နိုင်ငံချင်းလဲမလားလို့ပြောတဲ့ ဂျပန်


အချောင်ရနေတာနဲ့..ပတ်သက်လို့…ဂျပန် လူမျိုး တွေကပြောတယ်…မြန်​မာနိုင်​ငံ သားအားလုံး..
ဂျပန် နိုင်ငံကိုလာခဲ့ပါ…မြန်မာ ပိုင်ဆိုင်သမျှ…..အကုန်ယူသွားပါတဲ့…
ဂျပန် တွေက ….သူတို့နိုင်ငံပိုင်ဆိုင်သမျှ.အကုန်ထားခဲ့မယ်….မြန်​မာနိုင်​ငံ ကို..
ဗလာ…လက်ချည်းသက်သက်ပဲ
လာခဲ့မယ်တဲ့…..လဲမလားတဲ့…နိုင်ငံချင်း………
သူတို့..မြန်​မာနိုင်​ငံ ကိုအားမရတာက…
သဘာဝအရ…ခံစားခွင့်တွေ…ရထားတဲ့….တောတောင်ရေမြေ..
သယံဇာတ-စိုက်​ပျိုး​မြေတွေရှိပါလျက်နဲ့ …
ဘာကြောင့်များ…..တိုးတက်အောင်
မလုပ်ကိုင်ကြတာလည်းပေါ့……ဒါက
ရှင်းပါတယ်…
…..ဘာမှမလုပ်ဘဲ… ဘောလုံးလောင်း
ဘီယာသောက် – ဂေါက်ရိုက် – အပျော်အပါးတွေနဲ့ပျော်
မျိုးဆက်သစ်လူငယ်တွေကို ပလန်မချခဲ့–
စာပေဖွံ့ဖြိုးမှုတွေနည်းပါးပြီး
နှလုံးထီလောင်း -သုံးလုံးထီလောင်း -မူးယစ်ဆေးဝါးတွေသုံးကြ
လာဘ်စားနေတဲ့ လူတွေကအများသား
နည်းပညာတွေ မရှာဖွေ FBပေါ်မှာဆဲ ရန်တွေ့ ဒါတွေနဲ့ အချိန်ကုန်
ဘာမဟုတ်တဲ့ဟာကိုဝေဖန် အမှားအမှန်မစဉ်းစား မြန်မာပြည် အတွက်ဘာမှလုပ်မပေးရသေးဘူး ဒီဟာကြီးဖြစ်အောင်လုပ်ပေးမယ်။
ဘာရယ်နဲ့ အတူတူ လက်တွဲလုပ်ဆောင်မယ်မရှိ
အချောင်ရနေတာကြောင့်…အလကားရနေတာတွေကို…တန်ဖိုးမထား..အသုံးမချလို့ မြန်မာနိုင်ငံ ဟာ…အရာရာနောက်ကျ..ကျန်နေခဲ့တာ။
.“တန်ဖိုးရှိသော အချောင်မယူချင်သော မြန်မာပြည် မှာ
အဖိုးတန်လူသားတွေ
များများပေါ်ထွက်လာပါစေ..´´
ဆုတောင်းလျက်
အဝေးရောက် မြန်မာ တိုင်းရင်းသားတွေပို၍ အသိဆုံးပါ။
မြန်မာ တွေ မညံ့ကြောင်း ကမ္ဘာကိုချပြခဲ့သော..ပုဂ္ဂိုလ် ၄ ဦး ရှိခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးရှုံးလို့ မွဲပြာကျသွားတဲ့ ဂျပန်ပြည် ဟာ အစိုးရနဲ့ ပြည်သူတရပ်လုံး အပြင်းအထန် ရုံးကန်ကြိုးစားခဲ့ကြလို့ အချိန်တိုအတွင်းမှာ ပြန်လည် ခေါင်းမော့လာနိုင်ခဲ့ကြတယ်။
ဒါကြောင့် ပြာပုံထဲက ပြန်လည်ရှင်သန်လာတဲ့ ဖီးနစ်ငှက်လို့ ကမ္ဘာ က ချီးကျူးခဲ့ကြရတာပေါ့။
ဘယ်လောက်တောင် ကြိုးစားခဲ့ကြသလဲဆိုတော့ ဂျပန်ငပု လို့ အခေါ်ခံရတဲ့သူတွေက ဥရောပသားတွေနဲ့ ရင်ဘောင်တန်းရပ်နိုင်လာတာကအစ တနိုင်ငံလုံး ခြင်မျိုးပြုန်းအောင် လုပ်ဆောင်ခဲ့ကြတာအဆုံး ပြည်သူအားလုံး ညီညီညွတ်ညွတ် လှုပ်ရှားခဲ့ကြတယ်။
တာဝန်ယူ တာဝန်ခံနိုင်တဲ့ ဂျပန် တွေရဲ့ စိတ်ဓာတ် ဟာ လေးစားအားကျစရာပါ။
မြန်မာပြည်ဟာလဲ ကမ္ဘာအဆင်းရဲဆုံးနိုင်ငံတခုမို့ အစိုးရနဲ့ ပြည်သူ ညီညီညွတ်ညွတ် ကြိုးစားရုန်းကန်မှ ပြာပုံဘ၀က ပြန်လည်နလန်ထူလာမှာပါ။
တိုင်းပြည် ပြန်လည်ထူထောင်ရာမှာ ရှုံးသူရော နိုင်သူပါ ညီညီညွတ်ညွတ် စည်းကမ်းရှိရှိ ကြိုးစားကြမှ ဖြစ်မှာပါ။
အခုအချိန်ဟာ ပြန်လည်ထူထောင်ရေးတိုက်ပွဲရဲ့ အစ ပါ။
လှေပြိုင်ပွဲစကားနဲ့ ပြောရရင် ‘ သုတ်မုံး ‘ ကို ရောက်နေတာမို့ ပန်းတိုင်မရောက်ခင် ‘ တက် ‘ မထောင်မိဖို့ အရေးကြီးပါတယ်။
အားကုန်သုံးပြီးလှော်မှ ပန်းတိုင်ရောက်မှာပါ။
ကျနော်ကတော့ FBပေါ်မှ သိရှိသောဗဟုသုတအတွေး မျှဝေပါသည်။
Credit …ဇော်ဇော်
 
Top