0

ပရီးမီးယားလိဂ်နည်းပြများနှင့် သူ

 ပရီးမီးယားလိဂ်က နည်းပြအများစုကတော့ စတာလင်ပေါင်သောင်းချီတန်တဲ့ ရှယ်နာရီကြီးတွေကိုပဲ ဝတ်ဆင်ထားတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ပေါင် ၄၀ တန်နာရီပတ်နေတဲ့ ရှားရှားပါးပါးနည်းပြတစ်ဦး လည်းရှိပါသေးတယ်။
ပရီးမီးယားလိဂ်မှာ ဈေးအကြီးဆုံးနာရီပတ်ထားတဲ့ နည်းပြကြီးကတော့ မန်ယူက မော်ရင်ဟို (Mourinho) မဟုတ်သလို မန်စီးတီးက ဂွာဒီယိုလာ (Guardiola) လည်းမဟုတ်ပါဘူး။
ရန်ကုန်မှာနာမည်ကြီးသွားတဲ့ Patek Philippe နာရီကိုပတ်နေတဲ့ နည်းပြနှစ်ဦးလည်းရှိပါသေးတယ်။
ဘယ်သူတွေက ဘယ်လို နာရီမျိုးတွေပတ်နေသလဲဆိုတာကိုတော့ အောက်မှာတစ်ယောက်ချင်း ဖော်ပြထားပါတယ်။

(၁) အာဆင်နယ်နည်းပြ – အာစင်ဝင်းဂါး (Arsene Wenger)
အာစင်ဝင်းဂါးပတ်တဲ့နာရီက IWC Aquatimer ဖြစ်ပြီးတော့ Chronograph Edition ‘Galapagos Islands’ အမျိုးအစားပါ။ တန်ဖိုးကတော့ ပေါင် ၈၃၅၀ ရှိပါတယ်။ IWC ရဲ့အရှည်ကတော့ International Watch Company ပါ။ ဆွစ်ဇာလန်ဇိမ်ခံနာရီထုတ်လုပ်တဲ့ကုမ္ပဏီကြီးဖြစ်ပြီးတော့ ၁၈၆၈ ခုနှစ်ကတည်းက အဖိုးတန်နာရီတွေကို ထုတ်လုပ်လာခဲ့တာဖြစ်ပါတယ်။
aresnal
(၂) ဘုန်းမောက်နည်းပြ – အက်ဒီ ဟိုဝီ (Eddie Howe)
အက်ဒီဟိုဝီကတော့ Apple Watch ကို ဝတ်ထားတာတွေ့ရပါတယ်။ Apple Watch ဆိုတာက နာမည်ကျော်အများအပြားပတ်လေ့ရှိတဲ့နာရီတစ်ခုပါ။ Star Wars ရုပ်ရှင်ဒါရိုက်တာ အာဘရမ် (Abrams)၊ အဆိုတော် ဆန်စမစ် (Sam Smith)၊ သရုပ်ဆောင် ဆိုင်မွန်ပက် (Simon Pegg) တို့လည်းဝတ်လေ့ရှိပါတယ်။ တန်ဖိုးက ၃၉၉ ပေါင် ရှိပါတယ်။
bornemouth
(၃) ဘန်လေနည်းပြ – ရှောင်ဒိုင်ချီ (Sean Dyche)
ဘန်လေနည်းပြကြီးပတ်တဲ့နာရီ Brand ကတော့ Patek Philippe 5990/1A ပါ။ တော်ဝင်မျိုးနွယ်တွေပတ်လေ့ရှိတဲ့နာရီအမျိုးအစားတစ်ခုဖြစ်ပြီး ၁၈၅၁ ခုနှစ်ကတည်းက ဘုရင်မကြီးဗစ်တိုးရီးယားနဲ့ မင်းသားအဲဗတ်တို့ ဝတ်ဆင်ခဲ့ကြပါတယ်။ တန်ဖိုးကတော့ ပေါင် ၄၅၀၀၀ ပါ။ ပရီးလိဂ်နည်းပြတွေထဲမှာတော့ ဒိုင်ချီက ဈေးအကြီးဆုံး နာရီကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။
burnley
(၄) ချယ်ဆီးနည်းပြ – အန်တိုနီယိုကွန်တီ (Antonio Conte)
ကွန်တီပတ်တာက Rolex Daytona ပါ။ တန်ဖိုးက ပေါင် ၁၀၀၀၀ ရှိပါတယ်။ ၂၀၁၂ ခုနှစ် ချယ်ဆီးချန်ပီယံ လိဂ်ဖလားရတုန်းက Rolex Daytona ကို Titan Black အနေနဲ့အမှတ်တရထုတ်လုပ်ခဲ့ပြီး ချယ်ဆီးကစားသမားအများစု ပတ်လေ့ရှိပါတယ်။
chelsea
(၅) ခရစ်စတယ်ပဲလေ့စ်နည်းပြ – ဆမ်အလာဒွိုက် (Sam Alladyce)
ခရစ်စတယ်ပဲလေ့စ်နည်းပြကြီးကတော့ Hublot Big Bang ကိုပတ်ပါတယ်။ Unico Chronograph, Tianium, Rose Gold ပါ။ ပေါင် ၂၇၇၀၀ တန်ပါတယ်။ အင်္ဂလန်နည်းပြဟောင်း ရိုင်းဟော့ဒ်ဆန်လည်း ၆၆နှစ်ပြည့်မွေးနေ့ တုန်းက Hublot Limited Edition တစ်လုံးလက်ဆောင်ရဖူးပါတယ်။
crystal_palace
(၆) အဲဗာတန်နည်းပြ – ရော်နယ်ကိုးမန်း (Ronald Koeman)
ကိုးမန်းပတ်တာကတော့ ချောကလက်ရောင်မျက်နှာပြင်နဲ့ Rolex Sky-Dweller ပါ။ ခရီးသွားတာကိုနှစ်ခြိုက်တဲ့သူတွေအတွက် ၂၀၁၂ တုန်းက Rolex ကထုတ်လုပ်ခဲ့တာဖြစ်ပြီး Sky-Dweller မှာမတူညီတဲ့မူပိုင်ခွင့် ၁၄ခုပါဝင်ပါတယ်။ တန်ဖိုးက ပေါင် ၃၅၈၅၀ ပါ။
everton

