0

 
ဖုန်းနှင့်ဓာတ်ပုံများမှောင်နေသည့်အချိန်တွင်ရိုက်ကူသည့်အခါ professional ဓာတ်ပုံကောင်းများရရှိရန် ရိုက်ကူးရမည့်နည်းလမ်းများထဲမှအချို့ကို အောက်တွင်ဖော်ပြထားပါသည်။
မှောင်နေသည့်အချိန်တွင်ဓာတ်ပုံဘယ်လိုရိုက်မလဲ?
စမတ်ဖုန်းကိုင်ထားသည့်လူအတော်တော်များမှာဓာတ်ပုံရိုက်ပါကအလင်းအမှောင်ကိုထိန်းချုပ်ရိုက်ကူးသည့် အခါအချို့စမတ်ဖုန်းများကအလိုအလျောက်ချိန်ညှိပေးသည့်အတွက်တစ်ခါတလေတွင်အလင်းအားနည်းသည့်ဓာတ်ပုံများမှာဖွယ်နေပြီး လူရုပ်များသေချာမသဲကွဲသည့်အဖြစ်မျိုးဖြစ်တတ်ပါသည်။
ထို့ကြောင့်အလင်းအားနည်းချိန်တွင် လူပုံဖြစ်ဖြစ်၊ ရှုခင်းလှပသည့်မြို့တွင်းပုံများရိုက်ကူးခြင်းဖြစ်ဖြစ်အကောင်း ဆုံးမှာ Manual စနစ်ဖြင့်ရိုက်ကူးခြင်းမှာအကောင်းဆုံးဖြစ်ပါသည်။
Tripod သုံးပါကပိုမိုအဆင်ပြေမည်ဖြစ်ပြိး ဓာတ်ပုံအယူအဆအတွက် နေ့ဘက်တွင်ရိုက်ကူးသည့်ဓာတ်ပုံများထက်ပိုပြီးနည်းစနစ်များပိုမိုအသုံးပြုရိုက်ကူးရမည်ဖြစ်သည်။
၁။ကင်မရာလုပ်ဆောင်ချက်များကိုလေ့လာပါ။
မိုဘိုင်းဖုန်းကင်မရာနှင့်အလင်းအားနည်းသည့်အခါဓာတ်ပုံရိုက်မည်ဆိုပါက အရင်ဆုံးဘယ်လိုရိုက်ကူးရမလဲဆိုသည်ကိုလေ့လာထားရမည်ဖြစ်သည်။
မိမိရိုက်ကူးမည့်ရှုခင်းနေရာသာမကလူပုံကိုရိုက်ကူးသည့်အခါ အမှောင်ဘယ်လောက်ပမာဏရှိနေပြီး လင်းအောင် Shutter Speed ဘယ်လောက်ထားပြီးရိုက်ကူးရမည်ဆိုသည်ကိုလေ့လာထားရပါမည်။
ဖုန်းကင်မရာများတွင်ပါဝင်သည့် Camera Manual စနစ်မှ Shutter Speed မှဘယ်အတိုင်းအတာထိလုပ်နိုင်သလဲဆိုသည်ကို ဓာတ်ပုံအစမ်းရိုက်ကူးရင်းနှင့်လေ့လာနိုင်ပါသည်။
အဓိကမှာ Shutter Speed နှင့် ISOကိုလိုသလိုချိန်ထိုးကစားနိုင်ပြီး ဓာတ်ပုံအရည်အသွေးကို လေ့လာနိုင်ပါသည်။
အချို့မှာမိုဘိုင်းဖုန်းတွင်ပါရှိသည့် auto စနစ်ကိုပဲထားပြီး ရိုက်ကူးလိုက်သည့်အတွက်ဖုန်းကင်မရာက ထုတ်ပေးသည့်ဓာတ်ပုံကွာလတီသာရရှိမည်ဖြစ်သည်။
Shutter Speed နဲ့ ISO တွေ ချိန်ထိုးကစားပြီး ရိုက်ကူးမည်ဆိုပါကမဖြစ်မနေ Tripod နှင့်ဖုန်းကို တပ်ဆင်ရိုက်ကူးသင့်ပါသည်။
ဖုန်းတင်ပြီးရိုက်သည့်Tripod မှယဈေးကွက်ထဲတွင်ဈေးသိပ်မများဘဲဝယ်ယူနိုင်ပါသည်။
၂။Exposure Level ကို လျော့ချခြင်း
အလင်းအားနည်းသည့်ဓာတ်ပုံများကိုရိုက်ကူးသည့်အခါ ရိုးရိုး Night Life ဓာတ်ပုံများမှာမှဓာတ်ပုံပညာကိုထည့်သွင်းရိုက်ကူးမလားဆိုသည့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များအရ ကင်မရာတွင်အသုံးပြုမည့် Exposure level များလည်းမတူညီနိုင်သည်ကိုတွေ့ရပါသည်။
