ကိုယ်ဝန်ဆောင်နှင့် နှစ်နှစ်အောက် ကလေးငယ် ထောက်ပံ့ကြေးကို ဇူလိုင်လမှစ၍ ချင်းပြည်နယ်တွင် စတင်ပေးအပ်မည်
လက်ရှိအချိန်တွင် ရပ်ကျေးအဆင့်ထိစာရင်းကောက်ယူနေသော ကိုယ်ဝန်ဆောင်နှင့် နှစ်နှစ်အောက် ကလေးငယ် ထောက်ပံ့ကြေးကို ချင်းပြည်နယ်တွင် ဇူလိုင်လမှစ၍ ပေးအပ်တော့မည်ဖြစ်ကြောင့် ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။
"ချင်းပြည်နယ်မှာ ပုညစ်မူက အရမ်းများနေတယ်။ လူအယောက် တစ်ရာမှာ ငါးဆယ်ကျော်က အရပ်ပုကြတယ်။ ဒါဟာ အဟာရချို့တဲ့ခြင်းကြောင့် ဆိုလို့ အဲဒါ အဓိကရည်ရွယ်ချက်"ဟု လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။
အဆိုပါစာရင်းကို ချင်းပြည်နယ်တွင် မတ်လတွင် စတင်ကောက်ခံပြီး
ကိုယ်ဝန်ဆောင်နှင့် နှစ်နှစ်အောက်ကလေးကို တစ်လ တစ်သောင်းခွဲ
ထောက်ပံ့ကြေးပေးမှာဖြစ်သည်။
ဇူလိုင်လတွင် သုံးလစာ (ဧပြီ၊ မေ၊ ဇွန်)အတွက် တစ်ပြိုင်နက်ပေးအပ်မှာဖြစ်ပြီး နောင်လများတွင်မူ နှစ်လ တစ်ကြိမ်ပေးအပ်သွားမည်။
ယင်းထောက်ပံ့ကျေးအတွက် နိုင်ငံတကာမှ ဒေါ်လာ ၁၀ သန်းရရှိပြီး နှစ်နှစ်ထိထောက်ပံ့နိုင်သည်။
ref: Chin World

Post a Comment