စွန့်စားခန်းတွေကို ကိုယ်တိုင်သရုပ်ဆောင်တယ်လို့ နာမည်ကြီးလှတဲ့ ဟောလိဝုဒ်မင်းသား တွမ်ခရုစ်ဟာ Mission Impossible 6 ထဲမှာ သူတခါမှမလုပ်ဖူးသေးတဲ့ အခက်ခဲဆုံး စတန့်တွေ လုပ်သွားမယ်လို့ သိရပါတယ်။
 

 ပါရီမြို့မှာပြုလုပ်တဲ့ အသက် ၅၄ နှစ်အရွယ် တွမ်ခရုစ်ရဲ့ရိုက်ကွင်းကို ပြင်သစ်ယဉ်ကျေးမှုဝန်ကြီး Audrey Azoulay က လာရောက်အားပေးတာကို မြင်တွေ့ရပါတယ်။ တွမ်ခရုစ်ဟာ ပါရီမြိဲု့ရဲ့လမ်းတွေပေါ်မှာ လူစားထိုးအသုံးပြုခြင်းမရှိဘဲ ကိုယ်တိုင် ရိုက်ကူးနေတာဖြစ်တဲ့အတွက် သူ့ရဲ့ရိုက်ကွင်းကလည်း တကယ့်ကို စိတ်ဝင်စားစရာပါပဲ။
Mission Impossible 6 ရဲ့ ဇာတ်လမ်းဇာတ်ကွက်ကို လုံးဝလျှို့ဝှက်ထားပေမဲ့ ဒီကားဟာ တွမ်ခရုစ်ရဲ့ဇာတ်လမ်းတွဲတွေထဲမှာ အကောင်းဆုံးစတန့်တွေ ပါဝင်လိမ့်မယ်လို့  Skydance Media CEO David Ellison က ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
 

ဒီဇာတ်ကားမှာ တွမ်ခရုစ်ဟာ အသက်ကို ၆ မိနစ်အောင့်နိုင်အောင် လေ့ကျင့်ထားတယ်လို့ သိရပါတယ်။
"ပုံမှန်အားဖြင့် ရေအောက်မှာဆိုရင် လူတွေက ၁၀ စက္ကန့် အသက်ရှူအောင့်ထားနိုင်တယ်။ အလွန်ဆုံး ၁၅ စက္ကန့်ပဲ" လို့ ခရုစ်က ရှင်းပြခဲ့ပါတယ်။
 

တွမ်ခရုစ်ဟာ ရိုက်ကွင်းမရှိချိန်မှာတော့ တော်ဝင်မိသားစုဝင်တွေနဲ့ အတူသွားလာဖြစ်တာကို တွေ့ရပါတယ်။ မတ်လတုန်းက ဘက်ကင်ဟန်နန်းတော်မှာ Outward Bound Trust ရဲ့ ၇၅ နှစ်မြောက်ပွဲကိုတက်ရင်း ဗြိတိန်တော်ဝင်မင်းသား ဖီးလစ်နဲ့ စကားလက်ဆုံကျနေခဲ့တဲ့ တွမ်ခရုစ်ကို မြင်တွေ့ခဲ့ရပါတယ်။
တွမ်ခရုစ်ဟာ အိမ်ထောင် ၃ ဆက် ကျခဲ့ဖူးပြီး ဇနီး သုံးယောက်စလုံးကလည်း မင်းသမီးတွေချည်းပါပဲ။ မီမီရော့ဂျာနဲ့ ၁၉၈၇ ကနေ ၁၉၉၀ အထိ လက်ထပ်ပေါင်းသင်းခဲ့ကာ ၁၉၉၀ ခုနှစ်ကနေ ၂၀၀၁ အထိ နီကိုးကစ်မင်း၊ ၂၀၀၆ ကနေ ၂၀၁၂ အထိ ကေတီဟုမ်းစ်တို့နဲ့ လက်ထပ်ခဲ့ဖူးပါတယ်။


ပါရီမြို့မှာပြုလုပ်နေတဲ့ Mission Impossible 6 ရိုက်ကွင်း
 
Top