တစ်ခါတစ်လေကျရင် ကိုယ်အရမ်းခင်ရတဲ့ သူငယ်ချင်းဖြစ်သူက ကိုယ်နဲ့ဆယ်ဝမ်းကွဲလောက် အမျိုးတော်နေတာမျိုးကို မထင်မှတ်ပဲ သိလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိဖူးတတ်ကြမယ်လို့ ထင်ပါတယ်။ ဒီလိုပါပဲ ဟောလီးဝုဒ်နယ်ပယ်ထဲမှာလည်း မထင်မှတ်ပဲ အမျိုးတော်ကြတဲ့ အနုပညာရှင်တွေ အများကြီးရှိနေပါတယ်။ ဒီထဲကမှ ပေါ်ပြူလာအဖြစ်ဆုံး အမျိုးတော်စပ်မှုများကို ဖော်ပြပေးသွားပါမယ်။
Tjqnpfms9rsmov92uew9

Nicolas Cage နဲ့ Sofia Coppola

Nicolas Cage ကတော့ မိုမိုလေးပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါ။ သူက ဟောလီးဝုဒ်ရဲ့ နာမည်ကျော ဝါရင့်သရုပ်ဆောင်ကြီးတစ်ဦးဖြစ်ပါတယ်။ Nicolas Cage ရဲ့ နာမည်အရင်းကတော့ Nicolas Kim
Coppola ဖြစ်ပါတယ်။ ဟောလီးဝုဒ်နယ်ပယ်ထဲမှာ Nicolas Cage ရဲ့အမျိုးတွေ တော်တော်များများကို ရှိလို့နေပါတယ်။ ဒီလိုအမျိုးထဲမှာမှ Lost in Translation နဲ့ Marie Antoinette ဇာတ်ကားတို့ရဲ့ ဒါရိုက်တာ Sofia Coppola နဲ့ Nicolas တို့ ဝမ်းကွဲမောင်နှမ တော်စပ်နေတာကတော့ ပရိသတ်တွေ အသိနည်းကြပါတယ်။
Glpbpxq5dnkbjftxsh3u

Angelina Jolie and Hillary Clinton

ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးကြီး Angelina Jolie က အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းနိုင်ငံရေးသမားကြီးတစ်ဦးနဲ့ အမျိုးတော်စပ်နေတယ်ဆိုတာကို ဘယ်သူကမှ သတိထားမိမှာ မဟုတ်ပါဘူး။ တကယ်တော့ Angelina Jolie ဟာ ယခုလက်ရှိ အမေရိကန်သမ္မတ Donald Trump ရဲ့ပြိုင်ဘက်ဟောင်းဖြစ်သူ Hillary Clinton နဲ့ ကိုးဝမ်းကွဲလောက် အမျိုးတော်စပ်နေတာပဲဖြစ်ပါတယ်။
Bb340wv0spmno29m7acp

Matt Damon နဲ့ Ben Affleck

Jason Bourne နဲ့ Batman တို့ အမျိုးတော်နေလိမ့်မယ်လို့ရော ဘယ်သူကထင်မိကြမှာလဲ။ တကယ်ကို အရည်အသွေးပြည့်ဝတဲ့ ဟောလီးဝုဒ်ရဲ့ နာမည်ကြီး ထိပ်သီးမင်းသားနှစ်ဦး တိုက်တိုက်ဆိုင်ဆိုင် အမျိုးတော်စပ်နေတာဟာ တကယ်ကို အံသြစရာကောင်းလှပါတယ်။ Matt Damon နဲ့ Ben Affleck တို့ဟာ ဆယ်ဝမ်းကွဲလောက် အမျိုးတော်စပ်ကြသူတွေ ဖြစ်နေပါတယ်။
Iqzvdhpiofwiuogw0jmo
Justin Bieber နဲ့ Ryan Gosling

နာမည်ကျော် ကနေဒါအဆိုတော် Justin Bieber ရဲ့ ဆွေမျိုးစာရင်းထဲမှာ ထိပ်တန်းအနုပညာရှင်များစွာ ပါဝင်လို့နေတာကို ပရိသတ်တွေ သိရှိကြမှာပါ။ ဒါပေမယ့် ထူးဆန်းတာက Notebook နဲ့ La La Land ဇာတ်ကားတွေရဲ့ အဓိကမင်းသားကြီး Ryan Gosling ပါ Justin နဲ့ အမျိုးတော်စပ်နေတာကတော့ အံသြစရာကောင်းပါတယ်။ Justin နဲ့ Ryan Gosling တို့ဟာ ဆယ့်တစ်ဝမ်းကွဲလောက် အမျိုးတော်စပ်ကြသူတွေ ဖြစ်ပါတယ်ခင်ဗျာ။
 
Top