မိုင်လေဆိုင်းရပ်စ်ဟာ wrecking ball  မှာ ကိုယ်လုံးတီးချွတ်ပြီး သရုပ်ဆောင်ခဲ့တဲ့ အပြုအမူကို အခုချိန်မှာ နောင်တရကြောင်းပြောဆိုခဲ့ပါတယ်။wrecking ball သီချင်းဟာ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး မိုင်လေဆိုင်းရပ်စ်ကို ဘူဒိုဇာရဲ့ wrecking ball  တစ်လုံးပေါ်မှာ အ၀တ်အစားမပါပဲ သရုပ်ဆောင်ခဲ့တာကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။
Zach Sang Show နဲ့ အင်တာဗျုးမှာ မိုင်လေဆိုင်းရပ်စ် နောင်တရတဲ့ သီချင်းတစ်ပုဒ်ကို ပြောပြပါလို့ မေးမြန်းခဲ့ရာမှာ ” ကျွန်မကို ခုအချိန် နှိပ်စက်နေတာကတော့ wrecking ball  သီချင်းပါပဲ။ဘ၀မှာ ပြန်ပြင်လို့မရတဲ့ ကိစ္စတွေရှိပါတယ်။ဥပမာ wrecking ball တစ်ခုမှာ ကိုယ်လုံးတီး သရုပ်ဆောင်ခဲ့တာမျိုးက သေရာပါ မဲ့ လုပ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။သင်တစ်ခါလောက်လုပ်လိုက်တာနဲ့ သင့်နောက်ကို ထာဝရပါသွားလေ့ရှိပါတယ်။ဒါပေမဲ့ ကျွန်မဟာ wrecking ball တစ်ခုပေါ်က ကိုယ်လုံးတီး မိန်းကလေးတစ်ယောက်ပဲ ဆက်ဖြစ်နေဦးမှာပါ။ဒါပေမဲ့ တစ်ခါတလေကျတော့လည်း ဒီအရိပ်ကြီး က ကျွန်မ နောက်ကို ဘယ်အချိန်ထိ ဆက်လိုက်နေမှာလဲဆိုပြီး ကျွန်မ တွေးမိပါတယ်။ ” လို့ မိုင်လေဆိုင်းရပ်စ်က ပြောဆိုခဲ့ပါတယ်။

မိုင်လေဆိုင်းရပ်စ်ဟာ သူမရဲ့ သီချင်းသစ်ဖြစ်တဲ့ Malibu မှာတေ့ အ၀တ်အစားအပြည့်အစုံဝတ်ပြီး သရုပ်ဆောင်ထားတာကိုတွေ့ရနိုင်ပါတယ်။
Wrecking Ball ဟာ မိုင်လေဆိုင်းရပ်စ်ရဲ့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ် ” Bangerz ” မှာပါဝင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ထိုအချိန်မှာလည်း မိုင်လေဟာ ၂၀၁၃ ခုနှစ် MTV VMAs ဖျော်ဖြေရေးပွဲတော်မှာ Robin Thicke  ရဲ့ ရှေ့မှာအမြင်မတော်ဖွယ်ရာသရုပ်ဆောင်ခဲ့လို့ ဝေဖန်ခံခဲ့ရပါသေးတယ်။မိုင်လေဟာ လက်ရှိအချိန်မှာ Country Album တစ်ခုအတွက်ပြင်ဆင်နေပြီး ထို Album ကြောင့် လူထုရှေ့မှာ Cow- Boy ဦးထုတ်ဆောင်းကာ ပွဲထွက်နေလျက်ရှိပါတယ်။

Wrecking Ball သီချင်းအား ကြည့်ရှုရန်



Ref : Metro
 
Top