မြန်မာပြည်ရဲ့ နာမည်ကြီး ထိပ်တန်းအမျိုးသမီး အဆိုရှင်တစ်ဦးဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကတော့ တေးအယ်ဘမ်အသစ် ထွက်ရှိမယ်လို့ဆိုပါတယ်။ ယခုတစ်ခါထွက်ရှိမယ့် အယ်လ်ဘမ်က Mini အယ်လ်ဘမ်ဖြစ်ပြီး ဒီအကြောင်းကိုတော့ သူမကိုယ်တိုင် သူမရဲ့ page ကနေ ယခုလို ပရိသတ်ဆီ အသိပေးခဲ့တာပဲ ဖြစ်ပါတယ်။
"Mini Album လေးတခု ထွက်ဖို့ ရှိပါတယ်!
'မယ်သီတာ' လို့ နာမည်ခေါ်ပါတယ်!
ဒီအခွေရဲ့ သီချင်းတိုင်းကို ကျေနပ်မိပါတယ်
နှလုံးသားနဲ့ ခံစားပီးကြိုးစားထားပါတယ်
ဒီသီချင်းခွေလေး ထွက်လာရင် နှလုံးသားတွေ ဖွင့်ပီး
ခဏလောက် နားဆင်ပေးပ့ါလား?
ဝိုင်းစု သီချင်းလေးတွေကို အမြဲအားပေးနေကြတဲ့
မိသားစုတွေနဲ့ နှလုံးသားတွေ ပေါင်းစုံကြရအောင်နော်'
လောလောဆယ်တော့ မိုးရာသီမှာ အခွေထွက်ရမှာမို့
ကြောက်နေတာ အမှန်ပါ !
ဒါပေမဲ့ မိုးရာသီမှာ ပရိတ်သတ်တွေကို သီချင်းအသစ်
လေးတွေ ပေးချင်တယ်!
အဲစိတ် တခုတည်းနဲ့ ရအောင် ထွက်ပါ့မယ် 😘" လို့ သူမက ပြောထားပါတယ် ပရိသတ်ကြီးရေ.....
ထို့အတူ လက်ရှိဝိုင်းစုရဲ့ ချစ်သူဂနာမည်ကြီးတေးရေးတေးဆို အောင်လကလည်း တေးအယ်လ်ဘမ်အသစ် ထွက်မယ်လို့ဆိုပါတယ်။ သူ့ရဲ့ တတိယမြောက်အခွေ "အသုံးတော်ခံ" နဲ့ ပတ်သတ်ပြီး အောင်လက ယခုလိုပဲ ပြောပါတယ်။
"Reason ရဲ့ တတိယ အခွေ "အသုံးတော်ခံ" ကို September ကျွန်တော့် မွေးနေ့မှာထွက် ဖို့ confirm ဖြစ်သွားပါပြီ။ ကိုကျားပေါက်,Raymond တို့ နဲ့ အတွဲ သီချင်း အသစ် တစ်ပုဒ် ပါဝင်ပါမယ်" တဲ့ ပရိသတ်ကြီးရေ....
အောင်လနဲ့ ဝိုင်းစုတို့ စုံတွဲဟာ လူမှုရေးပိုင်းမှာ ဝေဖန်ခံနေရပေနယ့် သူတို့ရဲ့ အမာခံပရိသတ်တွေကတော့ အခွေအသစ်တွေကို စောင့်မျှော်အားပေးနေမယ်လို့ ဆိုပါတယ် ပရိသတ်ကြီးရေ..........
Source: Zwal Yan Aung La
: Wyne Su Khaing Thein