0

 

 Laptop ၀ယ်မယ်ဆိုရင်


Laptop အမျိုးအစားတွေကတော့များကြီးပါပဲ.....ဒီကြားထဲမှာမှသူ့အမျိုးအစားနဲ့သူ qualityကွာသွားတာတွေရှိ ပါတယ်.......ဘာအမျိုးအစားတွေလဲဆိုတာတော့အောက်မှာကြည့်ရအောင်.........

-Acer
-Asus
-eMachines
-HP
-Lenovo
-Samsung
-Sony
-Dell
-Toshiba
သူအမျိုးအစားနဲ့သူ ပါးတာထူတာတွေ heat ခံနိုင်တာတွေ မခံနိုင်တာတွေ ရှိပါတယ်.......

ဘာလို့လည်းဆိုတော့အသုံးပြုရတာလည်းမာတယ်ပြောလောက်အောင်လည်းသိပ်မထူး ဘူးနော်....... အများအားဖြင့်တော့ ထူတဲ့အမျိုးအစားတွေက heat တက်တာများပါတယ်.....ကျန်တဲ့အမျိုးအစား တွေဖြစ်တဲ့ eMachines,HP,Samsung သူတို့ ကတော့သုံးရတာတော့ မာပါတယ်.....ဒါပေမယ့် heat တော့တက် တယ် .နောက်ဆုံးအမျိုးအစားဖြစ်တဲ့ စူပါစတား sonyကတော့အကောင်းဆုံးပေါ့ဗျာ...ဈေးကလည်း သူများတွေ ထက် သာတယ်........Toshiba ကလည်း heat တက်တယ် အကြမ်းမခံပြန်ဘူးဗျ ဒီဇိုင်းလေးကတော့ လှတယ်......

 မြန်မာပြည်မှာအသုံးများတာတွေကတော့ Lenovo,,Acer,Asus,Dell တွေပဲ......ဒီတော့နယ်သားရေ မြန်မာပြည်မှာမှာသုံးမယ် ဆိုရင်တော့ သူဒေသနဲ့လိုက်မယ့် အမျိုးအစားပဲဝယ်ရင်ကောင်းမယ်လို့ အကြံပေးချင်ပါတယ်.......ကွန်ပျူတာ ၀ယ်တော့မယ်ဆိုရင် လက်တော့ပဲဖြစ်ဖြစ်destop ပဲဖြစ်ဖြစ် hardware ပိုင်း မှာ တစ်ခုနဲ့တစ်ခု ကိုက်ညီဖို့အရေးကြီးပါတယ်.....

ကျွန်တော်ကတော့ Processor,System Memory,Graphics အဲ့ (3) ခုကိုတော့ စိတ်ကြိုက်ရွေးပါ တယ်...... ကျန်တဲ့ Hard Drive , Media Card Reader တို့ဆိုတာက တော့ အရန်သဘောလောက်ပဲ သဘော ထားပါတယ်.......။ အောက်က နမူနာ Specification လေးကို ကြည့်ပေးပါ

Specifications
• 2.2GHz Intel Pentium Dual Core T4400 Processor (1MB cache, 800MHz FSB)
• 4GB System Memory
• Media Card Reader
• 10/100 Ethernet
• Wireless 802.11 b/g Card
• 320GB Hard Drive
• DVD/CD±R/RW Optical Drive - Plays and creates CDs and DVDs
• 15.6" Display
• Integrated Intel 4500 MHD Media Accelerator Graphics
• Built-in 1.3MP webcam
• Windows 7 Home Premium Operating System (64-bit)
• 6-cell Battery
• High Definition Audio 2.0

အပေါ်ဆုံးမှာက 2.2GHz Intel Pentium Dual Core T4400 Processor (1MB cache, 800MHz FSB) လို့ေ၇း ထားတာက cpu speed ပါ။external cpu processor speed and internal processor speed ရှိပြီးသား ဆိုတာ ကိုသိပြီးသားလောက်တွေပါ။2.2GHz ဆိုတာက processor တစ်လုံးခု ဝင်းဒိုးသုံးတယ် ဖိုင်လ်တွေဖွင့်မယ် os system ပိုင်းတွေနဲ့ ရုံးသုံးတွေ ဖြစ်တဲ့ Microsoft word တွေစာစီစာရိုက်မယ် ဆိုတဲ့ ဝင်းဒိုး os system တွေရဲ့ အနှေးအမြန် application softwares များ download လုပ်မယ်။Installation လုပ်သုံးမယ် အဲ့လိုလုပ်ဆောင် မှုတွေ က internal speed 2.2ghz နဲ့လုပ်ဆောင်တာပါ။

External speed ဆိုတာက မမြင်ရတဲ့ cpu က hardware ပိုင်းပစ္စည်းတွေနဲ့ အပို့အယူလုပ်မယ် data transfer လုပ်မယ်။ဥပမာ ဆိုရလျှင် cpu နဲ့ ram နဲ့ကြားမှာ s1 and s2 လို့ခေါ်တဲ့အကူ cache သိုလှောင်ငှာနတစ်ခုရှိပါ တယ်။အဲ့လို cache ကိုပို့ဆောင်ကူပြောင်း data tarnsfers လုပ်တာက external cpu speed ပါ။A++ ဦးဇော်လင်းစာအုပ် မှာရေးထားပါတယ်။T4400 ဆိုတာက series သတ်မှတ်ချက်ပါ။ထုတ်လုပ်လိုက်တဲ့ series လိုက်၇ှိပါတယ်။ဥပမာ ဆိုပါတော့ T4400 ရှေ့မှာက T3300 series ရှိရင်လည်းရှိမှာပေါ့ မပြောတက်ဘူးလေ။1MB cache ဆိုတာက အပေါ်ကကျွှန်တော်ပြောတဲ့ s1 s2 cache ဆိုတာက။Ram and cpu ကြားမှာ သိုလှောင်ငှာနတစ်ခုပဲလေ။

ဒီကောင်က S ram လို့ခေါ်တယ်။ပြောချင်တာက ram ကမီးပျက်ရင် data and information လုပ်ဆောင်တာ ပျက်ပါတယ်။ဒီကောင်က မပျက်ပါဘူး။800MHz ဆိုတာက ခုနက s1 သို့ s2 ရဲ့ speed ပါ။Cpu နည်းတူ Mhz မီဂါဟက်လို့ သတ်မှတ်ပါတယ်။အပေါ်က ပြောသလိုပဲ FSB ဆိုတာက external processor speed ပါ။နောက် တစ်ချက်က proessor က intel company ကထုတ်တဲ့ Pentium ပင်တီယံ series က dual core ပါ။2.2 ghz dual core ဆိုတော့ processor internal speed ကိုသတ်မှတ် မယ်ဆိုလျှင် 4.4 ghz လို့သတ်မှတ်၇ပါတယ်။
ဘာလို့လည်းဆိုတော့ dual core ဆိုတာက processor နှစ်လုံးကို တနည်းဆိုရသော် တစ်လုံးတည်းအဖြစ်သို့ built in ထည့်သွင်းထားခြင်းပါ။Pentium 4 နောင့်ပိုင်းမှ intel company မှထွက်လာတာပါ။4GB System Memory ဆိုတာက လက်၇ှိ ram ရဲ့ Gb ပါ။၎ဂစ်လို့ဆိုရပါ့မယ်။System memory လို့ခေါ်ခေါ် main memory လို့ခေါ်ခေါ် ram လို့ခေါ်ခေါ်ကြိုက်တာခေါ်ပါ။ဒီကောင်ရဲ့ mhz အမြန်နူန်းဆိုတာ၇ှိပါတယ်။4GB ဆိုတာက ram တစ်ချောင်း data and information transfer process လုပ်ဆောင်တဲ့ memory chip အကျယ်အဝန်းပါ။

