မျက်မှန်တပ်ထားတဲ့ မှန်ကြောင်(လေးလုံး)မလေးတွေက ချစ်စရာကောင်းတယ် ဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူး။မျက်မှန်တပ်ရင် ပုံတုံးသွားတယ်၊ မျက်မှန် တပ်ထားလို့ ကိုယ့်ရဲ့ အလှတွေ မှေးမှိန်သွားမယ်ဆိုတဲ့ အတွေးမျိုးရှိတယ် ဆိုရင်တော့ လုံးဝဖယ်ထုတ်ပစ်လိုက်ပါ။မျက်မှန်တပ်ထားလည်း Cute ဖြစ်တဲ့ ကောင်မလေး၊Sexy ကျတဲ့ ကောင်မလေးဖြစ်နိုင်ပါတယ်။ဘယ်လိုဖြစ်အောင် လုပ်မလဲ နည်းလမ်းရှိပါတယ်။မှန်ကြောင်လေးတွေအနေနဲ့ အောက်မှာေ ဖ်ာပြ ထားတဲ့ ဆံပင်စတိုင်လေးတွေထဲကမှ ကိုယ်နဲ့လိုက်တာကို ရွေးချယ်လိုက်မယ် ဆိုရင်တော့ လုံးဝလုံးဝကို လန်းသွားမှာပါ။


(၁)ဆံပင်အဖြောင့်

 
လူတိုင်းနဲ့လိုက်ဖက်တဲ့ ပုံစံပါ။အထူးသဖြင့် မျက်မှန်တပ်တဲ့ ကောင်မလေးတွေနဲ့ ပိုလိုက်ပါတယ်။ပုံထဲကို ပခုံးကိုတော်တော်လေး ကျော်ပြီး ခလယ်ခွဲခွဲမယ်၊ဘေးနှ စ်ဖက်ကို ချထားမယ်။ မျက်မှန်လေး တပ်လိုက်မယ်ဆိုရင်တော့ လုံးဝလန်း သွားမှာပါ။










(၂)ဆံထုံးအမြင့်



မျက်မှန်တပ်ထားလို့ ဆံထုံးနဲ့လိုက်မှာ မဟုတ်ဘူးလို့ လုံးဝမထင်လိုက်ပါနဲ့။ပုံထဲ ကလို ဆံပင်ကို ရှေ့မှာ ဘေးခွဲချ(ဒါမှမဟုတ်) အပြောင်သိမ်းထားတဲ့ ခပ်မြင့်မြင့် ဆံထုံးပုံစံလေးတွေနဲ့လည်း အရမ်းကို လိုက်ပါတယ်။











(၃)ဆံပင်အတို
  
ဆံပင်အရှည်နဲ့မှ လိုက်တာမဟုတ်ပါဘူး။နည်းနည်းယောက်ျားလေးဆန်တဲ့ ဆံပင်အတိုစတိုင်ကလည်း မျက်မှန်နဲ့ကောင်မလေးတွေကို ပိုပြီး လူငယ် ဆန်၊ထက်မြက်တဲ့ ပုံမျိုး ပေါက်သွားစေပါတယ်။











(၄)အကုပ်နဲ့တူတဲ့ဆံပင်အတို

ဒါကတော့ Cute ဘက်ကိုသွားတဲ့ ဆံပင်မျိုးပါ။နဖူးပေါ်မှာ ဆံပင်ချမယ်။ အကုပ်လို ဆံပင်မျိုးဆိုရင်တော့ ချစ်စရာကောင်းတဲ့ ကောင်မလေးအဖြစ် ပြောင်းသွားမှာအသေအချာပါ။














(၅)အကောက်

အဖြောင်နဲ့မှလိုက်တာမဟုတ်ပါဘူး။ဆံပင်အရှည်ကိုမှ လုံးဝလိမ်ကောက်ထားတဲ့ ဆံပင်မျိုးနဲ့ဆိုရင်လည်း မျက်မှန်တပ်တဲ့ သူတွေက အရမ်းလိုက်ပါတယ်။
















Ref;pinmakeuptips



 
Top