ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တည်း ခရီးအတူသွားမယ်လို့ ဆိုလိုက်ရင် အားလုံးက စချင်၊ နောက်ချင် တတ်ကြပါတယ်။ နှစ်ယောက်တည်းသွားမယ်ဆိုတော့ သူတို့ခေါင်းထဲမှာ တွေးတဲ့အရာက တစ်ခုတည်းပါ။ အမှန်တော့ သင်ဟာ သူ့ကို ရေရှည်လက်တွဲသွားမယ့် အဖော်လို့တွေးထားရင်၊ အိမ်ထောင်ပြုဖို့အထိ တွေးထားတယ်ဆိုရင် နှစ်ယောက်တည်းခရီးအတူသွားတာမျိုးဟာ တကယ်ကို ကောင်းပါတယ်။ အားလုံးက ပြောဆို၊ စနောက်ကြမှာကို သိပ်အာရုံမထားပါနဲ့။ ဒါတွေလိုက်တွေးပြီး ချစ်သူနဲ့ နှစ်ဦးတည်း ခရီးထွက်ရမယ့် အခွင့်အရေးကို လက်လွှတ်လိုက်မယ်ဆိုရင် ခုဖော်ပြပေးမယ့် အကျိုးကျေးဇူးတွေကို လက်လွတ်ဆုံးရှုံး သွားပါလိမ့်မယ်။
၁။အမှတ်တရတွေကို အတူဖန်တီးနိုင်ခြင်း
ကိုယ့်ချစ်သူနဲ့အတူ ရှိချိန်တိုင်း ပြောဆိုဖြစ်တဲ့အရာတွေ၊ သူ့အကြောင်း၊ ကိုယ့်အကြောင်း စတာတွေဟာ သင့်အတွက် အမှတ်တရကောင်းတွေကို ဖန်တီးပေးနိုင်တယ်ဆိုရင် ခုလို နှစ်ဦးသားအတူ ခရီးထွက်လာတာမျိုးဟာ ဘယ်လောက်များ အမှတ်ရစရာတွေ များပြားနေမလဲ တွေးကြည့်လိုက်ပါ။ ဒါတွေကို သင်ခုချိန်မခံစားတတ်သေးတောင် သင်အသက်တွေရလာတဲ့အခါ အမှတ်တရဟောင်းတွေကို ပြန်တွေးမိလာ ပါလိမ့်မယ်။ ဒါ့အပြင် သင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံသစ်တွေ၊ အမှတ်တရတွေက သင့်အနာဂတ် အမြင်တွေကိုလည်း ပြောင်းလဲပစ်နိုင်ပါတယ်။ ဆိုလိုချင်တာက ခရီးထွက်ခြင်းကနေ သင့်အချစ်ရေး၊ ချစ်သူနှစ်ဦး ဆက်ဆံရေးဟာ ပိုခိုင်မြဲလာမှာဖြစ်သလို တစ်ဦးအကြောင်းကိုလည်း တစ်ဦးက သေချာသိသွားစေပါလိမ့်မယ်။
၂။အတွေ့အကြုံသစ်တွေ ရရှိနိုင်ခြင်း
ခရီးသွားရာကနေ ရရှိနိုင်တဲ့ အတွေ့အကြုံသစ်တွေက သင်တို့နှစ်ဦး အတူတကွ အစီအစဉ်သစ်တွေကို ဖန်တီးနိုင်အောင်၊ စိတ်လှုပ်ရှားမှုတွေ အတူခံစားနိုင်အောင်၊ အရင်တုန်းက မလုပ်ဖူးတဲ့ အရာတွေ နှစ်ယောက်စလုံးရဲ့ အစွမ်းအစကို သုံးပြီး လုပ်ဆောင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။
၃။လွတ်လပ်မှုကို ခံစားနိုင်ခြင်း
လူတိုင်းဟာ သူတို့ရဲ့ ကမ္ဘာလေးကို သူတို့ကိုယ်တိုင် ဖန်တီးထားကြပါတယ်။ ဒါပေမယ့် အဲ့ဒီကမ္ဘာလေးထဲမှာပဲ နေ့စဉ်နေ့တိုင်း အစီအစဉ်တွေ၊ အချိန်ဇယားတွေနဲ့ ဖြတ်သန်းနေကြရတာပါ။ ဒီတော့ ခရီးသွားလိုက်တာနဲ့ သင့်စိတ်ထဲ ဒီအချိန်ဇယား၊ ပြသနာတွေ၊ ငြီးငွေ့စရာကောင်းတဲ့ အလုပ်တွေ အားလုံးနဲ့ ဝေးရာကို ထွက်သွားခွင့် ရသလို ဖြစ်သွားတာပေါ့။ တစ်ချိန်တည်းမှာပဲ သင်ဟာ လွတ်လပ်မှုကို ခံစားနိုင်မှာ ဖြစ်သလို သင့်ချစ်သူ ဘေးနားမှာ ရှိတဲ့အခါ သင့်စိတ်ထဲ ခံစားရတာတွေအားလုံးကို ဖွင့်ထုတ်ဖို့ အချိန်ကောင်းပါပဲ။
၎။ဘ၀ကို ပြန်လည်ရင်ဆိုင်ဖြတ်သန်းဖို့ စိတ်ကူးစိတ်သန်းတွေ ဖန်တီးနိုင်ခြင်း
ခရီးသွားခြင်းရဲ့ အကျိုးအရှိဆုံးအရာကေတာ့ ခွန်အားသစ်တွေ ရရှိနိုင်ခြင်းနဲ့ ဒီခွန်အားတွေနဲ့ ကိုယ့်ရဲ့နေ့စဉ် ဘ၀ကို ပျော်ရွှင်စွာ ပြန်လည်ဖြတ်သန်းလာနိုင်တာပါပဲ။ ဒါ့အပြင် ခရီးသွားခြင်းကြောင့် အိုင်ဒီယာသစ်တွေ၊ စိတ်ကူးသစ်တွေလည်း ပိုင်ဆိုင်နိုင်သလို ကိုယ့်ချစ်သူနဲ့ အတူရှေ့ဆက်ဖြတ်သန်းမယ့် နေ့ရက်တွေအတွက် ငါဘာတွေလိုအပ်တယ်ဆိုတာကိုလည်း သေချာသိသွားစေပါလိမ့်မယ်။
၅။ချစ်သူနဲ့သွားရတဲ့ ခရီးမို့ ရိုမန်တစ်ဖြစ်ခြင်း
ကိုယ့်ချစ်သူနဲ့ ခရီးသွားတဲ့အခါ သာယာတဲ့ သဘာဝရှုခင်းတွေကို အတူမြင်တွေ့ခွင့်ရတာကြောင့် နှစ်ဦးသား စိတ်ခံစားချက်တွေက အရင်ထက် ပိုမိုနူးညံ့နေမယ်။ စိတ်ပျော်ရွှင်နေမယ်။ ဒါ့အပြင် ကိုယ့်ချစ်သူကို ရိုမန်တစ်ဆန်ဆန်လေး ပြင်ဆင်ပေးချင်တဲ့သူတွေအတွက်လည်း အချိန်ကောင်းလို့ ဆိုရပါလိမ့်မယ်။
Ref:womanitely
 
Top