးဝန်ကြီး ဒေါက်တာလှမြတ် သွေးက ‘‘လူမှုဝန်ထမ်းကနေ စိ စစ်မှုပြီးသွားပါပြီ။ အုပ်ချုပ်ရေး ပိုင်းကတော့ စုံစမ်းစစ်ဆေးဆဲဖြစ် ပါတယ်။ နောက်တစ်ချက်က ဘာသာရေးနဲ့ဆိုင်နေတဲ့အတွက် တိုင်းသာသနာရေးကနေတစ်ဆင့် ဆက်ပြီး စုံစမ်းစစ်ဆေးနေပါ တယ်’’ဟု ပြောသည်။
ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး နေကာ အရိုက်ခံရသော ကလေး ငယ်အချို့၏ ဒဏ်ရာများအတွက် ဆေးစာရေးပေးထားပြီး ကာယကံရှင် မိဘများအနေဖြင့် အမှုဖွင့် လိုပါက အမှုဖွင့်ပေးမည်ဟု အသိပေးထားကြောင်း လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်ဌေး က ပြောကြားသည်။
အဝါရောင်မျိုးဆက်လူငယ် ပရဟိတအသင်း (Yellow Gene-ration Wave) အမည်ဖြင့် ရှိနေ သော YGW ပရဟိတမိဘမဲ့ ကျောင်းများသည် မြန်မာနိုင်ငံအ နှံ့ မြို့အချို့တွင် ၁၇ ကျောင်းရှိနေ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။ ယခုအခါ စုံစမ်းစစ်ဆေးခံနေရ သော ဓနုဖြူမြို့နယ်ရှိ YGW ပရ ဟိတ မိဘမဲ့ကျောင်းတွင် အမှန် တကယ် မိဘမဲ့ကလေးများရှိနေ သကဲ့သို့ မိဘမဲ့မဟုတ်သော ကလေးများလည်း ရှိနေကြောင်း ဒေသတွင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။ ယင်း ကျောင်းသို့ ဆက်သွယ်ရန် ကြိုး စားခဲ့သော်လည်း ဆက်သွယ် မရခဲ့ပေ။ လက်ရှိတွင် အဆိုပါ ဂေဟာ၌ ကလေးဦးရေ ၁၀၀ ခန့် ခိုလှုံနေကြောင်း ရဲမှူးတင်မောင် ဌေးက ပြောကြားသည်။
 
Top