0

ဘာမဆို ဈေးကွက်၊ ဘာမဆို Marketing ဆိုတဲ့ခေတ်ကြီးမှာ ....
စမတ်ဖုန်းကုမ္မဏီတွေက ကလေးတွေ ကစားစရာအရုပ်နဲ့ ဝေးတာထက်ဝေးအောင် စမတ်ဖုန်းကို ကိုင်လိုက်တာနဲ့ စွဲလန်းအောင် တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ကြံရွယ်နေသလားလို့တောင် အောင့်မေ့ရလောက်တယ်။ မှန်ပါတယ်။ စမတ်ဖုန်းဟာ ကလေးကို အထိုက်အလျောက် အသိတိုးစေပါတယ်။ ဗဟုသုတ ရစေပါတယ်။ ပျော်ရွှင်မူ ရစေပါတယ်။ လူကြီးတွေကလေးထိမ်းရတာ သက်သာစေပါတယ်။ ဒါပေမဲ့ စမတ်ဖုတ်းဆီကနေ ကလေးများရတဲ့ အကျိုးရလဒ်ထက် အကျိုးပိုယုတ်စေတဲ့အပြင် ကလေးအတွက် အန္တရာယ်ပါဖြစ်စေနိုင်တာကို ထောက်ပြပါရစေ။

၁။ မိဘများက ကလေးများကို စမတ်ဖုန်းစွဲလန်းစေတာလား ကလေးများက စမတ်ဖုန်းကို စွဲလန်းတာ အလွန်ရှင်းပါတယ်။ ဆော့လို့ကောင်းတယ်။ စိတ်ဝင်စားစရာကောင်းတယ်။ပြီးရင်ပျော်တယ်။ ပွတ်လို့ အရမ်းချောမွေ့တဲ့ ဖန်သားပြင်၊ နားထောင်ကောင်းတဲ့ အသံသာ၊ စိတ်လုပ်ရှားစရာကောင်းတဲ့ဂိမ်းပေါင်းစုံ၊ ကာတွန်းကားတွေလည်း ကြည့်လို့ရတယ်။ လိုချင်တာ အကုန်နီးပါးရတယ်။ နိုင်ငံခြားက သုတေသန စာတမ်းတစ်ခုအရ ကလေးပေါင်း တစ်ထောင်ကို စစ်တမ်းကောက်ကြည့်ခဲ့ပါတယ်။ အသက် ၃ နှစ်မှာ စမတ်ဖုန်းကို စတင်ထိတွေ့တဲ့ကလေး ၃၂.၅%၊ ၁၉၈၀ နောက်ပိုင်းဖွားမိဘများထဲက ကလေးများ စမတ်ဖုန်းပိုဆော့တယ်လို့ ဆိုပါတယ်။ ၈၀.၄% အထိရှိတယ်လို့ဆိုပါတယ်။ မိဘများ ကလေးထိမ်းသက်သာဖို့ စမတ်ဖုန်းပေးဆော့တာ ၅၂.၉ % အထိရှိတယ်လို့ ဆိုပါတယ်။ ဒီကိန်းဂဏန်းတွေ အရဆိုရင် ကလေးများ ငယ်ငယ်ရွယ်ရွယ်နဲ့ စမတ်ဖုန်းဆော့တာဟာ မိဘများက အဓိက တရားခံဖြစ်နေတာကို တွေ့ရပါတယ်။ လေ့လာမူအရ မိဘတော်တော်များများဟာ ကလေးများကို ကြည့်ရူ့ ထိန်းသိမ်းရတာ မောလွန်းလို့ စမတ်ဖုန်းနဲ့ ကလေးကို ပေးဆော့တာကို တွေ့ရပါတယ်။ 

၂။ စမတ်ဖုန်းဆော့ခြင်း၏ဆိုးကျိုးများ စမတ်ဖုန်းရဲ့ အဆိုးဆုံးအကျိုးဆက်ကတော့ ကလေးများကို စွဲလန်းစေခြင်းဖြစ်ပါတယ်။ စမတ်ဖုန်းကို စွဲစွဲလန်းလန်းဆော့လွန်းရင် အာရုံမစိုက်နိုင်ခြင်း၊ စိတ်အာရုံပြန့်လွင့်ခြင်း၊ စိတ်မရှည်ခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ စိတ်ဓါတ်ကျလွယ်ခြင်း၊ သူငယ်ချင်းများကို မပေါင်းသင်းတတ်ခြင်း စတဲ့ဆိုးကျိုးများ တွေ့ရှိနိုင်ပါတယ်။ 

၃။ ကြီးပြင်းမူ အဟန့်အတားများ 

(က) ဦးနောက်ဖွံ့ဖြိုးမူ အဟန့်အတား အသက် ( ၀ ) နှစ်မှ အသက် ( ၆ ) နှစ်အတွင်း ကလေးများဟာ ဦးနှောက်ဖွံ့ဖြိုးမူ အားအကောင်းဆုံးအချိန်ဖြစ်ပါတယ်။ တကယ်လို့ စမတ်ဖုန်း အဆော့များလွန်းရင် ဘယ်ဘက်ခြမ်းဦးနောက်ဖွံ့ဖြိုးမူကို အဟန့်အတား ဖြစ်စေပါတယ်။ အကျိုးရလဒ်အနေနဲ့ စိတ်ပူတတ်ခြင်း၊ ဂနာမငြိမ်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်းတို့ဖြစ်ပါတယ်။ 

(ခ) မျက်စိထိခိုက်ခြင်း စမတ်ဖုန်းနဲ့ အိုင်ဗက် အဆော့များလွန်းရင် အမြင်အာရုံကျဆင်းလာပြီး မျက်စိအလွန်ထိခိုက်ပါတယ်။ 

