လုလုအောင် ရဲ့ ဖက်ရှင်နဲ့ Shopping အလေ့အထ

ဖက်ရှင်ဆိုရင်တော့ အခုတော့ မြန်မာပြည်မှာလည်း ရွေးချယ်စရာ တော်တော်များများရနိုင်ပြီပေါ့နော်။ ပုံမှန်ထသွားထလာဆိုရင်တော့ ရှပ်အကျီတို့၊ ဘောင်းဘီတိုတို့၊ ဂျင်းဘောင်းဘီတို့၊ တီရှပ်တို့လောက်ပဲ ဝတ်ဖြစ်ပါတယ်။ ပွဲတွေ ဘာတွေဆိုရင်တော့ Mango ကလည်း Sponsor ပေးတယ်။ ပြီးရင် Alitta ဆိုတဲ့ Singapore brand ကလည်း Sponsor ပေးထားတော့ ပွဲတက်တွေ အတွက် ဝတ်ဖြစ်တယ်။ သူငယ်ချင်း ကချင်ဒီဇိုင်နာတွေများတော့ သူတို့ဆီကလည်း ဝတ်တယ်။
လုအနေနဲ့ဆိုရင်တော့  ရိုးရှင်းတဲ့ ပုံစံတွေကို ကြိုက်တယ်။ ရိုးရှင်းတဲ့ ပုံစံဆိုတာ ရှပ်အကျီတို့၊ ဘောင်းဘီတို့၊ တီရှပ်တို့၊ ဘောင်းဘီရှည်၊ ဘောင်းဘီတို၊ ဂါဝန်ဆိုရင်လည်း တစ်ဆက်တည်း ဂါဝန်လေးတွေ ကြိုက်တယ်၊ လွတ်လွတ်လပ်လပ်ပုံစံလေးတွေ ကြိုက်တယ်။ Shopping ကတော့ အဆင်ပြေသလိုပေါ့၊ ရောက်တဲ့ နေရာမှာ ကြိုက်လို့ရှိရင် ဝယ်လိုက်တာပါပဲ။




 
Top