မိုက်နဲ့ အန်နီဟောင်းဝပ် နှစ်ယောက် ပီရူးနိုင်ငံ  Machu Picchu ကိုခြေလျင်သွားကြပုံ (Photo: www.HoneyTrek.com)

up ကာတွန်းကားကြည့်ဖူးကြမှာပါ၊ဇနီးသည်ငယ်ငယ်ကတည်းအိပ်မက်မက်ခဲ့ရတဲ့ခရီးကို ဇနီးမောင်နှံနှစ်ယောက်အတူတူသွားကြဖို့ပိုက်ဆံစုရင်းစုရင်းနဲ့ ဇနီးသည်ဆုံးပါးသွားခဲ့ပြီး အဖိုးကြီးတစ်ယောက်တည်း သူဇနီးသည် သွားချင်ခဲ့တဲ့ခရီးကိုသူတစ်ယောက်တည်း သွားခဲ့တဲ့  ဇာတ်ကားလေးပါ။ကြည့်ဖူးတဲ့သူတွေဆို မျက်ရည်ခိုင်ခိုင်မနည်းထားခဲ့ရတဲ့ ရုပ်ရှင်လေးပါ၊အခုတော့ အဲ့လိုအဖြစ်မျိုးမကြုံရ အောင် ကမ္ဘာ့အကြာဆုံး ဟန်းနီးမွန်းအဖြစ် ၅နှစ်ကြာခရီးသွားနေတဲ့စုံတွဲလေးပေါ်လာပါပြီ။




3
နော်ဝေနိုင်ငံ၊နော့ကိတ်
အန်နီနဲ့မိုက်တို့ဟာ ၂၀၁၁ မှာလက်ထက်ခဲ့ပြီးတော့ သူတို့ရဲ့ပိုင်ဆိုင်မူတွေကိုရောင်း၊နယူးယောက်က အိမ်ကိုအငှားချခဲ့ပြီးအလုပ်တွေကိုယ်စီထွက်လို့ ကမ္ဘာပါတ်နေတဲ့စုံတွဲဖြစ်ပါတယ်။သူတို့ဟာ ၂၀၁၂ ဇန်န၀ါရီလမှာအိမ်ကထွက်ခဲ့ပြီး တိုက်ကြီး ၇ တိုက်လုံးက နိုင်ငံ ၅၀ ကျော်ကို ခရီးသွားခဲ့ပါတယ်။



7
မက်ဆီကိုနိုင်ငံတွင်
အနားယူပြီးအသက် ၆၅ လောက်မှ ကိုယ်လုပ်ချင်တာတွေလုပ်မယ်ဆိုတဲ့အတွေးက အရမ်းအရဲစွန့်ရာကြတယ်လို့ ကျွန်တော်တို့၂ယောက် တွေးခဲ့ပါတယ်။ကျွန်တော်တို့ ငယ်ရွယ်တုန်းမှာ အိပ်မက်တွေကို အကောင်အထည်ဖော်ရအောင်လို့ မိုက်က ပြောပါတယ်
သူတို့စုံတွဲဟာ အစကတော့ တစ်နေ့ကို US39$ သုံးမယ်လို့လျာထားပေးမဲ့ နောက်ပိုင်းကျတော့ တစ်နေ့ကို US20$ပဲသုံးပါတော့တယ်။ဒါပေမဲ့ သူတို့သုံးကျတဲ့ငွေဟာတစ်နိုင်ငံနဲ့တစ်နိုင်ငံမတူပါဘူး။

6 
အန်နီ မြန်မာနိုင်ငံ အင်းလေးကန်မှာ သနပ်ခါးလိမ်းနေတဲ့ပုံလေးပါ။
သူတိုဟာ မြို့တစ်မြို့နဲ့တစ်မြို့ကြားသွားတဲ့အခါမှာ လေယာဉ်မစီးပဲ ဘတ်စ်ကားစီးပြီးခရီးသွားကြပါသေးတယ်။အဲ့ဒါဟာ အကုန်အကျသက်သာစေရုံသာမက မြင်ကွင်းတွေကိုကောင်းကောင်းရူစားနိုင်ပါတယ်တဲ့။ပထမတော့ သူတို့ဟာ ခရီးစဉ်အတွက်ပိုက်ဆံချွေတာခဲ့ကြပေမဲ့ အခုဆိုရင် သူတို့လိုမျိုး ခရီးရှည်သွားတဲ့သူတွေကို အကြံဥာဏ်တွေပေးထားတဲ့ website ကနေတဆင့်ဝင်ငွေ၇ကြပါတယ်။

4 နော်ဝေးနိုင်ငံ၌
သူတို့ရဲ့ လက်ထပ်ခြင်း ၅ နှစ်မြောက်နှစ်ပါတ်လည်နေ့ကို Antarctica မှာကျင်းပခဲ့ပါတယ်။ဇနီးမောင်နှံနှစ်ဦးဟာ အမေရိကန်နိုင်ငံကို ဒီဇင်ဘာလအတွင်းမှာပြန်လာမှာဖြစ်ပါတယ်။
                                                                                           Ref: mirro
 
Top