Media Card Reader ဆိုတာက ဒီလိုတော့ဖွင့်ပြထားပေးတယ် ကိုယ်တိုင်လည်း မသုံးဖူးဖုးဆိုတော့ ဖတ်ကြည့်ပေး ပါRead and write files from your computer to different types of media. Files can be copied, edited, and stored, and can be transferred at speeds of up to 480Mbps - 40 times faster than with USB 1.1 media readers.

10/100 Ethernet ဆိုတာက လက်၇ှိ ကျွှန်တော်တို့ ဝင်းဒိုးတင်ဖို့ motherboard ခွေတစ်ခွေ read ဖတ်ပေးရပါ တယ်။ဆိုလိုတာက အသံကြားလာဖို့ hd audo drive or ac 97 audio driver တစ်ခု ဖတ်ပေး၇ပါတယ်။ဒီ format style နှစ်မျိုးပဲလာတာပါ။အသံ driver နဲ့ပတ်သတ်လို့ read လုပ်ပီးမှ ကိုယ့် motherboard audio driver နဲ့ကိုက် သွား လျှင် အသံလာတာပါ။ပြီးတော့ onboard graphic သမားများ ဆိုလိုတာက ကိုယ့် motherboard မှာ buy ကတည်းက built in graphic နောင့်ပိုင်း motherboard များမှာ graphic onboard များထည့်သွင်း လေ့ရှိပါတယ်။

ခုဆို 128 mb လောက်ထိကိုပါနေပါပီ။On board built in ပါလာသော graphic ပါလာသော သူများအဖို့ graphic driver ကို mother board driver ခွေကနေ ဖတ်ပေးရတာပါ။ကိုယ်တိုင် AGP slot များမှာ graphic ကဒ်များ တပ်ဆင် လျှင်တော့ graphic ကဒ်နဲ့အတူ graphic driver ခွေကိုဖတ်ပေးပါ။နောင့်တစ်ခုက window xp သမားများ အပေါ်က motherboard driver များကိုဖတ်ပေးရတာပါ။os 7 သမားများကတော့မလိုလောက်ပါ ဘူး။ဝင်းဒိုး တင်ပြီးတာနဲ့ auto driver များဖတ်ပေးတာ သိပြီးသားလောက်တွေပါ။လက်၇ှိ internet ကြိုးနဲ့သုံးသူများ Ethernet driver များဖတ်ပေးရတာပါ။ဒါဆို Ethernet ဆိုတာဘာလည်း ဆိုတာ သဘောပေါက်လောက်ပီးဖြစ်မှာပါ။

Wireless 802.11 b/g Card အပေါ်ကပြောသလိုပဲ ကြိုးနဲ့သို့တခြား Ethernet setting ပိုင်တွေနဲ့ network ချိတ် ဆက်သုံးဖို့ဆိုတာ က Ethernet driver software ကို motherboard ခွေကနေဖတ်ပေးရတာပါ။ခု လက်တော့မှာ က Wireless 802.11 b/g Card ကခုအပေါ်က လက်တော့မှာက built in laptop hardware ပိုင်းမှာထည့်ပေး ထားတာပါ။အဲ့အတွက်လည်းပစ္စည်း laptop နဲ့အတူ Wire less driver ခွေတစ်ခွေပါလာ မှာဖြစ်ပါတယ်။

ဆိုလိုတာက net ကို wire less လွှင့်ပေးပြီး net work sharing လုပ်ပီး အသုံးပြုခြင်းပါ။320GB Hard Drive လို့ရေး ထားတော့ hard disk က sata hardisk or ide hardisk or scsi hardisk လို့တော့မရေးပြထားတော့ များသော အားဖြင့် laptop hardisk များဟာ သေသလိုဖြစ်သလို sata hardisk serial cable များနဲ့ data cable ချိတ်ဆက်မှု များပါတယ် မားသားဘုတ်နဲ့ 320 ဆိုတော့ data store ဝင်ဆံမှု များတယ် လို့တော့ ပြောရမယ် ။ဟက်ဒစ် လည် ပတ်နူန်း rpm ကိုတော ချမပြပေးထားတော့မရေးပြတော့ဘူး DVD/ CD±R /RW Optical Drive - Plays and creates CDs and DVDs လို့ေ၇းထားတော့ dvd room ထက်တော့ သာပါ တယ် ။ဆိုလိုတာက r/w ပါတော့ cd ချပ်တွေ dvd ချပ်တွေကို buring and reading ဖတ်ပေးလို့ရ ပါတယ်။ Rom ဆိုတာက သုံးရုံသက်သက်ပါ။ Read and write လည်းလုပ်ဆောင်ပေးလို့ရမှာ မဟုတ်သလို အသုံးပြုလို့တော့ မကောင်း ဘူးပေါ့။

15.6" Display ဆိုတော့ lap top screen အကျယ်အဝန်း 15 လက်မကျော်ကျော်လေး လို့ပြောလို့၇ပါတယ်။Display ဆိုတာက သတ်မှတ်ချက်ပါ။Display card ဆိုတာ ကြားဖူးတယ် မဟုတ်လား အဲ့လိုသတ်မှတ်ချက်တစ်ခုပါ။
• Integrated Intel 4500 MHD Media Accelerator Graphics
• Built-in 1.3MP webcam
• Windows 7 Home Premium Operating System (64-bit)
• 6-cell Battery
• High Definition Audio 2.0

ဒီအပေါ်ကဟာကိုတော့ စုပြီးတော့ရေးလိုက်မယ်။Integrated intel 4500 Mhd media accelerator graphic ဆိုတာက အဆိုပါ laptop နဲ့တူ intel company က ထုတ်ပေးတဲ့ graphic accelerator media card ပါလာ ခြင်းကိုခေါ်ဆိုတာပါ။ဘယ်လောက် gb လောက်သိခြင်ရင်တော့ ဆိုင်မှာ မဝယ်ခင် display properties မှာ မသိ မသာလေး ကြည့်ပေါ့နော်။Built in 1.3mp web cam ကတော့ လက်တော့အများစုမှာ ဝက်ကန်ပါပြီး သားတွေ ပါ။အပိုထည့်ထားတယ်ဆိုရမှာပဲ ဟီး လက်ဆောင်လေးတစ်ခုပေါ့နော်။ Windows 7 Home Premium Operating System (64-bit) ဆိုတာက ဒီလက်တော့လ်မှာ window 7 home premium ဝင်းဒိုးတင် ထားပေး ထားတာ ပါ။Home premium ဆိုတာက window os 7 ကို microsoft company ကနေ အိမ်သုံးဆိုပြီး produce ထုတ် လိုက်တာပါ။window 7 professtional ဆိုတာကြားဖူးလား။ဒီကောင့်အရှေ့မှာ ထွက်လာတဲ့ version home သုံးပေါ့။

