ဗီယက်နမ်ကောင်မလေးတစ်ယောက် အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပါတယ်။ ခေတ်စကားဆိုရင်တော့ ဗီယက်နမ်ခေးကို ကိုကိုတွေအားလုံး ၀ိုင်းပြီး ကြွေေ နကြ တယ်။တကယ်လည်း ထိုက်ထိုက်တန်တန်ကြွေလောက်ပြီး အပြစ်ကင်းတဲ့ ချစ်စရာမျက်နှာပိုင်ရှင်လေးပါ။အွန်လိုင်းပေါ်ပျံ့နှံ့လာတဲ့ သူမရဲ့ ဓါတ်ပုံတွေကြောင့် ပုရိသတွေအကုန်လုံး  အသည်းအသန်အရူးအမူးဖြစ်နေကြပါတယ်။

သူမရဲ့နာမည်ကတော့Yon Dali ဖြစ်ပြီး အသက်(၂၄)နှစ်ပါ။မိဘတွေရဲ့ စားသောက်ဆိုင်မှာ ၀ိုင်းကူလုပ်ပေးနေတဲ့ သမီးအလိမ္မာလေးဖြစ်ပြီး မီးဖိုချောင် အလုပ်တွေကို လုပ်(ပန်းကန်ဆေးနေတာတောင်မှ) လှနေသူလေးပါ။အသက် (၁၄)နှစ်သမီးအရွယ်တည်းက မိဘတွေရဲ့ အလုပ်မှာ သူမတတ်နိုင်သလောက် ပါဝင်ကူညီပေးလာသူလေးပါ။မိဘကိုလည်း ကူရင်း တက္ကသိုလ်တတ်နေတဲ့ ကျောင်းသူလေးလို့ သိရပါတယ်။



သူမရဲ့ အိမ်မက်ကတော့ ကျောင်းပြီးသွားရင်  App Developer တစ်ယောက် ဖြစ်ချင်တယ်လို့ ဆိုပါတယ်။အခုဆိုရင်တော့ သူမကို အားပေးတဲ့ ပရိသတ် သန်းနဲ့ချီပြီးရှိပါတယ်။ဒါကြောင့် ကျောင်းပြီးလို့ App Developer  တစ်ယောက် ဖြစ်ရင်လည်း သန်းနဲ့ချီတဲ့ ကမ္ဘာတစ်ဝန်းမှ ပရိသတ်တွေကတော့ သူမကို အားပေးနေကြအုံးမှာ အသေအချာပါ။
 
Top