ကံမကောင်း အဆင်မပြေလို့ အားမငယ်ပါနဲ့။ စိတ်အားငယ်နေချိန်မှာ ဒါလေးတွေကို ပြန်သတိရလိုက်ပါ။

အဆင်ပြေတဲ့နေ့ရှိသလို အဆင်မပြေတဲ့နေမျိုးလည်း ရှိမှာပါ။ ကိုယ့်ကိုကိုယ် ဖြေသိမ့်ဖို့ရန် ဘာတွေလိုအပ်သလဲ။

၁။ ဘယ်လိုမှလုပ်လို့မရတော့တဲ့ ကိစ္စဆိုတာ မေ့သာထားလိုက်ပါတော့
အောင်မြင်နေတဲ့သူတွေ တော်တော်များများဟာ အလုပ်များတာကြောင့် စိတ်ရှုပ်စရာတွေများတာကို လူတိုင်းသိမှာပါ။ ဒါပင်မဲ့လည်း စိတ်ပျော်ပျော်နေတတ်ဖို့ရန် အရေးကြီးပါတယ်။ ကိုယ့်ရဲ့အချိန်တွေက ဝမ်းနည်းစရာ စိတ်ညစ်စရာတွေနဲ့ ပြည့်နေရင် ပြန်တွေးကြည့်ရင် နှမျောစရာ ကောင်းပါတယ်။

၂။ ဘဝရဲ့ခါးသည်းမှုတွေဟာ အောင်မြင်သူတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်
ဆောင်းရာသီက အေးတာကြောင့် သည်းခံနေရပြီး နွေရာသီရောက်ရင် ဘယ်လောက် ပျော်စရာကောင်းသလဲ။ အောင်မြင်ဖို့ရန် သည်းခံမှုတွေလည်း လိုအပ်တယ်ဆိုတာကို မမေ့ပါနဲ့။ အောင်မြင်သည် ဆုံးရှုံးသည် နှစ်ခုစလုံးအတွက် ခံနိုင်ရည် ရှိရန်လိုအပ်ပါတယ်။

၃။ ဘဝရဲ့အောင်မြင်ခြင်းဆိုတာ ကိုယ်တိုင်လုပ်ယူရမှ ရတာပါ
ဘယ်လောက်ပဲအောင်မြင်သူဖြစ်ပါစေ။ သူ့ရဲ့ဘဝက နွေးထွေးမှုရှိလားဆိုတော့ မသိနိုင်ပါ။ ဘဝရဲ့ နွေးထွေးမှုကို ရရှိစေရန်အတွက်ကတော့ ကိုယ်တိုင် ဆုံးဖြတ်မှသာလျှင် ရနိုင်မယ်လို့ထင်ပါတယ်။

၎။ အတွေ့အကြုံတွေက ကိုယ့်ရဲ့ ဘက်တော်သားတွေပါ
ဘယ်လောက်ပဲ စိတ်ဆင်းရဲခဲ့ရတဲ့ အချိန်တွေ ဖြစ်ပါစေ။ ကိုယ်က ရခဲ့တဲ့ အတွေ့အကြုံတွေက ကိုယ့်ကို နောက်တခေါက် မမှားစေရန် ဆောင်ကြဉ်းပေးမှာပါ။ ဖတ်ခဲ့တဲ့စာအုပ်၊ တွေ့ခဲ့တဲ့သူ၊ ကိုယ့်ရဲ့ရည်မှန်းချက်တွေက တွေ့ကြုံခဲ့ရတဲ့ အရာတွေအားလုံးကနေ ထွက်လာတဲ့အဖြေ ဖြစ်ပါလိမ့်မယ်။

၅။ အမြဲတည်း တာထွက်နေရာမှာ ရှိနေနိုင်ပါစေ
လောကကြီးက တည်မြဲမှုမရှိပါ။ ဖြစ်ပြီး ပျက်နေတာပါ။ ကိုယ့်လုပ်ဆောင်ခဲ့တဲ့၊ ကြိုးစားခဲ့တဲ့ ကိစ္စတစ်ခုဟာ ဖြစ်မလာလဲ၊ စိတ်ဓါတ်ကျ အားနည်းနေဖို့ အချိန်မရှိပါ။ နောက်ပွဲတွေအတွက် တာထွက်ရန် အဆင်သင့်ဖြစ်ဖို့ လိုအပ်ပါတယ်။

၆။ ကိုယ်ပဲခံနေရတယ်လို့ တွေးရင်တော့ မှားမယ်၊ ပြင်ပါတော့
အမြဲတမ်း ပြသာနာဖြစ်ရင် ကိုယ်အပေါ်ကို မကောင်း လုပ်သွားသူချည်းပဲ မထင်ပါနဲ့။ ကိုယ့်မှာလည်း အမှား ရှိကောင်းရှိပါလိမ့်မယ်။ အခြားသူရဲ့အမြင်မှာ သင့်မှာလည်း အပြစ်ရှိကောင်း ရှိပါလိမ့်မယ်။ ဒါကို လက်မခံပဲ အဲဒါ သူ့ကြောင့်ဖြစ်ရတာလို့ သူများအပြစ်ပဲ တင်နေရင်တော့ ဘယ်တော့မှ တိုးတက်မဲ့သူ မဟုတ်ပါ။ ဆင်ခြေတွေမပေးပဲနဲ့ ရဲရဲကြီး တာဝန်ယူတတ်ပါစေ။

