ဂျပန်တော်ဝင်မင်းသမီးလေး Mako ဟာ အချစ်ကြောင့် သူမရဲ့ တော်ဝင်မင်း သမီး ဘ၀ကို စွန့်လွှတ်ပြီး သာမန်အရပ်သူဘ၀ကို ခံယူတော့မယ်လို့ သိရပါ တယ်။မင်းသမီးလေးရဲ့ နှလုံးသားကို သိမ်းပိုက်ခဲ့သူကတော့ ကမ်းခြေမှာ ဧည့် လမ်းညွှန်အလုပ်ကို လုပ်နေတဲ့ အမျိုးသားပါ။သူတို့နှစ်ဦးဟာ စားသောက်ဆိုင် တစ်ဆိုင်မှာ ဆုံခဲ့ကြတာပါ။ဂျပန်တော်ဝင်မိသားစုရဲ့စည်းကမ်းအရ အရပ်သား တစ်ယောက်နဲ့လက်ထပ်ခဲ့ရင် တော်ဝင်မိသားစုထဲကနေ ထွက်ပေးရပါတယ်။

Princess Mako ဟာဂျပန်ဧကရာဇ်ရဲ့ မြေးမလေးပါ။သူမရဲ့ ချစ်သူကတော့ Kei Komuro ဖြစ်ပြီး၊ဧည့်လမ်းညွှန်တဲ့ အလုပ်တင်မကပဲ စကိတ်စီး၊တေ ယာ ထိုး၊အချက်အပြုတ်တွေကိုပါ ကျွမ်းကျင်သူလို့ သိရပါတယ်။တိုကျိုက Intern ational Christian တက္ကသိုလ်မှာတက်ခဲ့ဖူးပါတယ်။Princess Mako ဟာအသက်(၂၅)ဖြစ်ပြီး အဲ့ဒီတက္ကသိုလ်ကပဲ ဘွဲ့ရထားသူပါ။သူတို့နှစ်ဦးဟာ အတန်းဖော်တွေ ဖြစ်ခဲ့ဖူးပါတယ်။ဒီအမျိုး သားနဲ့ လက်ထပ်ပြီးရင်တော့ တော်ဝင်စည်းကမ်းအရ သာမန်အရပ်သူဘ၀ကို ရောက် သွားမှာပါ။သူတို့စုံတွဲ ဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က တိုကျိုမှာရှိတဲ့ Shibuya စားသောက်ဆိုင်မှာ တွေ့ခဲ့တာပါ။Komuro ဟာ ‘Prince of the Sea’ ဆိုတဲ့ Kanagawa စီရင်စု၊ Shonan ဒေသမှာရှိတဲ့ ကမ်းခြေတွေမှာ ခရီးသွားလုပ် ငန်း တိုးတက်ေ စဖို့ ဆောင်ရွက်တဲ့ အစီအစဉ်မှာ ပါဝင်အလုပ်လုပ်ကိုင် ပေးခဲ့သူပါ။

ဂျပန်ရဲ့ တော်ဝင်ထုံးစံစည်းမျဉ်းအရ မိန်းကလေးကို ထီးနန်းလွှဲတယ်ဆိုတာမျိုး မရှိပါဘူး။မင်းသမီးကတော့ ခင်ပွန်းလောင်းကို တော်ဝင်မိသား စုနဲ့ မိတ်ဆက်ေ ပးခဲ့ကာ တော်ဝင်မိသားစုဘက်ကလည်း လက်ခံပေးခဲ့တယ်လို့ သိရပါတယ်။ အရင်ဆုံးစေ့စပ်ပြီးမှ လက်ထပ်မယ့်ရက်ကို ရွေးကြမှာပါ။ဂျပန်နဲ့ဗြိတိန်တော်ဝ င်မိသားစုတွေကြားက မတူတဲ့ အချက်တွေအများကြီးပါ။ဘုရင်မ မတင်မြှောက် တာ ဗြိတိန်မှာဆိုရင် တော်ဝင်မျိုးနွယ်တွေဟာ လူတွေရှေ့မှာ မကြာခဏ ထွက်ပြပေမယ့်၊ဂျပန်မှာတော့ အရေးကြီးတဲ့ အခမ်းအနားတွေက လွဲရင် လူရှေ့ ထွ က်ပြတာမျိုး မလုပ်ကြပါဘူး။

Princess Makoဟာ လက်ရှိမှာတော့ တိုကျိုတက္ကသို လ်ရဲ့ ပြတိုက်မှာ သုတေသီတစ်သီး အဖြစ် အလုပ်လုပ်ကိုင်နေပါတယ်။ တော်ဝင်မင်းသမီးနဲ့ အရပ်သားတို့ရဲ့ ချစ်ဇာတ်လမ်းနဲ့ပတ်သက်ပြီး တစ်ချို့ကတော့ ကောင်းချီးေ ပး ကြပေမယ့် တစ်ချို့ကတော့ ဒီလိုတွေသာဆိုရင် တော်ဝင်မိသားစုရဲ့ အနာဂါတ် ဘယ်လိုဖြစ်လာမလဲဆိုပြီး တွေးပူနေ ကြပါ တယ်။Princess Mako လက် ထပ်ပြီးလို့ တော်ဝင်မိသားစုက ထွက်သွား တဲ့ အချိန်ကျရင် တော်ဝင်မိ သားစု ဦးရေဟာ (၁၈)၊အမျိုးသမီးမိသားစုဝင်ဦးရေ ကတော့ (၁၃)ယောက် သာ ကျန်ခဲ့တော့မယ်လို့ သိရပါတယ်။
 
Top