Professtional ဆိုတာက မိုက်ကရိုဆော့လ် company ကနေ လုံးဝကို purely စိတ်ချရပီ ဘယ်လိုလုပ်ငန်းခွင် သုံးသုံး စိတ်ချစွာ လုံခြုံစွာ security ကောင်းလာပီဆိုမှ professtional ဆိုပြီး ထုတ်လိုက်တာပါ။Utimate ဆိုတာက အဲ့လို professtional ကိုထပ်ပြီး အလှထပ်ဆင်ပြီးထွက်တာပါ။6 cell battery ဆိုတာက လက်တော့ ဘက်ထရီဝင်ဆန့်မှုအားပါ ။High Definition Audio 2.0 ဆိုတာက အဆိုပါ လက်တော့လ် motherboard က အသံ driver port လုပ်ဆောင်တာ high definition audio 2.0 နဲ့လုပ်ဆောင် တာပါ။

OS မှာက နိုင်ငံခြားထွက်မယ် နိုင်ငံခြားမှာ အနေများတယ်ဆိုရင်တော့ Official window ၀ယ်သုံးပါ။ ကိုယ်ဆီမှာနေမယ် နိုင်ငံခြားမှာ နေပြီး ပြန်လာတော့မယ်ဆိုရင်တော့ ဒီရောက်မှ ၀ယ်ပါ နိုင်ငံကြီးသားပီပီ Free Os ကိုသာဝယ်ပြီး ဆိုင်မှာ ကိုယ်ကြိုက်တဲ့ OS ကို ထည့်ခိုင်းပေါ့။ တစ်သိန်းခွဲ နှစ်သိန်းလောက် ဈေးသက်သာသွားမှာပါ။

ဘယ်လို os verison တင်သုံးမလည်း ကြိုက်တာ တင်သုံးပေါ့။နိုင်ပါတယ်။တန်ပါတယ် လို့တော့ ပြောရမှာပေါ့နော်။

Laptop အကြောင်း


ကျွန်တော်တို့ Laptop တလုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ သိထားသင့်တယ် ဘယ်အမျိုးအစားတွေက ဘာအတွက် ပါဝင်လာတယ် နောက်ထပ် ဘယ်အပိုင်းလေးတွေကို ဂရုစိုက်ပြီး ၀ယ်ယူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ခုနောက်ပိုင်းမှာ Laptop တွေ ခေတ်စားလာတာနဲ့ အတူ ထွက်လာတဲ့ အမှားများစွာကို ကျွန်တော်တို့ တွေ့ပီးရင်ဆိုင်နေရသူတွေ ရှိသလို ကျွန်တော်တို့ ဘယ် အမျိုးအစားက ဘာအတွက် သုံးတယ်ဆိုတာကို သိဖို့တွက်ကို ပြောပြချင်ပါတယ်။ကျွန်တော် နားလည်သလောက်ကို လူတိုင်းနားလည်အောင် တက်နိင်သလောက် အသေးစိတ် ဆန်ဆန် ရေးပေးချင်မိပါတယ်။ တပိုစ့်ချင်းဆီကို စောင့်ဖတ်ပေးပါလို့ ပဲ့ တောင်းဆိုပါရစေ။ကျွန်တော် ပိုစ့်ခေါင်းစဉ်တွေကို  အောက်က လို အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။

အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။

အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။

အပိုင်း (၃) Laptop တလုံးဝယ်ရန် ဘယ်အပိုင်းတွေကို ကြည့်ရူလေ့လာရမလဲ?

အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။


 အပိုင်း(က)

(က)Laptop တလုံးမှာ များသောအားဖြင့် ပါဝင်တဲ့ အစိတ်အပိုင်းတော်တော် များများကို တွေ့သာ တွေ့နေပေ့မယ် မသုံးဖြစ်တာတွေ အသုံးမတည့်တာတွေနဲ့ ပဲ့ ပါလာတဲ့ အပိုင်းတွေကို သေသေချာချာ ဂဂဏဏ သိဖို့ ဘယ်သူမှ တော်ယုံ မကြိုးစားကြည့်ကြဘူး။ ဒီလိုပဲ့ ထားထားမိကြတယ် ကျွန်တော်ကိုယ်တိုင်လည်း အပါအ၀င်ဖြစ်ခဲ့ ဘူးပါတယ်။ နောက်ပိုင်း ကိုယ်ကိုတိုင် သတိထားမိလာမှ လေ့လာဖြစ်တာပါ။ ကဲ့ထားပါတော့ ကိုယ်မြန်မာလူမျိုးတွေ မြန်မာလို ဖတ်ချင်သူတွေ အကြမ်းဖျင်းတော့ အနည်းဆုံးနားလည်သွားနိင်အောင် ကြိုးစားရေးပါမယ်။

Tochpad

Tochpad ကိုတော့ လူတိုင်း သိပီးသားပါ အခေါ်အဝေါ်ကို ရင်းနှီးသူလည်း ရှိသလို မရင်နီးသူလည်း ရှိမယ်ထင်ပါတယ်။ သူကို နောက်တမျိုးtrackpad လို့လည်းခေါ်သေးသလို pointing device လို့လည်းခေါ်ပါတယ်။ သူကတော့ Mouse နေရာမှာ အစားထိုးသုံးဖို့ ဖန်တီးထားတာပါ။.သူနဲ့ သဘောတရား ဆင်တူတာတွေ ထပ်ရှိပါသေးတယ်။ သူတိုကတော့ ခု ကျွန်တော်တို့ ပတ်ဝန်းကျင်တွေမှာ တွေ့နေရတဲ့ Multi-touch screen , Touchscreen, tablet တို့မှာ ထိတွေ့မိကြဦးမှာပါ။Touchpad ကို (The touch pad is a built-in substitute for a mouse on laptops.) ဒီလို အဓိပါယ် ဖွင့်ဆိုထားတာတွေကို ဖတ်ဖူးကြမယ်ထင်ပါတယ်။

Fingerprintreader reader

Fingerprintreader ကိုတော့ Laptop တိုင်းမှာတော့ မပါဝင်ပါဘူး။ ပါဝင်တဲ့ Laptop တွေလည်း ရှိသလို မပါတာတွေလည်းရှိပါတယ်။သူကတော့ လက်ဗွေရာကို Scan ဖတ်ပီးတော့ စက်ကို Password ပေးလို့ ရပါတယ်။ fingerprintreader ကို touchpad ရဲ့ ညာဘက်ဘေးလေးနားမှာ တွေ့နိင်ပါတယ်။

