မြို့ပြလူနေမှုပုံစံ တိုးတက်များပြား လာမှုကြောင့် မြို့ကြီးတွေဆိုရင် မြေကွက်က အရင်းအနှီးကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ တချို့သော မြို့ပြစာသင်ကျောင်းတွေဟာ အဆောက်အအုံ ခေါင်မိုးတွေကို ပြေးလွှားဆော့ ကစားမယ့် အနေရာအဖြစ် အကျိုးရှိရှိ အသုံးပြုကြပါတယ်။ သို့ပေမယ့်လို့ ကုမ္ပဏီတစ်ခုက သူ့ခေါင်မိုးကို စိုက်ပျိုးမွေးမြူရေးခြံ တစ်ခုအဖြစ် ပြောင်းလဲကာ ပိုလို့တောင် အကျိုးရှိစွာ အသုံးပြုခဲ့တယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chongqing ပြည်နယ်ရှိ ယင်းကုမ္ပဏီက ရုံးခန်း အဆောက်ဦးခေါင်မိုးပေါ် ၄င်းရဲ့ ဝန်ထမ်းတွေ ကိုယ်၊ စိတ်အပန်းဖြေစေနိုင်ရန် စိုက်ပျိုးရေးခြံတစ်ခု ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။
ကုမ္ပဏီဝန်ထမ်းများ ပန်းပင်တွေ၊ ကြာပန်းနဲ့ တခြား ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးပြီး အသား၊ ဥ စားအတွက် ကြက်၊ ဘဲတွေတောင် မွေးမြူထားကာ ရာသီရောက်တဲ့အခါ သီးနှံတွေ အိမ်ယူသွားနိုင်ကြပါတယ်။

Ref:chinadaily.com.cn
 
Top