(၇) ဟားလ်စီးတီးနည်းပြ – မိုက်ဖီးလန်း (Mike Phelan)
မိုက်ဖီးလန်းက Rolex – Deep Sea Dweller ကိုပတ်ပါတယ်။ ဟားလ်စီးတီးဇယားအောက်နားက အသင်းနည်း ပြကြီးမို့လို့လားမသိပါဘူး။ သူ့နာရီက ရေအောက်အနက် ပေ ၁၂၈၀၀ မှာတောင် အလုပ်လုပ်ပါတယ်။ တန်ဖိုးကတော့ ပေါင် – ၈၉၀၀ပါ။
hullcity

(၈) လက်စတာနည်းပြ – ကလာဒီယို ရာနီရေးနီ (Claudio Ranieri)
ရာနီရေးနီရဲ့နာရီက TAG Heuer Carrera 01 ပါ။ ဒီလိုနာရီိမျိုးကို  မင်းသားကြီး လီယိုနာဒိုက Inception ဆိုတဲ့ရုပ်ရှင်ကားမှာ ဝတ်ဆင်ခဲ့ပြီး အသစ်ထွက်မယ့် Jamie Vardy ရဲ့ရုပ်ရှင်ကားထဲမှာလည်းမြင်တွေ့ရမှာပါ။ တန်ဖိုးကတော့ ပေါင် ၄၀၀၀ ပါ။
leicester
(၉) လီဗာပူးနည်းပြ – ဂျာဂန်ကလော့ (Jurgen Klopp)
ကလော့က IWC ရဲ့ Pilot Chronograph 377701 ကိုပတ်ပါတယ်။ သူ့လိုမျိုးတိုက်စစ်မြှင့်ကစားတတ်တဲ့နည်း ပြမျိုးနဲ့တော့ အံကိုက်ပါပဲ။  ကလော့ရဲ့နာရီက ပေါင် ၄၀၀၀ တန်ပါတယ်။
liverpool
(၁၀) မန်စီးတီးနည်းပြ – ပတ်ဂွာဒီယိုလာ (Pep Guardiola)
ဂွာဒီယိုလာကတော့ Cimier QNETCity Automatic ကိုပတ်ပါတယ်။ မန်စီးတီးအသင်းစတည်ထောင်ခဲ့တဲ့ခုနှစ်ကိုဂုဏ်ပြုတဲ့အနေနဲ့ မန်စီးတီးတံဆိပ်ပါ Cimier နာရီတွေကို အလုံးရေ ၁၈၈၀ ထုတ်လုပ်ခဲ့ပါတယ်။ တန်ဖိုးက ပေါင် ၁၉၀၀ ပါ။

