0

2016-17 ဘောလုံးရာသီရဲ့ ပရီမီးယားလိဂ်ပြိုင်ပွဲကြီးကတော့ ပြီးဆုံးခဲ့ပါပြီ။ ချန်ပီယံဆုကြီးကို ချယ်လ်ဆီးက ရယူခဲ့သလို၊ ဒုတိယချန်ပီယံအဖြစ် စပါးအသင်းက ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆုကြေးငွေရရှိမှုမှာတော့ စပါးဟာ တန်းစီဇယား ဒုတိယ နေရာမှာ ရှိနေတယ် သို့မဟုတ် ဒုတိယ၀င်ငွေအများဆုံးအသင်းလို့ မှတ်ယူလို့ မရပါဘူး။

ဒီလိုပဲ အာဆင်နယ်နဲ့ မန်ယူရဲ့ ဆုကြေးငွေရရှိမှုကလည်း မန်ယူက သာလွန်သွားပါတယ်။ ဒါဟာ အသင်းတစ်သင်းရဲ့ ပုံရိပ်နဲ့ ရုပ်သံစပွန်ဆာ၊ ရုပ်သံထုတ်လွှင့်ခ စတဲ့အခြေခံအချက်တွေပေါ်မှာ မူတည်ပါတယ်။ ယခုနှစ် ဆုကြေးအမြင့်ဆုံး ရခဲ့တဲ့ အသင်းကတော့ ချယ်လ်ဆီးဆိုတာ သေချာပါတယ်။

ချယ်လ်ဆီးဟာ ရပ်တည်မှုဆုကြေးအရ 38 သန်း ရခဲ့သလို၊ ဆန်းဒါးလန်းကတော့ 1.9 သန်း ရခဲ့ပါတယ်။ ဒါပေမယ့် အသင်းအသီးသီးဟာ ရုပ်သံခွဲတမ်းမှာတော့ 84.4 သန်းဆီ ရခဲ့ကြလို့ ယခုနှစ်အနိမ့်ဆုံးဆုကြေးဟာ ယမန်နှစ်ကထက်  မြင့်မားနေခဲ့ပါတယ်။

အာက်မှာတော့ ပရီးမီယားလိဂ်မှာဆုကြေးအများဆုံး အသင်းတွေကို ဇယားရဲ့ညာဘက်မှာ အဆင့်လိုက် ဖော်ပြထားပြီး၊ ဘယ်ဘက်က ကိန်းဂဏန်းကတော့ ရာသီသိမ်းခဲ့တဲ့ အဆင့်ဖြစ်ပါတယ်။ ဒီဇယားမှာ ချယ်လ်ဆီးက 152.8 သန်းနဲ့ နံပတ်(1) ၊ စပါးက 148.1 သန်းနဲ့ နံပတ်(4)၊ မန်စီးတီးက 149 သန်းနဲ့ (2) လီဗာပူးအသင်းက 148.1 သန်းနဲ့ (4)၊ အာဆင်နယ်က 142.4 သန်းနဲ့ (6)၊ မန်ယူက 143.3 သန်းနဲ့ (5) စသဖြင့် ရပ်တည်လျှက် ရှိပါတယ်။



Post a Comment

 
Top