ကိုယ်လုံးတီး ဝါဒကို လက်ကိုင်ထားတဲ့ လန်ဒန်မြို့ရှိ သန့်ရှင်းရေး ကုမ္မဏီ တစ်ခုကနေ နေ့စဉ် အိမ်မှုကိစ္စများကို အဝတ်အစား လုံးဝ ဝတ်ဆင်ထားခြင်း မရှိပဲ လုပ်ဆောင်ပေးနိုင်မယ့် သန့်ရှင်းရေး အမျိုးသမီးများ ကို ဝင်ငွေကောင်းကောင်းပေးပြီး အလုပ်ခေါ်နေလျက်ရှိပါတယ်။

 တော်တော်ကို အူကြောင်ကြောင်နိုင်တဲ့ အလုပ် တစ်ခုလို့ သတ်မှတ်လို့ ရပေမယ့် ဒီအလုပ်ရဲ့ဝင်ငွေ က အမျိုး သမီးတော်တော် များများကို ဆွဲဆောင်နေနိုင်ပါတယ်။ 


လန်ဒန်မြို့မှာ ရှိတဲ့ သာမန် အိမ်သန့်ရှင်ရေး တစ်ယောက်ဟာ တစ်နာရီ ကို အမေရိကန်ဒေါ်လာ ကိုးဒေါ်လာ သာ ရရှိတာဖြစ်ပြီး ကိုယ်လုံးတီး သန့်ရှင်းရေးအလုပ် ကတော့ တစ်နာရီ ကို ၅၆ဒေါ်လာ အထိ ရရှိနိုင်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီ အလုပ်ဟာ လန်ဒန်မြို့ရှိ အမျိုးသမီးများကြားမှာ ရေပန်းစားလာတဲ့ အလုပ်တစ်ခု ဖြစ်လာခဲ့ရပါတယ်။

အိမ် သန့်ရှင်းရေး လုပ်မယ့် အမျိုးသမီးတွေဟာ လက်အိပ် နဲ့ ဖိနပ်က လွဲရင် ခန္ဓာကိုယ်ပေါ်မှာ ဘာမှ ဝတ် ဆင်ထားခြင်း မရှိပဲ အိမ်မှုကိစ္စ အထွေထွေကို လုပ်ကိုင်ပေးရမှာဖြစ်တယ်လို့ Naturist Cleaners ကုမ္မဏီရဲ့ပိုင်ရှင် လာရာစမစ် က ရှင်းပြပါတယ်။ 







လာရာ က သူတို့ရဲ့သန့်ရှင်းရေး လုပ်ငန်းဟာ လိင် ကိစ္စကို အသားပေးထားတာ မဟုတ်ပဲ ကိုယ်လုံးတီး ဝါဒကို သဘောကျသူတွေ အတွက် အဆင်ပြေနိုင်စေဖို့နဲ့ သန့်ရှင်းရေး အမျိုးသမီးများ ကလည်း ငြီးငွေ့ စရာကောင်း တဲ့ အိမ်မှု ကိစ္စတွေအပေါ် ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်လာနိုင်အောင်လို့ အခုလို စီစဉ်လိုက်ရတာဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒီလို ကိုယ်လုံးတီး သန့်ရှင်းရေး သမလေးတွေကို စိတ်တိုင်းကျရွေးချယ်ပြီး ခန့်အပ်နိုင်တာကြောင့် Naturist Cleaners ရဲ့ ဖောက်သည်တော်တော်များများ က အမျိုးသားတွေသာ ဖြစ်နေပါတယ်။ 

အိမ်မှုကိစ္စလည်း နိုင်နင်းသလို ခန္ဓာကိုယ် လှပတဲ့ အမျိုးသမီးတွေ ကတော့ သတ်မှတ်ထားတဲ့ တစ်နာရီ လုပ်အားခ ထက်ကို ပိုမို ရရှိနေတယ်လို့လည်း သိရပါတယ်။ ဒီလို လူတစ်ကာကြားမှာ ရေပန်းစားနေတဲ့ Naturist Cleaners ဟာ အခု ဆိုရင် လန်ဒန် မြို့မှာသာ မကပဲ နောက်ထပ်မြို့ သုံးမြို့လောက် အထိ ကို လုပ် ငန်း တိုးချဲ့ထားရတယ်လို့ သိရှိရပါတယ်ခင်ဗျာ။


 
Top