၁။ဘယ်သူ့ကိုမှ မယုံမိစေနဲ့
( အယုံလွန်တဲ့အခါ နောင်တချိန် နောင်တနဲ့မျက်ရည်နဲ့ပဲ ဘ၀ကိုဖြတ်သန်းရလိမ့်မယ် )

၂။ဘယ်သူ့ကိုမှ ပိုလွန်တဲ့ စေတနာမထားမိစေနဲ့
( စေတနာလွန်တဲ့အခါ ကျွန်ဖြစ်တတ်တယ် စေတနာကို အသိအမှတ်ပြုရင် ၀မ်းမြောက်ဖွယ်ဖြစ်ပေမယ့် စေတနာကနေ အထင်လွဲလို့ ဝေဒနာဖြစ်တဲ့အခါ ကိုယ်ရော တစ်ပါးသူရော စိတ်ဆင်းရဲရတတ်တယ် သင့်တင့်မျှတတဲ့ စေတနာက သာ အကောင်းဆုံးပါပဲ )

၃။ဘယ်သူ့ကိုမှ ကိုယ့်လို စိတ်ရှိတယ်လို့မထင်လိုက်နဲ့
( တချို့ကိစ္စတွေမှာ ကိုယ့်စိတ်နဲ့နှိုင်းပြီး သူတစ်ပါးလဲ ကိုယ့်လိုပဲတွေးမယ် ခံစားမယ် လုပ်ဆောင်မယ်လို့ မထင်လိုက်ပါနဲ့ ကိုယ်က ကိုယ် သူက သူပါပဲ )

သက်တန့်ချို _
 
Top