.Wirelessswitch (on / off)

ဒီ wirelessswitch ရဲ့ အားသာချက်ကတော့ သူကို Off လုပ်ထားမယ် ( အင်တာနက်မသုံးတဲ့ အချိန်) ဆိုရင် battery life ကို သက်သာစေမှာပါ။ မိမိ ပတ်ဝန်းကျင်မှာ Wireless လွှင့်ထားတာတွေ ရှိမယ်ဆိုရင် အလွယ်တကူ ဖမ်းယူနိင်ပါတယ်။ ဘယ်လို ဖမ်းယူရမလည်း ဆိုတာကို ဒီလင့်မှာ MS က ရှင်းပြထားတာ ရှိပါတယ်။ သွားဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ဒီထက်ပိုပီး အကျယ်တ၀င့် သိချင်တယ်ဆိုရင်တော့ ဒီလင့်မှာဖတ်နိင်ပါတယ်။

USB Port (USB=Universal Serial Bus)

USB port ကိုတော့ လူတိုင်းရင်းနီးပီးသားပါ ။ keyboards, mice(mouse), printers, scanners တွေကို ချိတ်ဆက် အသုံးပြုနိင်ပါတယ်။ နောက်ထပ် Extra HDD တွေကိုပါ တွဲသုံးနိင်ပါသေးတယ်။HDD တို့ Stick တို့  ထဲ့မှာ ရှိတဲ့ Data တွေကို Transfer လုပ်နိင်သလို နောက်ထပ် Yota လို အင်တာနက် ချိတ်တဲ့ ပစ္စည်းတွေနဲ့လည်း တွဲဖက် အသုံးပြုနိင်ပါတယ်။

SD (Secure Digital) Card reader

Secure Digital card reader ကို ကျွန်တော်တို့ အသုံးပြု နဲကျပါတယ်။ သူကို ဘယ်လိုချိန်တွေမှာ သုံးလည်းဆိုရင် ကင်မရာမှာ ပါတဲ့ SD card တို့ Mobile Phone တို့ကို တိုက်ရိုက်ချိတ်ဆက်ပီး အသုံးပြုနိင်သလို သူကို Laptop ၀ယ်တဲ့ချိန်မှာ မပါလာခဲ့ဘူးဆိုရင် USB Port ကနေ တွဲသုံးလို့တော့ ရပါတယ်။ ဗဟုသုတ အဖြစ်ထည့်ရေးလိုက်တာပါ။ အဲ့လိုမှ မဟုတ်ဘူး SD Card reader(မပါလာခဲ့ရင်) ကို သုံးချင်တယ်ဆိုရင်တော့ External Media reader ကို ၀ယ်ပီး အသုံးပြုနိင်ပါတယ်။

ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ

ExpressCard slot:

ဒီကောင်လေးကိုတော့ အများအားဖြင့် Peripheral Device တွေနဲ့ ချိတ်စက်ပီး အသုံးပြုတဲ့ အခါမှာ ဒီ Slot ကို သုံးပါတယ်။ Peripheral Device ဆိုတာဘာတွေလည်းဆိုတော့ ကျွန်တော်တို့ computer printers, image scanners, tape drives , microphones, loudspeakers, webcams, and digital cameras တွေကိုဆိုလိုတာပါ။ ဒီ Slot တွေက ခုနောက်ပိုင်းထွက်လာတဲ့ Slot တွေနဲ့ အရင်က Slot တွေတောင် မတူတော့ပါဘူး။ ခုနောက်ပိုင်း ၂၀၀၈ နောက်ပိုင်းမှာ ထွက်လာတဲ့ Laptop နဲ့ တွဲပီးထွက်လာတဲ့ Slot တွေက ဟိုး အရင်က ထွက်ရှိပီးသား Laptop မှာတဲ့ Slot တွေ ထက် ပိုပီး ကောင်းလာတယ်လို့ ဆိုရမယ်။ ဘာလို့လည်းဆိုရင် အရင်က ထွက်လာတဲ့ Slot တွေမှာPeripheral Device နဲ့ ချိတ်ပီးအလုပ်လုပ်တဲ့ အချိန်မှာ စက်ကို လေးသွားတာတို့ ဟန်းသွားတာတို့တွေ နဲ့ နောက်ထပ် Volt အားတွေကိုပါ ချွေတာ အသုံးပြုနိင်အောင်လို့ digital demands တွေနဲ့ ခု ဒီ Slot တွေမှာ ဖွဲ့စည်းပီး တည်ဆောက်ထားပါတယ်။

HDMI connector: (HDMI (High-Definition Multimedia Interface)

HTMI လို့ ပြောလိုက်ရင်တော်ယုံမသိကြဘူး။ သူ့ကို ဘယ်လို အသုံးပြုတယ်ဆိုတာကိုတော်ယုံ မသိကြဘူး။ ဒီ HTMI ကို ကျွန်တော်တို့ Home Therater တွေမှာ ချိတ်ပီး အသုံးပြုနိင်ပါတယ်။ ဥပမာ ကျွန်တော်တို့ အိမ်တွေမှာ ၆၄ လက်မလောက် TV ကြီးရှိတယ်ဆိုရင် ဒီ HTMI slot နဲ့ TV ကို ချိတ်ဆက်ပီး Therater လိုပဲ့ အိမ်မှာ ကွန်ပျူတာနဲ့ ချိတ်ပီး အေးဆေး ကြည့်နိင်ပါတယ်။ မိသားစုလိုက်ပျော်ပျော်ပါးပါး တခုခု လုပ်စားတဲ့ချိန်တွေမျိုးမှာစို TV အကြီးကြီး ရှိမယ်ဆိုရင် ချိတ်ဆက်ပီး မိသားစုလိုက်ကြည့်လို့ ရပါတယ်။ သူကတော့ Single Cable ပေါ်မှာပဲ့ အလုပ်လုပ်ပီးတော့ Video Format တွေကို ထုတ်ပေးနိင်ပါတယ်။ နောက်ထပ် HDD . Blu-ray , PC တို့နဲ့ တိုက်ရိုက်ချိတ်ဆက်ပီးလည်း အသုံးပြုလို့ ရပါသေးတယ်။ ဒီထက်ပိုပီး အကျယ်သိချင်သေးတယ်ဆိုရင် ဒီလင့်မှာ သွားပီး ဖတ်ကြည့်ပေးပါ။

Firewire/IEEE 1394 port:

