Hybrid အကြောင်း သိကောင်းစရာ
------------------------------------
Honda IMA (integrated Motor Assist)
Facebook ပေါ်မှ Automechanic များ Technician များ မင်္ဂလာပါ...
Honda ရဲ့ IMA လို့ ခေါ်တဲ့ Hybrid အကြောင်းလေး ရေးချင်ပါတယ်..
လေ့လာနေဆဲ ပညာသင်များအတွက်သာရည်စူးပါတယ်...
Honda က IMA လို့ခေါ်တဲ့ မော်တာအထောက်အကူပြု အင်ဂျင် စနစ်ကို 1999 က honda Insight မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်...
Hybrid Motor ကို အင်ဂျင်နဲ့ Transmission ဂီယာအုံ ကြားထဲမှာ တပ်ဆင်ထားတာပါ...
Starter Motor, Engine Balancer (Flywheel) ,
Traction motor အဖြစ်နဲ့ အလုပ်လုပ်ပေးပါတယ်..
ပထမ မျိုးဆက်ဖြစ်တဲ့ IMA မှာ လျုပ်စစ်သက်သက်နဲ့ ကားကို မမောင်းနှင်နိုင်ခဲ့ကြပါဘူး...
အင်ဂျင်ကို ကူမောင်းပေးဖို့ရယ်နဲ့ အင်ဂျင်ကို နှိုးပေးဖို့ လောက်သာ လုပ်နိုင်ပါတယ်....
2006 Honda Civic Hybrid မှာသာအင်ဂျင်မပါပဲ မော်တာသီးသန့် အလုပ်လုပ်နိုင်အောင် လုပ်နိုင်ခဲ့တာဖြစ်ပါတယ်..
IMA စနစ်ရဲ့ အရေးပါတဲ့ စနစ်တစ်ခုကတော့ Regeneration Braking လို့ခေါ်တဲ့ ဘရိတ်အုပ်နဲ့အခါမှာ သုံးတဲ့ ပိုသွားတဲ့ Energy ကို ဘက်ထရီကို ပြန်ပြီး အားဖြည့်တာ ဖြစ်ပါတယ်..
ပြီးတော့ ပြန်ပြီး အရှိန်မြှင့်တင်ရာမှာ ပြန်ထုတ် သုံးပေးတာဖြစ်ပါတယ်..
အဲ့လို လုပ်နိုင်တဲ့အတွက် အင်ဂျင်ရဲ့ အရှိန်တင်အားကို မြှင့်တင်ပေးတယ်...
အင်ဂျင်ရဲ့ အားစိုက်ထုတ်ရမှုကို သက်သာစေတယ်...
ဘရိတ်အစိတ်အပိုင်းတွေ ရဲ့ သက်တမ်းကို လဲ ရှည်စေပါတယ်...
ဆိုလိုချင်တာကတော့ IMA motor က လိုတဲ့အခါ အင်ဂျင်ကို အထောက်အကူပေးပြီး မလိုတဲ့အခါ ဘက်ထရီကို အားပြန်သွင်းပေးတဲ့ ဒိုင်နမို (alternator or generator) လိုအလုပ်လုပ်စေတာပါ...
ဘယ်လိုအချိန် အထောက်အကူပေးလဲဆိုတာ ငြင်းနေကြတဲ့ သူတွေအတွက် ရှင်းပြပါ့မယ်...
ပုံမှာလဲ ပါပါတယ်...
ဆီစားသက်သာဖို့ဆိုရင် အင်ဂျင်အားစိုက်ရတဲ့ High Rev တွေမှာ ကူညီပေးရမှာပါ..
ဘယ်လိုအချိန်မှာ High Power Demand ဖြစ်တတ်လဲ...
၁. အရှိန် မရသေးတဲ့ စထွက်ထွက်ချင်းမှာ ကူညီပေးပါတယ်...
၂. အရှိန်ရသွားပြီဆိုရင် တဖြည်းဖြည်း အရှိန်တင်တာမှာ ခဏနားပါမယ်...