machster_city
(၁၁) မန်ယူအသင်းနည်းပြ – ဂျိုဆေးမော်ရင်ဟို (Jose Mourinho)
မော်ရင်ဟိုပတ်တာက  Hubolt Big Bang ပါ။ Unico Bi-retrograde ဖြစ်ပြီးတော့ ၂၀၁၄ ဖီဖာမိုဒယ်အမျိုးအစားဖြစ်ပါတယ်။ တန်ဖိုးကတော့ ပေါင် ၂၅၀၀၀ပါ။ ဒီတံဆိပ်က မာရာဒိုနာလည်းဝတ်ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုလို ဘရာဇီးလ်အငွေ့အသက်ပါတဲ့အမျိုးအစားတော့မဟုတ်ပါဘူး။
manchster_united
(၁၂) မစ်ဒယ်ဘရော့နည်းပြ – အီတာကာရမ်ကာ (Aitor Karanka)
Rolex Daytona ဝတ်တဲ့နည်းပြသုံးယောက်ထဲမှာ ကာရမ်ကာလည်း ပါဝင်ပါတယ်။ Daytona ဆိုတာက ၁၉၆၃ခုနှစ်ကနေစပြီးတော့ Rolex ကုမ္ပဏီကရောင်းချခဲ့တဲ့အမျိုးအစားပါ။ Daytona ရဲ့မိုဒယ်အသစ်တစ်ခု ကိုဝယ်ချင်ရင်တော့ အနည်းဆုံးနှစ်နှစ်စောင့်ရပါမယ်။ ကာရမ်ကာဝတ်တဲ့နာရီရဲ့တန်ဖိုးကတော့ ပေါင် ၁၀၀၀၀ ဖြစ်ပါတယ်။
middlebrough
(၁၃) ဆောက်သမ်တန်နည်းပြ – ကလာဒီပူရဲလ် (Claude Puel)
ပူရဲလ်က IWC – Portofino ကိုဝတ်ဆင်ပါတယ်။ Hand Wound Eight Days အမျိုးအစားပါ။ ၂၀၁၁ ခုနှစ်ဒီနာရီမိတ်ဆက်ပွဲတုန်းက အခုရီးယဲလ်မက်ဒရစ်နည်းပြကြီးဖြစ်နေတဲ့ ဇီဒန်းလည်း ဝတ်ခဲ့ဖူးပါတယ်။ တန်ဖိုးကပေါင် ၇၉၀၀ ပါ။
southampton
(၁၄) စတုတ်စီးတီးနည်းပြ – မတ်ဟုခ်ျ (Mark Hughes)
ဟုခ်ျမှာ အခြားနာရီတွေရှိသေးပေမယ့်လည်း Polar V800 ကို အဝတ်များပါတယ်။ ဖက်ရှင်ကျဖို့ထက် ကျန်းမာ
ရေးကိုအလေးထားတဲ့သဘောပါ။ တန်ဖိုးက ၃၃၉ ပေါင်ပဲရှိပါတယ်။ နာမည်ကြီး Presenter ကြီး Davina Mccall လည်း လေ့ကျင့်ခန်းပြုလုပ်ဖို့ Polar ကိုပတ်လေ့ရှိပါတယ်။
stroke
(၁၅) ဆန်းဒါးလန်းနည်းပြ – ဒေးဗစ်မိုယက်စ် (David Moyes)
ဒေးဗစ်မိုယက်စ်က Patek Philippe ကိုဝတ်တဲ့သူဖြစ်ပြီး အမျိုးအစားကတော့ Annual Calendar Moonphase5396G ပါ။ ဒီနာရီမျိုးကို အဆိုတော်ကြီး Paul McCartney နဲ့ Ringo Starr တို့လည်းဝတ်ဆင်ခဲ့ကြဖူးပြီး သူတို့ပတ်ခဲ့တဲ့နာရီတစ်လုံးဆိုရင် ဒီနှစ်လေလံပွဲမှာ စတာလင်ပေါင် ၉ သန်းဈေးရရှိခဲ့ပါတယ်။
sunderland
(၁၆) ဆွမ်ဆီးနည်းပြဟောင်း – ဘော့ဘရက်လေ (Bob Bradley)
သူ့ရဲ့နာရီကတော့ ဈေးအပေါဆုံးပါပဲ။ ပေါင် ၄၀ ပဲတန်ပါတယ်။ Timex Ironman ဖြစ်ပြီး 100 Classic အမျိုးအစားပါ။ ဒါပေမယ့် Oringinal အမျိုးအစားဒီနာရီကို အမေရိကန်သမ္မတ Bill Clinton လည်း ဝတ်ခဲ့ပါတယ်။