(ဂ) အိပ်ရေးထိခိုက်စေခြင်း သုတေသနအရ တီဗွီကြည့်တဲ့ကလေးများနဲ့ စမတ်ဖုန်းဆော့တဲ့ကလေးများ ( ၂ ) အုပ်စုခွဲပြီး အိပ်ခိုင်းရာ၊ တီဗွီဇတ်လမ်းကြည့်တဲ့အုပ်စုက ၂၈ မိနှစ်အကြာတွင် အိပ်ပျော်ပြီး၊ စမတ်ဖုန်းဆော့တဲ့ အုပ်စုကလေးများဟာ အိပ်ပျော်ဖို့ ၃၉ မိနှစ်လိုအပ်ကြောင်း အဆိုပါစမ်းသပ်မူမှာ တွေ့ရှိရပါတယ်။ အိပ်ယာဝင်ခါနီးမှာ စမတ်ဖုန်းဆော့ခြင်းဟာ စမတ်ဖုန်းမှ ထွက်ရှိလာတဲ့ တောက်ပတဲ့ အလင်းရောင်ဟာ မျက်စိကို အလွန်ထိခိုက်စေပြီး အိပ်ချင်တဲ့အာရုံကိုလည်း အလွန်အနှောက်အယှက်ဖြစ်စေတယ်လို့ ဆိုပါတယ်။ 

(ဃ) ခန္ဓာကိုယ် ကြီးထွားမူ အဟန့်အတား စမတ်ဖုန်းစွဲလန်းသွားတဲ့ကလေးများဟာ အထိုင်များပြီး ခန္ဓာကိုယ် လုပ်ရှားမူ နည်းပါးသွားပါတယ်။ ပြီးရင်လက်ဟန်အနေအထားဟာလည်း အမြဲတစ်ပုံစံထဲ ဖြစ်နေတတ်ပါတယ်။ ခေါင်းအမြဲငုံ့နေပြီး ကိုယ်ဟန်အနေအထားဟာလည်း မမှန်မကန် စိတ်လုပ်ရှားမူအလျှောက် လုပ်ရှားနေတတ်ပါတယ်။ ကလေးများ ခန္ဓာကိုယ်ကြီးထွားရမဲ့အရွယ်မှာ လုပ်လုပ်ရှားရှားဖြစ်ရမဲ့ အရွယ်မှာ စမတ်ဖုန်းကို စွဲစွဲလန်းလန်း ကစားခြင်းဟာ ခန္ဓာကိုယ် ပုံမှန်ကြီးပြင်းမူ အတွက် အဟန့်အတားဖြစ်စေနိုင်ပါတယ်။ 

၎။ ကလေးကို စမတ်ဖုန်းနင့်ဝေးအောင် ဘယ်လိုလုပ်သင့်သလဲ မိဘများ တဖြေးဖြေး ကြိုးစားယူရမှာပါ။ အသက် ၃ နှစ်အောက်ကလေးများ မျက်စိအလွန်နုနယ်သေးတဲ့အတွက် စမတ်ဖုန်းနှင့် မထိတွေ့စေသင့်ပါ။ အသက် ၃နှစ်အထက်ကလေးများကိုလည်း ဖြစ်နိုင်ရင် စမတ်ဖုန်းကို စောစောစီးစီး မထိတွေ့စေသင့်ပါ။ ရှောင်လို့မရတော့ရင် တခါဆော့ရင် ( ၁၀ )မိနှစ်၊ တစ်ရက်ကို ( ၃ ) ကြိမ်ထက်ပိုမဆော့စေသင့်ပါ။ စမတ်ဖုန်း အရမ်းအဆော့လွန်တဲ့ကလေးများအတွက် မိဘများက ဆော့တဲ့အကြိမ်ရည်နဲ့ ဆော့တဲ့ အချိန်ကို တဖြေးဖြေးလျှော့ချသင့်ပါတယ်။ Wifi ရှိတဲ့မိသားစုများအဖို့ ည ( ၉ ) နာရီရောက်ရင် Wifi ပိတ်ထားသင့်ပါတယ်။ 

၅။ စမတ်ဖုန်းကို အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ စမတ်ဖုန်းမှာလည်း ကောင်းကျိုးအများကြီးရှိပါတယ်။ စမတ်ဖုန်းမှာ Dictionary ကအစ၊ ယူနစ်တွက်ချက်မူ မျိုးစုံ၊ English Grammar လေ့ကျင့်ခန်းတွေအပြင် ကျောင်းစာအတွက် လိုအပ်တဲ့ Data တွေလည်း ရှာဖွေလို့ရပါတယ်။ မိမိရဲ့ လိုအပ်ချက်အရ လိုအပ်တဲ့ App များကို လိုအပ်သလို download ဆွဲချပြီး အသုံးပြုလို့ရပါတယ်။ ချုံငုံသုံးသပ်ကြည့်ရင် ကလေးများအဓိက ကိုယ့်စိတ်ကို ကိုယ်နိုင်နင်းဖို့လိုပါတယ်။ ဘယ်အရာမဆို အကျိုးရှိဖို့ဆိုရင် နည်းနည်း အပင်ပမ်းခံရပြီး ပျော်ဖို့အတွက်ဆိုရင် လွယ်ကူပြီး စွဲဆောင်စရာကောင်းလှတာမို့ မိဘများအနေနဲ့ မိမိရဲ့ ကလေးများကို စနစ်တကျ လမ်းညွန်လမ်းပြပြုလုပ်ပေးဖို့ လိုအပ်လှပါတယ်။


source: akarilifestyle

Post a Comment

 
Top