၇။ ကိုယ်ရဲ့ရည်မှန်းချက်တွေကို ဖြစ်အောင်လုပ်ပါ
အခုတော့မဖြစ်နိုင်ဘူး၊ ကဲထားလိုက်ပါတော့။ ငါဘဝက ဤမျှတင်လို့ ထင်ထားတဲ့သူကတော့ ပြောင်းလဲသင့်ပါတယ်။ ဘဝမှာ ကိုယ့်ရဲ့ရည်မှန်းချက်တွေနဲ့ အသက်ရှင်နေကြတာပါ။ မဖြစ်နိုင်တာ မရှိသေးပါ။ မဖြစ်သေးတာပဲ ရှိပါတယ်။ လက်မလျှော့လိုက်ပါနဲ့၊ အချိန်တွေရှိပါသေးတယ်။
ကြိုးစားကြည့်လိုက်ပါ။ ဖြစ်လာပါလိမ့်မယ်။

၈။ ဒုက္ခတွေနဲ့ ကြုံနေချိန်ဆိုတာ အခွင့်အရေးတစ်ခုပါ
အလုပ်ကြောင့် အကြောင်းကြောင်းကြောင့် အိပ်မပျော်တဲ့ အချိန်တွေမှာ ဟိုတွေးဒီတွေး လုပ်နေတာထက် လုပ်သင့်တာကို ဖြေးဖြေးချင်း လုပ်ကြည့်လိုက်ပါ။ ကိုယ်တောင် သတိမထားမိချိန်အတွင်းမှာ ဒီပြသာနာက အလိုလို ဖြေရှင်းနိုင်သွားမှာပါ။

၉။ ဘယ်လောက်ပင် သေးမွှားတဲ့အရာပင်ဖြစ်ပါစေ၊ စိတ်ရှည်ရှည်နဲ့ လုပ်ပါ
၁၀၀ ကီလိုရှိတဲ့အလေးကို ချက်ချင်းကတော့ မနိုင်သူကတော့ မရှိပါ။ ၁ ကီလိုအလေးကို အကြိမ် ၁၀၀ ကတော့ ခက်မယ်မထင်ပါ။ ဘာကိုပဲလုပ်လုပ် ဖြစ်နိုင်တဲ့ အခြေအနေကနေ ဖြေးဖြေး လုပ်သွားနိုင်ရန်သာ အရေးကြီးပါတယ်။

၁၀။ လူတွေကပေးတဲ့ အမှတ်စာရင်းထက် ကိုယ်ကဘာဖြစ်ချင်တာလဲ
လူတွေကတော့ အမျိုးမျိုးသုံးသပ်ပြီး ဝေဖန်ကြမှာပါ။ ဒီအချိန်မှာ ကိုယ်က ဘာဖြစ်ချင်သလဲဆိုတာက အရေးကြီးဆုံးပါ။ ကျီးယောင်ဆောင်သော ဒေါင်းမဖြစ်ပါစေနဲ့။

၁၁။ ပြဿနာဖြစ်လာရင် ပြာဿနာကနေ သင်ယူနိုင်တာတွေရှိပါတယ်
အလုပ်ပေါ်မှာ ဖြစ်လာတဲ့ ပြဿနာဆိုတာ မဖြစ်ချင်ပင်မဲ့လည်း ဖြစ်လာရင်တော့ မရှောင်သင့်ပါ။ ဒီပြဿနာကနေ နောင်မမှားအောင် လုပ်နိုင်တဲ့ ကောင်းကျိုးရလဒ်တွေလည်း ရှိမှာပါ။

၁၂။ လမ်းပျောက်နေရင် ခဏနားနေလိုက်ပါ
လမ်းပျောက်သွားရင် ခဏအနားယူလိုက်ပါ။ စိတ်ကို ငြိမ်ငြိမ်ထားပြီး ပြန်စဉ်းစားကြည့်ပါ။ စိတ်ငြိမ်ငြိမ်နဲ့ တွေးနေရင် ဘာလုပ်သင့်သလဲဆိုတာ နားလည်လာပါလိမ့်မယ်။

၁၃။ စိတ်စွဲစရာတွေထက် ပေါ့ပေါ့ပါးပါးနေတတ်ဖို့ အရေးကြီးပါတယ်
ဘာမှ ဆုံးရှုံးစရာမရှိ၊ ဖြစ်လာရင်လည်း အားလုံးကို စွန့်လွှတ်နိုင်တယ်ဆိုရင် အကောင်းဆုံးပါ။ အဟောင်းကို စွန့်ပြီး နည်းစနစ်သစ်ကို ထည့်သွင်းစဉ်းစားနိုင်ရင် တိုးတတ်မှာပါ။

၁၄။ အဆင်မပြေရင် အစကို ပြန်သွားကြည့်ပါ
ကြိုးစားခဲ့သမျှက အရာမထင်လို့ ထင်လာရင်တော့ လုပ်ငန်းလုပ်ပုံကိုင်ပုံကို ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ လိုအပ်ချက်နဲ့ ဖြစ်နေတာက လွဲနေလို့သာပါ။

၁၅။ ဘယ်လောက်ပဲ စိတ်ဆင်းရဲနေပါစေ ကိုယ့်ကို ကူညီမဲ့သူ ပေါ်လာမှာပါ
စိတ်ဆင်းရဲနေချိန်မှာ အားလုံးဟာ ကိုယ့်ကိုကိုယ် အပြစ်တင်ပြီး ပတ်ဝန်းကျင်ကို မမြင်တော့ပါ။ ဒီလိုမျိုးအချိန်မှာလည်း ကိုယ့်ကို အားပေး၊ ကူညီမဲ့သူက ရှိနေမှာပါ။
 
Top