၃. အရှိန်နည်းနည်းနဲ့ ပုံမှန်မြန်နှုန်းတစ်ခုနဲ့မောင်းရင် ကူညီပေးပါတယ်..(အင်ဂျင်ဗားတွေရပ်သွားပါပြီ)
၎. အဲ့လိုသွားနေရင်းနဲ့ အရှိန်ထပ်တင်ဦးမယ်ဆိုရင် မော်တာကိုအပြည့်မောင်းပြီး အင်ဂျင်အနည်းငယ် အားပြန်စိုက်ပါမယ်
၅. ဒီထက် high power ကိုလိုချင်ရင် အင်ဂျင်ရဲ့
VTEC ကနေ valve တွေကို High lift လုပ်မယ်
Motor ကို အားအပြည့်assist လုပ်ပြီး မောင်းပါပြီ...
၆. High speed cruising လို့ခေါ်တဲ့ အရှိန်များများနဲ့ ပုံသေမောင်းနေမယ်ဆိုရင်တော့ VTEC က valve တွေကို low lift လုပ်ပြီး Motor assist ကိုလဲ ရပ်လိုက်မှာ ဖြစ်ပါတယ်...
၇. ဘယ်အချိန်အားပြန်သွင်းမလဲ?...
ဘရိတ်အုပ်တဲ့အချိန်မှာ VTEC က valve တွေကို အလွတ်ဖြစ်စေပြီး အင်ဂျင် compression မရှိပဲ မွှေ့သလို ဖြစ်စေကာ IMA motor ကနေ Generator အဖြစ်ပြောင်းလဲ တာဝန်ထမ်းဆောင်ပါတယ်....
မရှင်းရင်ပုံမှာကြည့်ပါ..
အခု ပထမဆုံးအနေနဲ့ IMA motor ရဲ့ တည်ဆောက်ပုံလေးကို ရှင်းပြပါ့မယ်...
Honda Civic Hybrid စနစ်ကို အခြေခံပြီးရှင်းပြပေးပါမယ်...
Honda Civic မှာ သုံးထားတဲ့ မော်တာအမျိုးအစားကတော့ AC 3 Phase brushless motor ဖြစ်ပါတယ်..
သိကြတဲ့အတိုင်းပါပဲ မော်တာမှာ Mechanical အားဖြင့် Rotor နဲ့ Stator လို့ ခေါ်ပြီး...
Electrical အားဖြင့် armature နဲ့ Field winding ဆိုတဲ့ အပိုင်း ၂ပိုင်းပဲ အဓိက ပါဝင်ပါတယ်... မော်တာရဲ့ လည်နိုင်အား(Torque)ကို Battery ရဲ့ Ampere Current နဲ့ တိုက်ရိုက်အချိုးကျပြီး...
လည်ပတ်နှုန်း(RPM)ကတော့ ကျွေးတဲ့ volt နဲ့တိုက်ရိုက် အချိုးကျပါတယ်...
Motor အမျိုးအစား အဓိကအားဖြင့် ၂မျိုးပဲရှိပါတယ်..
(1.) ထောင့်ကို အတိအကျ သတ်မှတ်လို့ရတဲ့ Stepper motor သို့မဟုတ် Servo Motor နဲ့
(2.)လည်ရုံသာလည်စေတဲ့
AC or DC Motor ပါ..
AC မှာ ဆိုရင် Single Phase လား Three Phase လား...Asynchronous လား Synchronous လား
DC မှာ ဆိုရင် Brushless(ကာဘွန်မပါ) လား Brush Type (ကာဘွန်ပါလား)
ဘယ်လည်လား ညာလည်လား...၂ဖက်လည်လား...အဲ့လောက်ပါပဲ...
Honda Civic IMA motor မှာ Field Winding 18 coil ပါပါတယ်...
ပေးတဲ့ ပါဝါက 3Phase AC ပါဝါဆိုတော့ 18 ကို 3 နဲ့စား တော့ ၆ကြွင်း
Coil 6 coil ကို AC single phase တစ်ခုစီ ဝင်ထားတာပါ...
