ရုရှားနိုင်ငံ အူလျာနိုဗက်စ် ပြည်နယ် ဒီမီထရို ဂရဒ် မြို့ (Dimitrovgrad) တွင် အသက် ၈ နှစ်သာ ရှိသေးတဲ့ ကောင်လေးတစ်ယောက်က Facebook မှာ Like များစေဖို့အတွက် တိုက်အစွန်းများကနေ တွဲလောင်း ခိုပြခဲ့ပြီး သူရဲ့ သူငယ်ချင်းဖြစ်သူက ဗီဒီယို ရိုက်ကူးပေးခဲ့ပါတယ်။
ဗီဒီယိုကို ရိုက်ကူးပေးခဲ့တဲ့ ကောင်လေးဟာ အသက် ၁၂ နှစ်အရွယ်ရှိပြီး ၈ နှစ်အရွယ်ကောင်လေးတစ်ယောက်က အပေါ်ထပ် သံချေးတက်နေတဲ့ လက်ရန်းတန်းကနေ တွဲလောင်းခိုပြခဲ့တာကို မြင်နိုင်ပါတယ်။ဗီဒီယို ပြီးဆုံးခါနီးမှာ အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၂ ယောက်က ကြည့်ရှုသူတွေကို နောက်ထပ်လည်း အသက်အန္တရာယ်ရှိတဲ့စွန်းစားခန်း ဗီဒီယိုတွေ အများကြီး ထပ်တင်ပေးသွားမှာဖြစ်တဲ့ အတွက် Like Buttom လေးနှိပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အခုဆိုရင် ရဲများက ဒီကောင်လေးတွေ ဒီစတန့်ကို ဒီမီထရို ဂရဒ် မြို့ ဘယ်နေရာနားမှာ လုပ်ကြသလဲဆိုတာကို လိုက်လံစုံစမ်းနေတယ် လို့သိရပါတယ်။ ဒီမီထရို ဂရဒ် မြို့ ရှိ ကလေးများနဲ့ ကလေးမိဘ များကလည်း ကလေးတွေ အသက်အန္တရာယ် မဖြစ်စေဖို့အတွက် ရဲများနဲ့ ပူးပေါင်းရှာဖွေ စုံစမ်းပေးနေတယ် လို့ ရုရှား သတင်းဌာန တစ်ရပ်က ဖော်ပြခဲ့ပါတယ်။
ဒီဗီဒီယိုကို အွန်လိုင်းပေါ်မှာ ကြည့်ရှုသူတွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ” ရူးကြောင်ကြောင်ကောင်လေးတွေ၊ကလေးမိဘတွေက သူတို့ကို ပြင်းပြင်းထန်ထန် ဆုံးမပါစေလို့ မျှော်လင့်ပါတယ် ” လို့ ရေးသားခဲ့ပြီး နောက်ထပ်တစ်ယောက်ကတော့ ” ကျပ်မပြည့် ၂ ကောင် ” လို့ ဝေဖန်ခဲ့ပါတယ်။
Ref : The Sun
Post a Comment