သူကတော့ serial bus interface standard ပါ။ သူ့ကို high-speed communications and isochronous မှာ PC တွေတွက် အသုံးပြုပါတယ်။ ဒီ Slot ကို ကျွန်တော်တို့ Sony ထုတ် Laptop တွေမှာ အများဆုံး တွေ့နိင်ပါတယ်။ အရင်က Desktop တွေမှာလည်း ဒီ Slot ကို တော်တော်များများတွေ ဘူးကြမှာပါ။ဒီထက်ပိုပီး သိချင်သေးတယ်ဆိုရင် ဒီလင့်မှာ သွားဖတ်ကြည့်ဖို့ကို တိုက်တွန်းလိုပါတယ်။ English လို ဖတ်ဖို့ကို မကြောက်ပါနဲ့။ ကျွန်တော် Dictionary တွေကိုလည်း ဒီလို ပြန်ညွှန်းစာတွေကို ဖတ်တဲ့ချိန်မှာ အသုံးပြုလို့ရအောင်နဲ့ English Language တွေကိုလေ့လာတဲ့နေရာမှာ သုံးဖို့ ဒီနေရာမှာတင်ပေးထားပါတယ်။

DVI connector:

Digital video connector ကို ကျွန်တော်တို့ Monitor ( LCD) နဲ့ HD TV တွေနဲ့ ချိတ်ဆက်ပီး အသုံးပြုနိင်ပါတယ်။ တကယ်လို့ သူကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီတိုင် VGA Card မှာ တပ်ပီး သုံးသလို သုံးလို့ မရပါဘူး။ ကြားတည်းမှာ Swich ခေါင်းတခု ခံပီးမှ အသုံးပြုလို့ ရပါမယ်။

VGA connector:

VGA ခေါင်းကိုတော့ အထွေအထူးပြောစရာမရှိပါဘူး။ Laptop ဘေးမှာ LCD တခု ရှိတယ်ဆိုရင် ကျွန်တော်တို့ Laptop က ကြည့်ရတာသေးနေတယ် အနေကျဉ်းကျပ်နေတယ်ဆိုတဲ့ချိန်မျိုးမှာ ဒီခေါင်းနဲ့ VGA connector နဲ့ ချိတ်ပီး Desktop မှာပါ Laptop က လုပ်ဆောင်နေတာတွေကို ၂ နေရာမှာ တပြိုင်တည်းကြည့်နေနိင်ပါတယ်။

RJ-45/Network jack: with (RJ-11/Phone jack)

ဒီ Port လေးကိုတော့ တွေ့ဘူးမှာပါ။သုံးလည်း လက်ရှိသုံးနေကြတာပါ။ သူ့ကတော့ အင်တာနက်နဲ့ Network ကို အဓိကထားပီး အလုပ်လုပ်ပါတယ်။ ကွန်ပျုတာတိုင်းမှာ ပါပီးသားပါ။ မပါတာက RJ 11 ခေါင်းပဲ့ ..သူကတော့ ကျွန်တော်တို့ အိမ်က ကြိုးဖုန်းတွေမှာ အသုံးပြုပါတယ်။ ဖုန်းခေါင်းပေါက်ကို ၀င်ပီး Phone တွေကို ချိတ်ဆက် အသုံးပြုတာတော့ ဟုတ်ပါတယ်။ ဒီမှာ ဘာလို့ပါလာတာလည်းဆိုရင် ကျွန်တော်တို့ ဒီ RJ 11 ခေါင်းကလည်း တကယ်တော့ Network ချိတ်ဆက်ပီး အသုံးပြုလို့ ရတာတွေကြောင့်ပါ။ သူ့ကို Wide area networkထိ အသုံးပြုလို့ ရနိင်ပါတယ်လို့ ကကကွန်က ထုတ်တဲ့ စာအုပ်ထဲ့မှာ ဖတ်ဘူးပါတယ်။ အဲ့စာအုပ်ကို ဖတ်ကြည်ချင်တယ်ဆိုရင် Networkစာအုပ်များထဲ့မှာပါပါတယ်။


Laptop ရဲ့ Power Options အကြောင်း


Laptop ကို စက်မပိတ်ပဲနဲ့ Laptop ဖုံးကို ပိတ်ချလိုက်ရင် Log off ဖြစ်သွားတာကို တွေ့ရပါတယ်။။
Log Off မဖြစ်အောင် လုပ်လို့ရတယ် ဆိုတာကို တစ်ချို့က မသိကျပါဘူး...ဘယ်လို လုပ်ရလည်း ဆိုတော့....

Window XP

window xp မှာဆိုရင် desktop ကို right click ထောက်ပြီး properties ကို ၀င်ပါ...Display Properties box ကျလာရင် Screen Saver ကို သွားပါ..Monitor power မှာ Power ကို click လိုက်ပါ...Power Options box ပေါ်လာရင် Advanced ကိုသွားပါ.. Power buttons မှာ When l close the lid of my portable computer မှာ Stand by ပေးထားကိုတွေ့ရင် Do nothing ကို ပေးလိုက်ပါ.. ဒါဆိုရင် အဆင်ပြေသွားပါပြီ...


Window Vista
ဗင်စတာမှာ ဆိုရင် Desktop ကို right Click ထောက်ပြီး Properties ကို ၀င်လိုက်ပါ.. Screen Saver ကို သွားပါ..Change power settings ကို click လိုက်ပါ..Menu box မှာ Choose what the power buttons do ကို click ကျလာရင်
When I close lid: မှာ Sleep ဆိုတာ တွေ့လိုက်မယ်
နစ်ခုလုံးကို Do nothing ပေးလိုက်ပါ….

ထိုနည်းတူးစွာပဲ control panel က သွားပြီး လုပ်လဲ ရတယ်ဒါဆိုရင် အားလုံး Ok သွားပါလိုက်.....

Laptop ဘက်ထရီသုံးစွဲမှု အကြောင်း
ဒီခေတ်မှာ လူတော်တော်များများဟာ Desktop ထက် Laptop ကိုပိုသုံးစွဲလာကျပါတယ်။အဲဒီအခါမှာ Laptop ဘက်ထရီသုံးစွဲမှု အကြောင်းသိဖို့လိုပါတယ်။ Laptop သုံးစွဲသူများအနေဖြင့် ဘက်ထရီလုံးဝအားကုန်သွားသည်အထိ အသုံးမပြုဘဲ အားအနည်းငယ် ကျန်သောအချိန်တွင် မဖြစ်မနေအားပြန်သွင်းဖို့လိုပါတယ်။ ဘက်ထရီ ၅ ရာခိုင်နှုန်းလောက်ကျန်တဲ့အချိန်မှာ အားပြန်သွင့်သင့်ပါတယ်။ ဘက်ထရီ လုံးဝကုန်သွားတဲ့အထိသုံးရင်RAM၊ Mother Board တို့ကို ထိခိုက်နိုင်တဲ့ အပြင် ဘက်ထရီလည်းကျသွားတတ်တယ်။

