0

တိရစ္ဆာန်တွေမှာလည်း ခံစားချက်တွေရှိနေတယ်ဆိုတာကို သင်သိပါသလား။သူတို့ဟာ လူသားတွေနားလည်အောင် စကားလုံးနဲ့ မပြောပြတက်ကြပေမဲ့ သူတို့ခံစားနေရတဲ့ အခိုက်အတန့်များကို ကျွန်တော်တို့မြင်ရနိုင်ပါတယ်။
ဒီလိုအခိုက်အတန့်လေးကို အိန္ဒိယနိုင်ငံ ကီရာလာ ပြည်နယ် အီလန်သော(Elanthoor) ရွာလေး ဘေးနားရှိ တမီလ်း နဒူ – ကာနာတက အဝေးပြေးလမ်းမှာ ကားကျိတ်ခဲ့လို့သေဆုံးသွားခဲ့တဲ့ မိခင်ဖြစ်သူ အလောင်းဘေးနားမှာ ငိုနေခဲ့တဲ့ မျောက်လေးတစ်ကောင်မှာ မြင်တွေ့နိုင်ပါတယ်။
မျက်မြင်သက်သေများရဲကအဆိုအရ မျောက်မကြီးက လမ်းကို ဖြတ်ကူးရင်း အရှိန်နဲ့ မောင်းလာတဲ့ ကားတစ်စီးရဲ့ ကြိတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။မိခင်ဖြစ်သူ မျောက်မကြီး ကားတိုက်ခံလိုက်ရတာကို မြင်ပြီးတဲ့နောက်မှာ မျောက်လေးဟာ မိခင်ဖြစ်သူ အနားကို ပြေးလာခဲ့ပြီး မိခင်ဖြစ်သူကို လှုပ်နိုးခဲ့ပါတယ်။မျောက်မကြီးက မလှုပ်တော့တဲ့အခါမှာ မျောက်လေးဟာ မိခင်ဖြစ်သူရဲ့ အလောင်းဖက်ထားပြီး ငိုခဲ့ပါတယ်။
မျက်မြင်သက်သေအမျိုးသားတစ်ဦးကတော့ ” ကိုယ်ချစ်တဲ့ တစ်ယောက်ယောက်သေဆုံးသွားရင် လူသားတွေပဲ ခံစားရတာ မဟုတ်ပါဘူး။တိရစ္ဆာန်တွေလည်း ဝမ်းနည်းပူဆွေးကြပါတယ်။ကျွန်တော်တို့ ဒီအဖြစ်အပျက်ကို မိခင်ဖြစ်သူသေဆုံးသွားလို့ ငိုကြွေးနေတဲ့ မျောက်လေးရဲ့ အဖြစ်မှာ မြင်တွေ့ရနိုင်ပါတယ်။” လို့ဆိုခဲ့ပါတယ်။
နောက်ပိုင်းမှာ လမ်းထိန်းသိမ်းရေးအဖွဲ့များမှာ လာရောက်ခဲ့ပြီး မျောက်မကြီးရဲ့ အသေကောင်ခန္ဓာကိုယ်ကို မြှပ်ပစ်ဖို့အတွက် ယူသွားခဲ့ကြပြီး မျက်မြင်သက်သေများရဲ့အဆိုအရတော့ မျောက်ကလေးဟာ သူမိခင်ခန္ဓာကိုယ်ကို ယူသွားကြတဲ့ လူတွေနောက်ကို သစ်ပင်တစ်မှ တစ်ပင်ကူးပြီး လိုက်နေခဲ့တယ် လို့ဆိုပါတယ်။ထိုနောက်မှာ ရွာသားများက မျောက်မကြီးရဲ့ ခန္ဓာကိုယ်ကို မြေမြှပ်ခဲ့ပြီး မျောက်ကလေးကတော့ အဝေးကနေ ကြည့်နေခဲ့တယ် လို့သိရပါတယ်။

Post a Comment

 
Top