ရိုးရိုးဓာတ်ပုံများကိုအလင်းအားကောင်းကောင်းနှင့် ပတ်ဝန်းကျင်တွင်ရှိနေသည့်အရာအားလုံးကို ထင်ရှားစွာမြင်နိုင်အောင်ရိုက်ကူးရန်အတွက် Exposure များများထားပြီး ရိုက်ကူးကြသော်လည်းအမှောင်ထားသင့်သည့်နေရာတွင်ထားပြီး အလင်းပါသင့်သည့်နေရာတွင်အလင်းထည့်ပြီးရိုက်ကူးရသောကြောင့် ဓာတ်ပုံတစ်ပုံလုံးလင်းနေရန် မလိုအပ်သည်ကိုတွေ့ရပါသည်။
ထို့ကြောင့်ယင်းဓာတ်ပုံမျိုးတွင် Exposure အများကြီး ထည့်စရာမလိုဘဲ Exposure Level ကိုလျှော့ပြီး မိမိလိုချင်သည့်အလင်းအမှောင်နှင့်ဓာတ်ပုံကောင်းတစ်ပုံကို ရိုက်ကူးနိုင်မည်ဖြစ်ပါသည်။
၃။ အမှောင်နေရာတွေ ချန်ရိုက်ကူးခြင်း
ဓာတ်ပုံပညာတွင်ဓာတ်ပုံတစ်ပုံလုံးလင်းနေရမည်မဟုတ်ပဲ လင်းသင့်သည့်နေရာတွင်လင်းထားပြီး မှောင်သင့်သည့်နေရာများမှောင်နေမှသာ ရသတစ်ခုကိုပေးစွမ်းနိုင်မည်ဖြစ်သည်။
ညဘက် street photo များရိုက်ကူးသည့်အခါလမ်းမီးတိုင်များနှင့်မှောင်နေသည့် အခြမ်းများကိုရှာဖွေပြီး မှောင်နေသည့်နေရာများကိုချိန်ထားရိုက်ကူးကြပါသည်။
ဓာတ်ပုံတစ်ပုံ၏ ဘေးပတ်ဝန်းကျင်တွင်မှောင်နေပြီးဓာတ်ပုံ၏ အလယ်တွင်ဖြစ်စေ၊ ဓာတ်ပုံပေါ်ထောင့်မှ အလင်းဖြာကျနေသည့်ပုံစံမျိုးဖြစ်စေပုံဖော်ရိုက်ကူးတတ်ကြပါသည်။
ထို့ကြောင့်ဓာတ်ပုံပညာတွင်အမှောင်များ၏ အားကိုထည့်သွင်းရိုက်ကူးခြင်းသည်လည်းဓာတ်ပုံကြည့်ရှု့သူက အရသာတစ်ခုကိုခံစားရမည်ဖြစ်ပါသည်။
၎။ ဖွာနေတဲ့ဓာတ်ပုံတွေမဖြစ်အောင်ရိုက်ကူးခြင်း
အလင်းအားနည်းသည်ဓာတ်ပုံရိုက်ကူးထားသည့်ဓာတ်ပုံများတွင်အများဆုံးကြုံတွေ့ရသည့်အခက်အခဲဖြစ် ပါသည်။
အချို့ဖုန်းကင်မရာများတွင် Auto ထုတ်ပေးလိုက်သည့်ဓာတ်ပုံများအဖြစ်များပါသည်။
ထို့ပြင် HDR စနစ်ကြောင့်ဓာတ်ပုံ၏ ရုပ်ထွက်ကိုဆွဲတင်လိုက်သည့်အခါတွင်လည်း ဖွယ်နေဖွာနေသည့်ဓာတ်ပုံများရရှိပါသည်။
အလင်းအမှောင်ကိုဖုန်းကင်မရာကချိန်ညှိသည့်အခါတွင် ISO များကိုအလွန်အကျွံဆွဲတင်ပြီးဓာတ်ပုံများ ဖွာသွားပါသည်။
ထို့ကြောင့်ဖွာသွားသည့်ဓာတ်ပုံများမလိုချင်ပါက အလင်းအားနည်းသည့်ဓာတ်ပုံရိုက်ကူးပါက Auto စနစ်ကိုအသုံးမပြုပဲ Manual စနစ်ဖြင့်ရိုက်ကူးနိုင်ပါသည်။
Manual စနစ်မပါသည့်ဖုန်းများအတွက် Long Expoture စနစ်အထောက်အပံ့ပါဝင်သည့် App များနှင့်ရိုက်ကူးခြင်းမှာအကောင်းဆုံးဖြစ်ပါသည်။
Long Expoture ရိုက်ရန် Tripod လိုအပ်မည်ဖြစ်သည်။
HDR အများကြီးအသုံးပြုပြီး edit လုပ်သည့်အခါတွင် မိမိဓာတ်ပုံမှာစုတ်ချက်ကြမ်းကြမ်းရေးဆွဲထားသည့် ပန်းချီကားတစ်ခုကဲ့သို့ ခပ်ကြမ်းကြမ်း ခပ်ဖွာဖွာဖြစ်သွားတတ်သောကြောင့်သတိထားသုံးစွဲသင့်ပါသည်။
Source:internet journal media

Post a Comment

 
Top