နောက်ပြီးဘက်ထရီကို အားအပြည့်သွင်းပြီးမှ အသုံးပြုသင့်ပါတယ်။ ယေဘုယျအားဖြင့် ဘက်ထရီ ၁၀ရာခိုင်နှုန်းခန့်ကျန်သော အချိန်တွင် အားပြန်သွင်းပါက သင့်လျော်ပြီး လုံးဝအားကုန်သွားပြီးမှ ပြန်သွင်းလျှင် အားပြန်ပြည့်ရန် အချိန်ကြာတတ်ပါတယ်။ Laptop များ၏
ဘက်ထရီမှာ Cells အပေါ်မူတည်ပြီး 4 Cells ဆိုပါက တစ်နာရီခန့်၊ 6 Cells ဆိုပါကနှစ်နာရီ၊ သုံးနာရီ၊ 9 Cells ဆိုလျှင် ရှစ်နာရီခန့် သုံးလို့ရပါတယ်။ Laptop ၀ယ်ပြီးပြီးချင်း ရှစ်နာရီလောက်ကြာတဲ့အထိ သွင်းရပါတယ်။ နောက်ပိုင်းကျရင် အဲဒီလောက်သွင်းစရာမ လိုတော့ဘူး။ သုံးနာရီလောက် သွင်းရင်ရပြီ။ Toshiba Laptopမှာသုံးထားတဲ့ ဘက်ထရီတွေက အနည်းဆုံး 6 Cells ရှိတယ်။ အားပြန်သွင်းသင့်တဲ့ အချိန်ရောက်ရင် Warning ပေးတဲ့ စနစ်ပါတယ်။ အဲဒီအချိန်မှာ အားသွင်းဖို့လိုပါတယ်။နောက်ပြီး မသုံးဘဲ ဒီအတိုင်းထားရင် ဘက်ထရီရဲ့ Capacity ကလျော့သွားတတ်ပါတယ်။
ကဲသတိပြုနိုင်ကြပါစေဗျာ

Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန် မြင့်မားမှုပါပဲ။

- အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှု မရှိပါဘူး။တချို့  သော Laptop တွေဟာ အထူနဲ့ ထုပ်လုပ်ပြီး တချို့  Laptop တွေကို ပါးလွှာအောင် ထုတ်လုပ်ကြပါတယ်။ အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့ အအေးပိုင်းနိုင်ငံတွေ အသုံးပြုမှုဆိုပြီး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ညှိမှုကိုတော့ အားလုံး လုပ်ထားပြီးသား ဖြစ်ပါတယ်။ အထူးသဖြင့် ပန်ကာ (fan) တွေနဲ့ အောက်ဘက်၊ ဘေးဘက်တွေမှာတပ်ထားပြီး ဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုသူတွေဟာ သတိထားကြ ရပါတယ်။ ဒီ function တွေဟာ power management တွေမှာ ပါဝင်ပါတယ်။ အဓိက အပူချိန်ကို ထိန်းဖို့ လုပ်ခြင်းဖြစ်ပါတယ်။

- Laptop တွေကို မျက်နှာပြင်ညီညာတဲ့ နေရာတွေမှာ အသုံးပြုပါ။ မျက်နှာပြင် မညီညာတဲ့ နေရာတွေမှာ အသုံးပြုပါက အောက်လက်မှာရှိ တဲ့ လေဝင်လေထွက်ပေါက်တွေ ပိတ်ပြီး အပူချိန် တက်ပါလိမ့်မယ်။


- Laptop ဝယ်လာတဲ့အခါမှာ display screen နဲ့ keyboard ကြားမှာ ခံထားတဲ့ keyboard protector တွေကို ဖယ်ရှားပြီး သုံးပါ။ အောက်ဘက်က fan တွေအတွက် အပေါ်ဘက်ကနေပြီး လေဝင်၊ လေထွက်တွေကို ပိတ်ထားသလိုဖြစ်နေပါလိမ့်မယ်။

- Laptop fan တွေရဲ့ ဆူညံသံကို နားထောင်ပါ။ Rpm မြင့်လာလေ အသံကျယ် လာလေ ပါပဲ။ Rpm ဘာကြောင့် မြင့်သလဲဆိုရင် အပူချိန် တက်ပြီး fan တွေပို အလုပ်လုပ်လို့ ဖြစ်ပါတယ်။

- Fan တွေမှာ ဖုန်တွေ အမှိုက် တွေကို ၆လ တစ်ခါ၊ ၁နှစ်တစ်ခါ maintain လုပ်ပေးပါ။ Rpm ကျလာပါက အအေးပေးစနစ် ချွတ်ယွင်းလာပြီး Laptop ကို အပူချိန် တက်လာပါလိမ့်မယ်။

- အရေးအကြီးဆုံး အချက်ဖြစ်တဲ့ Laptop ဝယ်တဲ့အခါမှာ Laptop ကို တပ်မယ့် သို့မဟုတ် ထည့်သွင်းထားမယ့် အိတ်ကို ဝယ်ယူဖို့ပါပဲ။ ဒီအိတ်ဟာ သယ်ယူမှုအတွက် အသုံးဝင်ခြင်း တစ်ခုတည်း မဟုတ်ပါဘူး။ Laptop တစ်ခုလုံးအတွက် အလေးချိန် ဖိမှု၊ ပြုတ်ကျမှု၊ အပူချိန် ထိန်းညှိမှု၊ ESD (ElectroStatic Discharge), EMI (Elictromagnetic Interfrence) သို့မဟုတ် RFI (Radio Frequency Interferce) စတဲ့ ဘေးပြင်ပ နှောက်ယှက်မှု တွေကိုပါ ဝန်ဆောင်မှု တွေ ပေးပါတယ်။ မိမိဝယ်လိုက်တဲ့ Laptop အတွက် တစ်ပါတည်း ထုတ်လုပ်ထားတဲ့ Laptop ကို ဝယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။


AMD’s PUMA Platform for laptops

AMD ကနေ laptop computer လေးတွေအတွက် Platform အသစ် တစ်ခုအနေနဲ့ PUMA ဆိုတဲ့ နည်းပညာကို မိတ်ဆက်ထားပါတယ်။
အဲဒီ PUMA platform ကို အခြေခံပြီး တည်ဆောက် ထားတဲ့ Laptop တွေကို အခု ၀ယ်လို့ရနေ ပါပြီ။ ဘာထူး ခြားသလည်း လို့ မေးရင် အရင်ဆုံး ပြောရမှာက ဈေးနှုန်းပေါ့။ အသစ်စက်စက် PUMA platom laptop PC တစ်လုံးကို S$ 1000 လောက် နဲ့ ရတယ်လေ။ စိတ်ဝင်စား စရာပေါ့။
တစ်ခုပဲ ရှိတယ်။ သာမာန်အားဖြင့် ကြည့်ရင် သူ့မှာ သုံးထားတဲ့ CPU က AMD Turion X2 Ultra တွေ သုံးထား တယ်။ ဒီတော့ Intel မှ Intel ဖြစ်နေတဲ့သူတွေ၊ Core2Duo မှ CPU ထင်တဲ့ သူတွေ အတွက်တော့ တစ်မျိုး ဖြစ်ချင် ဖြစ်နေမယ်။ စိတ်ဝင်စား စရာ ဖြစ်ချင်မှ ဖြစ်မယ်လေ။


