ပြောင်းလဲမှုအချို့စပြီ
===========
(နိုင်ငံ့ဝန်ထမ်းများအတွက် အထူးသတင်းကောင်း)
ယနေ့ နံနက် (၉)နာရီ အချိန်၌
ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)
အရာထမ်း အခြေခံသင်တန်း အမှတ်စဉ်(၅၀)
စာသင်ခန်းမ (၁) တွင် ပါမောက္ခချု ပ် ဦးအောင်တင်စိုး မှ ပြည်ထောင်စု ရာထူးဝန်အဖွဲ့  ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း ၏ လမ်းညွှန်ချက်အရ
နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သည့် (UCSB)၏
ပြု ပြင်ပြောင်းလဲမှုများအား သင်တန်းသားများ သိရှိစေရန် မိန့် ခွန်းပြောကြားခဲ့ပါသည်-
၁။ ရာထူးဝန်အဖွဲ့က ခေါ်ယူသည့် ဦးစီးအရာရှိ ဝင်ပေါက် စာမေးပွဲပုံစံများအား
ပြောင်းလဲမည်။ ဘာသာရပ်ပြောင်းလဲမည် မဟုတ်ဘဲ ကျက်ဖြေပုံစံအစား
ကိုယ်ပိုင်ဥာဏ်(thinking) ဖြင့်သာဖြေဆိုရမည်။စာကျက်ပျင်းသူများအတွက်
သတင်းကောင်းဖြစ်ပြီး အတွေးအခေါ်ကောင်းသူ နှာတစ်ဖျားသာမည်။
၂။ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေအရ ယခင် လုပ်သက်ခွင့် အများဆုံး ၁လ သာ စုဆောင်းခွင့်ရပြီး နှစ်ကုန်လျှင် အလိုအလျောက် ပျက်ပြယ်သော်လည်း ယခုအခါ ၂ လ အထိ စုဆောင်းခွင့်ရှိပြီး ကိုယ်မခံစားလျှင် အလိုလိုရှိနေမည် ဖြစ်သည်။ (အသေးစိတ်ကို မကြာမီ သိရှိရပါမည်။)
၃။ မီးဖွားခွင့်ကို ယခင်က ဇနီးသည်ဝန်ထမ်းဖြစ်မှသာ အမျိုးသားဝန်ထမ်းသည် ခွင့်ခံစားခွင့် ၂ ပတ် ရသော်လည်း ယခုအခါ ဇနီးသည် သည် ဝန်ထမ်းဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ခွင့် ၂ ပတ်ရမည်ဖြစ်သည်။
၎။ ယခင် လုပ်သက် ၃၀ ပြည့်သော်လည်း အသက် ၅၅ နှစ်ပြည့်မှသာ လုပ်သက်ပင်စင်ယူလို့ ရမည်ဖြစ်သော်လည်း ယခုအခါ လုပ်သက် ၃၀ ပြည့်ပါက အသက်၅၅ နှစ်မပြည့်သော်လည်း လုပ်သက်ပင်စင်ယူလို့ ရပြီဖြစ်သည်။
၅။ ဗ.ဝ.တ ပြောင်းလဲမှုများစွာ လုပ်မည်။ အပိုမဆလာတွေ ! မလိုအပ်တာတွေ ဖြု တ်မည်ဖြစ်သည်။ တက္ကသိုလ်ဆရာ/မ များ! ပညာရေး ဝန်ထမ်းများအတွက် ဖွင့်လှစ်သည့် မွမ်းမံသင်တန်းများအား ပညာရေးဝန်ကြီးဌာနနှင့် တိုင်ပင်ပြီး ဖြု တ်ပစ်မည်ဖြစ်ကာ ပုံမှန်သင်တန်းများ ဆက်ရှိနေမည်ဖြစ်သည်။ပုံမှန်သင်တန်း- ဇေယျ ! သူရိန်! ဗလ စသည်)
လိုဂိုများပြောင်းလဲမည်။ရည်ရွယ်ချက်များ ဆောင်ပုဒ်များ ပြောင်းမည်။
လာမည့် သြဂုတ်လမှ စတင်ပြီး (ပူလောင်အိုက်စပ်သော) ယူနီဖောင်းများ ဝတ်စရာမလိုတော့ပါ။ ဌာနဆိုင်ရာ ယူနီဖောင်းသာ ဝတ်ဆင်ရမည်။ စတစ်ကော်လာနှင့် ပုဆိုး ဝတ်ဆင်လို့ ရသည်။ စစ်ဖိနပ် စီးစရာမလိုတော့ပါ။ ညှပ်ဖိနပ်သာ စီးရမည်။ လက်နက်ငယ် စစ်ရေးပြ! ခရီးတိုချီတက်သွားလာခြင်း ( SRP- Short Range Penetration) ! ကျောင်းဆင်းပုလိပ်! သေနတ်ပစ် လုံးဝမရှိတော့ပါ။ ပင်ပန်းဆင်းရဲမှု အတော်လေး သက်သာသွားပြီဖြစ်သည်။ နောက်ပိုင်းတွင် ကစ်(kit) ခင်းကျင်းမှု အတော်လေး ဖြေလျှော့မည်။ ဆု ၂ ဆုသာ ပေးတော့မည်။ သင်တန်းသား/သူ အားလုံးအတွက် စာပေထူးချွန်ဆုနှင့် သင်တန်းသားစံပြဆု( B C - Best Cadet) နှစ်ဆုသာ ပေးတော့မည်။ ကျန် ဆုများ မပေးတော့ပါ။
၆။ လာမည့် ၂၀၁၇ ခုနှစ်ကစတင်ပြီး CSA(Civil Service Academy) ဖွင့်မည်။ သင်တန်းကာလ ၆ လ ဖြစ်ပြီး ဒီပလိုမာ(Diploma) ပေးမည်။ အလယ်အလတ်အဆင့်(Middle Level) ကို Advanced Diploma ပေးအပ်မည်။ Senior Level အတွက် မာစတာ(MSc) ပေးအပ်မည် ဖြစ်သည်။တစ်နှစ် တက်ရောက်ရမည်ဖြစ်သည်။နိုင်ငံခြားမှ ကျွမ်းကျင်ပညာရှင်များ လာရောက်ပို့ ချမည်။
လစာမတိုးသေးသော်လည်း နိုင်ငံ့ဝန်ထမ်းများ၏ ခံစားခွင့်များ ! ရပိုင်ခွင့်များ တဖြည်းဖြည်း တိုးတက်လာတော့မည် ဖြစ်သည်။
Credit: Moe Kha
via' Lwin Oo
မယဉ်မာထံမှ ကူးယူဖော်ပြပါသည်။

Post a Comment