swamsea
(၁၇) တော့တင်ဟမ်နည်းပြ – မောရီစီယို ပိုချက်တီနို (Mauricio Pochettino)
ပိုချက်တီနိုပတ်တာက IWC Aquatimer ဖြစ်ပြီး Chronograph Edition အမျိုးအစားပါ။ Expedition CharlesDarwin လို့လည်းခေါ်ပါတယ်။ တန်ဖိုးက ပေါင် ၈၃၅၀ ဖြစ်ပါတယ်။

totteham
(၁၈) ဝက်ဖို့ဒ်နည်းပြ – ဝယ်တာမက်ဇာရီ (Walter Mazzarri)
မက်ဇာရီကတော့ Rolex Oyster Perpetual ပတ်တာဖြစ်ပါတယ်။ အမေရိကန်သမ္မတ Eisenhower ကနေ Ronald Reagan အထိ ဒီအမျိုးအစားကို ဝတ်ခဲ့ဖူးပါတယ်။ မက်ဇာရီရဲ့နာရီတန်ဖိုးကတော့ ပေါင် ၄၀၀၀ပါ။

watford
(၁၉) ဝက်ဘရွန်းနည်းပြ – တိုနီပူးလစ် ( Tony Pulis)
တိုနီပူးလစ်ဝတ်ဆင်တာက Rolex ရဲ့ Cosmograph Daytona အမျိုးအစားပါ။ ၂၀၁၀ ခုနှစ်ကမ္ဘာ့ဖလားကိုကင်မရွန်းအသင်းကစားခွင့်ရခဲ့တဲ့အတွက် တိုက်စစ်မှူးအီတိုးက အသင်းသားတိုင်းကို Daytona တစ်လုံးစီလက်ဆောင်ပေးဖူးပါတယ်။ ပူးလစ်ရဲ့နာရီတန်ဖိုးကတော့ ပေါင် ၁၅၉၅၀ ပါ။
west_brom
(၂၀) ဝက်ဟမ်းနည်းပြ – ဆလာဘမ်ဘီလစ် (Slaven Bilic)
ဘီလစ်ကတော့ Corum ကိုပတ်ပါတယ်။ Admiral’s Cup Black Hull အမျိုးအစားပါ။ ၁၉၇၁ခုနှစ်တုန်းက အင်္ဂလန်နိုင်ငံဝန်ကြီးချုပ် Edward Heath ဗိုလ်စွဲဖူးခဲ့ဖူးတဲ့ အပြည်ပြည်ဆိုင်ရာ ရေတပ်ရွက်လှေပြိုင်ပွဲ အထိမ်းအမှတ်နဲ့ထုတ်တဲ့နာရီဖြစ်ပါတယ်။ တန်ဖိုးကတော့ ပေါင် ၆၀၀၀ ပါ။
west_ham
Reference: www.dailymail.co.uk
Photo credited: www.dailymail.co.uk

Post a Comment

 
Top