ကျွန်တော်က အဲဒီ laptop လေးတွေ အကြောင်း နဲနဲ ဆွေးနွေးချင်ပါတယ်။ Intel ရဲ့ Core2Duo တွေက ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိ CPU ဈေးကွက်မှာ အကောင်းဆုံး လို့ ပြောလို့ရတာ ဟုတ်ပါတယ်။ ဒီနေ့ အထိလည်း CPU ချင်းယှဉ် ကြည့်ရင် C2D တွေကို ဘယ်သူမှ အလဲ မထိုးနိုင်သေးပါဘူး။ Power စားသုံးမှု နဲ့ အပူ ထုတ်လွှတ်မှု မှာ C2D က အကောင်းဆုံး ရလဒ်တွေကို ပေးပါလိမ့်မယ်။


ဒါဖြင့်ရင် Turion က ဘာကောင်းလို့လည်း။ ၀ယ်သင့်သလား ဆိုရင် ကျွန်တော် ကတော့ laptop ၀ယ်ရင် Turion X2 Ultra ပါတဲ့ PUMA laptop ကို S$1000 လောက်နဲ့ ၀ယ်ရတာ သိပ်ကို တန်တယ်လို့ ထင်မိပါတယ်။
တစ်ကယ်တမ်းက PUMA platform လို့ ပြောလိုက်ရင် CPU တစ်ခုထဲကို ပြောတာ မဟုတ်ပါဘူး။ AMD က သတ်မှတ် လိုက်တဲ့ laptop တစ်လုံးအတွက် CPU, chipset, memory technology, GPU (graphic processor) တွေ အားလုံး အတွဲတစ်ခုကို ပြောတာ ဖြစ်ပါ တယ်။ PUMA မှာ ဘာတွေ ပါသလည်း…။CPU က Turion X2 Ultra အမျိုးအစားပါ။ AMD CPU တွေက သိပ်ပူတာပဲ။ ဘယ်လိုမှ သုံးလို့ မကောင်းဘူး လို့ ပြောမယ် ဆိုရင် ဟုတ်ပါတယ်။ AMD ရဲ့ CPU တွေက Intel ထက် ပိုပူတာ မှန်ပါတယ်။ ဒါပေမယ့် သုံးလို့မကောင်းအောင်ပူ တာတွေက အရင်တုန်းက Althlon X2 တွေပါ။



အခု နောက်ထွက်တာတွေက Turion X2 တွေပါ။ Turion X2 တွေက Dual Core တွေပါပဲ။ မူလ Turion X2 တွေက Intel CoreDuo လောက်ရှိပါ တယ်။ Core2Duo ကို မမှီပါဘူး။ အခုနောက်ထွက်တဲ့ Turion X2 Ultra တွေက နည်းပညာပိုင်းမှာ အသစ်တွေ ပါလာပါတယ်။ အတော်လေးလည်း ပိုပြီး ကောင်းလာပါတယ်။ ပြောရရင် Turion X2 Ultra ဟာ Turion X2 ထက် အများကြီး ပိုကောင်းတဲ့ architecture တွေ ပါပါတယ်။ ဥပမာ- Hyper Transport 3.0 လို နည်းပညာ တွေပေါ့။ ပြီးတော့ High Definition (Blue-Ray) DVD palyback ကို ကောင်းကောင်း support လုပ်ပါတယ်။
PUMA platform က CPU တစ်ခု ထဲကို ပြောတာမဟုတ်ပါဘူး။ PUMA အစစ် ဖြစ်ဖို့က Turion X2 Ultra ပါပါ တယ်။ ပြီးတော့ graphic card က AMD ရဲ့ ATI Radeon HD 3000 series graphic processor နဲ့ တွဲထား ပါတယ်။ Chipset က လည်း AMD ရဲ့ သီးသန့် design chipset ပါ။ ပြီးတော့ 802.1 b/g အပြင် နည်းပညာ အသစ် N ကိုပါ support လုပ်တဲ့ Wi-Fi wireless connection ပါရပါမယ်။ အဲဒါတွေ အားလုံး ပေါင်းလိုက်ရင် အရမ်း ကို ကောင်းတဲ့ multimedia နဲ့ gaming performance ကို ပေးနိုင်တဲ့ PUMA laptop တစ်လုံး ဖြစ်သွား ပြီပေါ့။

PUMA platform laptop တစ်လုံးကို ၀ယ်မယ်ဆိုရင် အကြံပေးချင် တာ လေးတွေ ရှိပါတယ်။

ပထမဆုံးက AMD Turion X2 ကို မ၀ယ်ပါနဲ့။ Turion X2 ကို ၀ယ်ရင် စိတ်ညစ်ကောင်း ညစ်သွား ပါလိမ့်မယ်။ Turion X2 Ultra ကိုပဲ ရအောင်ဝယ်ပါ။ Turion X2 Ultra တွေက ရိုးရိုး Turion X2 တွေထက် အများကြီး ပိုကောင်းတာ သေချာပါတယ်။ ပြီးတော့ Dual Core တွေ ဖြစ်တဲ့ အပြင် ကောင်းတဲ့ တစ်ချက်က 32bit အပြင် 64bit ကို ကောင်းကောင်း support လုပ်ပါတယ်။ ဒါကြောင့် 64bit OS တွေ စမ်းချင်ရင်လည်း အဆင်ပြေသလို အများဆုံး ထည့်နိုင်တဲ့ memory ကလည်း 4GB မဟုတ်ပဲ 8GB အထိ တပ်လို့ ရသွားပါတယ်။ ဒီနေ့အထိ Intel ရဲ့ Core2Duo တွေက 32bit ပဲ ရှိတဲ့အတွက် အများဆုံး ထည့်လို့ ရတဲ့ memory က 4GB ပဲ ရပါတယ်။ Turion X2 Ultra ကို ၀ယ်မယ်ဆိုရင် model number တွေ အများကြီး ရှိပါတယ်။ ကျွန်တော် အကြံပြုချင် တာက ZM series Turion X2 Ultra တွေကိုပဲ ၀ယ်ပါ။ တစ်ခြား အရင်က model တွေကို မ၀ယ်ပါနဲ့။ ဥပမာ- RM လို မျိုးတွေက နောက်ဆုံးထွက် ZM တွေလောက် မကောင်းပါဘူး။



 ဖြစ်နိုင်ရင် ZM 80 နဲ့ အထက်ကိုပဲ ၀ယ်ပါ။ အခု ၀ယ်လို့လည်း ရပါတယ်။ အခုလက်ရှိ ရောင်းနေတဲ့ laptop တွေထဲမှာ ZM 86 (2.4GHz) တွေ တောင် တွေ့နိုင်ပါတယ်။ ZM 80 (2.1GHz) လောက်ဆိုရင်ကို ကောင်းပါတယ်။