တစ်ခုကို 6 coil ဆိုတော့ 3 phase ဆိုတော့
Field winding 18 coil က အညီအမျှ ခွဲယူသွားတာပါ...
Crankshaft နဲ့ တူတူတွဲ လည်တဲ့ Rotor မှာကတော့ အမြဲတန်းသံလိုက်ခေါ် Permanent Magnet PM 12 ခု ပါပါတယ်...
ဒါက မော်တာဖွဲ့စည်းပုံပါ...
ဘက်ထရီ ဖွဲ့စည်းပုံကို ပြောပါ့မယ်...
သုံးထားတဲ့ ဘက်ထရီအမျိုးအစားကတော့
Nikel Metal Hydride (NiMH) ဖြစ်ပါတယ်...သူရဲ့ Mass to Energy Content ကတော့
120 W Hr Per Kg ဖြစ်ပါတယ်... အဓိပ္ပါယ်ကတော့ အဲ့ဒီ Battery တစ်ကီလိုဂရမ် တစ်လုံးဟာ အားအပြည့်ရှိရင် 40W ရှိတဲ့ မီးလုံးကို ၃ နာရီ
ကြာလင်းပေးနိုင်ပါတယ်...(ဥပမာပေးတာပါ)
Honda Civic သုံးထားတာကတော့ 144V ရှိတဲ့
Nickel Metal Hydride (NiMH) battery ပါ...
ကားအနောက်ခန်း ထိုင်ခုံ ဖြုတ်လိုက်ရင် ထိုင်ခုံ နောက်မှီ မှာ ကာဗာတစ်ခု တွေ့ပါလိမ့်မယ်..
မဖွင့်ရ သေတတ်သည် ဒဏ်ရာရတတ်သည် လို့ ရေးထားပါတယ်...
နောက်ပြီး မိန်းခလုတ်တစ်ခုရှိပါတယ်...
ပြုပြင်မယ်ဆို ပိတ်ပေးရပါတယ်...
ပိတ်ပြီး PDU capacitor တွေ အားကုန် သွားစေဖို့ ငါးမိနစ် လောက်ထားပေးရပါတယ်...
အဲ့မှာ ခွာလိုက်ရင် ညာဘက်ခြမ်းက အမဲ ရောင် လေးထောင်းတုံးကြီးက ဘက်ထရီပါ...
သူ့ထဲမှာ Temerature sensor အနည်းဆုံး ၃လုံး ပါပါတယ်...
အဲ့ဒီ Sensor ကနေ Battery Control Module BCM ကို signal ပို့ပေးပြီးတော့ IPU Fan Module က ပန်ကာကို မောင်းနှင်စေပါတယ်..
ပြီးတော့ သူ့ထဲမှာ Junction box လဲ တစ်ခုပါပါသေးတယ်...အဲ့ Junction board ထဲမှာဘာတွေပါလဲဆိုတော့ battery current sensor,by pass contactor, high voltage contactor, by pass resistor တွေပါပါသေးတယ်...
battery Module(battery) ကနေ လိမ္မော်ရောင် ပိုက်နဲ့ အပေါင်းနဲ့ အနုတ် ၂ချောင်းထွက်ထားပါတယ်...
ဘယ်ကို သွားလဲဆိုတော့ ဘက်ဘက် ထောင့်ဆုံးက Motor Power Inverter Module(Motor Control Module MCM) ကို သွားတာပါ.. တစ်နည်းပြောရင်ရင် DC power ကနေ 3 Phase AC ကို ပြောင်းပေးတာပါ...
သူ့မှာ Mitsubishi က Designed လုပ်ပေးထားတဲ့
IGBT insulated Gate Bipolar Transistor 3လုံးပါပါတယ်...အဲ့ဒီကနော မော်တာကို မောင်းဖို့ 3Phase U W V ဆိုတဲ့ ကြိုးသုံးချောင်း ထွက်တာပါ...
အဲ့မှာ UWV current sensor 3ခုကနေ motor control Module ကို အမြဲတမ်းသတင်းပို့ပေးပါတယ်...ပြီးတော့မှ MCM ကနေ IMA motor ကို Assist /Regenerative လုပ်မလုပ် ဆုံးဖြတ်ပေးပါတယ်...
