ဒူးထောက်ပြီး တင်ပါးကိုရိုက်တဲ့အပြင် လက်သီးနဲ့ထိုးပြီးဆောင့်လည်းကန်တယ်လို့သိရပါတယ်..
တရုတ်အနောက်တောင်ပိုင်း Sichuanမှ အလယ်တန်းကျောင်းဆရာ Zhou ကို ကျောင်းသားများအား ဒူးထောက်ခိုင်းပြီး အားသွင်းကြိုးနဲ့ချနေတဲ့ပုံထွက်ပေါ်လာပြီးနောက် စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်နေပါတယ်။
ကျောင်းခန်းအပြင်ဘက်ကိုထွက်ပြီး ဒူးထောက်ကုန်းခိုင်းကာ အားသွင်းကြိုးနဲ့ တင်ပါးတွေကိုရိုက်ပါတယ်။အခြားအရိုက်ခံရမယ့် အတန်းဖော်တွေလည်း သူတို့အလှည့်ရောက်မယ့် အချိန်ကို ထိုင်စောင့်နေရပါတယ်။

Shanghaiist သတင်းအရ ကျောင်းသားတွေအိမ်စာသေချာမလုပ်လာရင် ထိုဆရာက သူ့တပည့်တွေကို အလွန်ဒေါသထွက်တယ်လို့ဆိုပါတယ်။အပြင်ထုတ်ပြီး အပြစ်မပေးခင် သူစိတ်တိုင်းမကျတဲ့လူတွေနာမည်ကိုခေါ်ပြီး အခန်းထဲမှာ အုပ်စုလိုက်မတ်တပ်ရပ်ခိုင်းထားပါတယ်။
အားသွင်းကြိုးနဲ့ ရိုက်တဲ့အပြင် ထိုဆရာဟာ ကျောင်းသားတွေကိုလက်သီးနဲ့ထိုးပြီး ဆောင့်ကန်ပစ်တယ်လို့လည်းပြောကြပါတယ်။ထိုသို့အပြစ်ပေးနေပုံတွေ အွန်လိုင်းမှာပျံ့နှံ့သွားပြီးနောက် Zhou ကိုသံသယဝင်ပြီးချက်ချင်းပဲ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
ထိုအဖြစ်ပျက်က တစ်ချို့တရုတ်ကျောင်းတွေရဲ့အတန်းတွေထိပျံ့နှံ့သွားခဲ့တယ်။ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း မူလတန်းကျောင်းဆရာမတစ်ယောက် ကျောင်းသူလေးကို ဆံပင်ကဆွဲပြီး မြေပြင်ပေါ်ကနေတရွတ်တိုက်ဆွဲခေါ်သွားတဲ့ ဗီဒီယိုထွက်လာပါသေးတယ်။ ဧပြီလထဲမှာပဲ ကျောင်းသားနဲ့ဆရာတွေကြား ကိုယ်ထိလက်ရောက်ကျုးလွန်မှုတွေ တရုတ်နိုင်ငံမှာဖြစ်ပွားနေပါတယ်။
 
Top