နောက်ပြီး PUMA laptop အစစ်တွေမှာ ATI Radeon HD series graphic processor တွေ ပါပါတယ်။ အနိမ့် ဆုံးက Radeon HD 3200 ပါ။ အခု ၀ယ်လို့ရတဲ့ PUMA တွေမှာ HD 3400 နဲ့ အထက် model တွေ တွေ့နိုင် ပါတယ်။ ဖြစ်နိုင်ရင် HD 3200 ကို အနိမ့်ဆုံး ထားပြီး ၀ယ်စေချင်ပါတယ်။ PUMA ဖြစ်ဖို့ လိုအပ်တဲ့ အရာတွေ ကို ပုံထဲက logo လေးမှာ ကြည့်နိုင်ပါတယ်။ ATI Radeon HD 3000 series graphic processor တွေက DirectX 10 ကို အပြည့်အ အလုပ်လုပ်ပါတယ်။ သူတို့က တစ်ကယ်ကောင်းတဲ့ High Definition (HD) display တွေကိုလည်း ကောင်းကောင်း support လုပ်ပါတယ်။ Geforce 8 လောက်ကို အသာလေး ယှဉ်နိုင် ပြီး Geforce 9100 လောက်နဲ့ ညီပါတယ်။ ဒါပေမယ့် Geforce ထက် ထူးခြားတာက သူတို့ကို PUMA မှာ AMD Turion CPU နဲ့ သင့်တော် သလိုတွဲထားရင် ရိုးရိုး Geforce သုံးထားတဲ့ laptop ထက်သာပါ လိမ့်မယ်။ Core2Duo CPU ပါတဲ့ Intel GMA (Graphic Media Accelerator X3100) လို ရိုးရိုး graphic သုံးထားတဲ့ laptop တွေကို အလဲ ထိုးနိုင်တယ် ဆိုတာ သေချာပါတယ်။

Turion X2 Ultra ကိုလည်း စိတ်ဝင်စားတယ်။ Nvidia Geforce graphic processor မှလည်း လိုချင်တယ် ဆိုရင် လည်း PUMA platform နဲ့ အလား သဏ္ဍာန်တူစွာ ဖွဲ့စည်းထားတဲ့ Turion X2 Ultra CPU သုံးထားတဲ့ laptop လေးတွေ ၀ယ်လို့ရပါတယ်။ ဈေးက တူတူပါပဲ။ ၁၀၀၀ ပါတ်ဝန်းကျင်ပဲ ရှိပါတယ်။

Turion X2 Ultra (ZM) CPU ပါပါတယ်။ Geforce 9100 သုံးထားပါတယ်။ တစ်ကယ်တမ်းက laptop တွေအတွက် Mobile Geforce 9100 integrated graphic processor တွေက သီးသန့် desktop တွေအတွက် Geforce 8400 graphic card တွေနဲ့ စွမ်းဆောင်ရည် တူပါတယ်။ ဒါပေမယ့် Geforce 9 ဖြစ်တဲ့ အတွက် CUDA လို နည်းပညာသစ်တွေနဲ့ အလုပ်လုပ်ပါ လိမ့်မယ်။ ACER Aspire 4530 laptop လေးတွေ က အမြင်လည်း အရမ်းလှပါတယ်။ ကောင်းလည်း ကောင်းပါတယ်။ Turion X2 Ultra ကို Geforce 9 နဲ့ တွဲပေး ထားပါတယ်။ ဒါပေမယ့် PUMA platform စစ်စစ်တော့ မဟုတ်ဘူးပေါ့နော်။

ကျွန်တော်ကတော့ Turion X2 Ultra + Radeon HD 3400 ပါတဲ့ PUMA platform laptop စစ်စစ် လေးတွေကို 1000 S$ လောက်နဲ့ ၀ယ်လို့ရတာ အရမ်းကို တန်တယ်လို့ မြင်မိပါတယ်။ သာမာန်အားဖြင့် Core2Duo ထက် နဲနဲ ပိုပူပေ မယ့် ပေးရတဲ့ ဈေးနဲ့ ရတဲ့ performance က အရမ်းကို တန်ပါတယ်။ အရမ်းလည်း ပိုပူတာတော့ မဟုတ်ပါဘူး။ Turion X2 Ultra (ZM) ကို တော့ ရအောင် ၀ယ်ပေါ့နော်။ တစ်ခြားဟာ သွားဝယ်မိရင်တော့ မပြောတတ်ဘူး။

လိုက်ဖက်ညီတဲ့ combination ကိုသာ ကောင်းကောင်းရမယ် ဆိုရင် game တွေ အတွက်ရော၊ multimedia တွေ အတွက်ရော၊ 3D graphic rendering နဲ့ animation တွေ အတွက် ကောင်းကောင်း အသုံးတည့်မှာပါ။ တစ်ကယ်လို့ ရေရှည် heavy ဖြစ်တဲ့ အလုပ်တွေ၊ game တွေအတွက် သုံးလို့ အရမ်းပူလာတယ် ထင်ရင် notebook cooling pack လေးတွေနဲ့ သုံးပေါ့။ ဘာပဲ ဖြစ်ဖြစ် ပေးရတဲ့ ဈေးနဲ့ ရတဲ့ performance တန်ချင်ရင်တော့ PUMA laptop တွေက အကြိုက်တွေ့ စရာလို့ ယုံကြည်မိပါတယ်။ (Core2Duo ကို 1800S$ လောက် ပေးဝယ်ထားရတဲ့ သူတွေကတော့ ဘယ်လို မြင်မလည်း မသိပါ၊ အထူးသဖြင့် Core2Duo + Intel GMA graphic ပဲ ပါတဲ့ laptop တွေနဲ့ ယှဉ်ပြီး run ကြည့်စေချင်ပါတယ်).. :P
PUMA အကြောင်း သိချင်ရင် အောက်မှာပေးထားတဲ့ link က video လေးကို ကြည့်ကြည့်ပါ…


http://www.amd.com/us-en/0,,3715_15692,00.html
ဒါကတော့ laptop ပြုပြင်နည်းနှင့်သိသင့်စရာများ ဆိုတဲ့ စာအုပ်ကလေးပါ . သန်းထိုက်(ရွှေရိပ်)ရေးထားတာပါ. laptop နဲ့ desktop က သဘောတရားချင်း တူတယ်လို့ ဆိုပေမယ့် တည်ဆောက်ပုံချင်း နည်းနည်းလေး ကွဲပါတယ်. desktop ကကျတော့ ကျယ်ပြန့်တဲ့ casing ပုံးခွံထဲမှာ ထည့်ပြီး ပေါ့ပေါ့ပါးပါး သုံးလို့ရပေမယ့်. laptop ကျတော့ တစ်လက်မလောက်သာသာပဲ ရှိတဲ့ laptop အခွံထဲမှာ အားလုံး ပြွတ်သိပ်ပြီး ကွန်ပျူတာတစ်လုံးဖြစ်လာအောင် တပ်ဆင်ထားရတာ တစ်ကယ်တော့ မလွယ်ပါဘူး. desktopက ပုံးကကျယ်တော့ လေ၀င်လေထွက်ကောင်းတယ်လေ. speed သိပ်ပြီး သိသိသာသာမကျဘူး.

နည်းပညာဗဟုသုတများ ပြည့်စုံကြပါစေ

mmknowledgecorner.com

Post a Comment

 
Top