အဲ့ထဲမှာပဲ A/C compressor ကို ဘက်ထရီနဲ့မောင်းဖို့ A/C compressor driver ဘူးလဲပါပါသေးတယ်..
မော်တာဆီ သွားတဲ့ U V W ကြိုးသုံးချောင်းရော
A/C compressor power cable ရောက လိမ္မော်ရောင် ကြိုးအတုတ်ကြီးကနေ တစ်ကြိုးတည်းသွားတာပါ...အဲ့ကြိုးကို Aluminium tube ထဲထည့်တာပါ..
High Voltage Hybrid battery ကနေ DC high Volatge အပေါ်မှာ ကြိုး ၂ချောင်းထွက်တယ်လို့ ရေးထားပါတယ်...
အောက်မှာလဲ ထွက်ပါတယ်...
လိမ္မော်ရောင်ကြိုးတွေ အားလုံးဟာ High Voltage ပါပဲ...
အဲ့ကြိုးက DC to DC converter ထဲကို ဝင်သွားပြီးတော့ ၂ချောင်းပြန်ထွက်ပါတယ်...
တစ်ချောင်းက Chassis Ground ဖြစ်ပြီး တစ်ချောင်းကတော့ အင်ဂျင်ခန်းထဲက ဘက်ထရီဆီကို သွားတဲ့ 12V မိန်းပါ...
အလယ်တည့်တည့်က ဟာကတော့ battery Control Module ဖြစ်ပါတယ်...
Module တွေများတော့ နားရှုပ်သွားပြီ ထင်ပါတယ်...
Moduleနဲ့ Control module နဲ့ရောပါလိမ့်မယ်..
သေချာ ဖတ်ပြီး လေ့လာကြည့်ပါ...
ဒါတောင် နည်းနည်းကျန်သေးတယ်...
အဲ့ System ကြီးတစ်ခုလုံးကိုတော့ intelligent Power Unit (IPU) လို့ခေါ်ပါတယ်...
အဲ့ IPU တစ်ခုလုံးကို အအေးပေးဖို့အတွက် Blower Fan တစ်ခု ကား နောက်ဖုံး Trunck ထဲမှာပါပါတယ်...လေအဝင်ကတော့ နောက်ထိုင်ခုံ ခေါင်းမှီနောက် အလယ်က လေးထောင့် အတုံးက ဝင်တာပါ...
ပြန်ထွက်တာကတော့ နောက်ဖုံးထဲကိုပဲ ပြန်ထုတ်ပေးပါတယ်...
အဲ့Fan မလည်ရင် IMA စနစ်ကြီးတစ်ခုကိုလဲ Restrict လုပ်ထားပါတယ်.. အလုပ်မလုပ်စေပါဘူး...
Hybrid စနစ်ကို ပြုပြင်မယ်ဆိုရင် Hybrid Special Tools တွေ အသုံးပြုရပါမယ်..
Special Rubber Gloves (1000V) အထိခံနိုင်တဲ့ လက်အိတ်တွေသုံးရပါမယ်..
Hybrid battery က ပတ်ဝန်းကျင်အတွက် မကေုင်းလို့ စနစ်တကျ စွန့်ပြစ်ရမှာဖြစ်ပါတယ်...
အမှားများပါခဲ့ရင် ကျွန်တော့်ကိုဝေဖန် အကြံပြုနိုင်ပါတယ်...
မည်သူ့ဆီက မှ ကူးယူဖော်ပြခြင်းမဟုတ်ပါ..
တချို့စာများ မြန်မာလို ဘယ်လိုမှ ပြန်လို့ မရတာကို နားလည်ပေးပါ...
သေချာဖတ်ပြီး တစ်ခုခု ပညာရသွားရင် ကျေနပ်ပါတယ်...
Khant sway
Arkar Min workshop (ဘားအံ)
09970342371
#Credit Ko Khant Sway

Post a Comment