တစ်ခေတ်တစ်ခါက ဒိတ်ဒိတ်ကြဲ နာမည်ကြီးခဲ့ကြပေမယ့် ယခုချိန်မှာတော့ ပိတ်ကားပေါ်ကနေ ပျောက်ကွယ်သွားကြတဲ့ မင်းသမီးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

ခင်လေးနွယ်





ခင်လေးနွယ်ဟာ ဗီဒီယိုဇာတ်ကား တော်တော်များများ ရိုက်ကူးခဲ့ပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအယာလေးတွေ အသံလေးတွေကြောင့် ပရိသတ်ချစ်တဲ့ ချင်းတိုင်းရင်းသူလေး ဖြစ်ခဲ့ပါတယ်။ ယခုချိန်မှာတော့ သူမဟာ အနုပညာအလုပ်တွေ လုပ်ကိုင်ခြင်းမရှိဘဲ သူမဝါသနာပါတဲ့ ပန်းအလှဆင်တို့ မုန့်ဖုတ်သင်တန်းတို့ကို တက်ရောက်နေပါတယ်။ ချစ်ရတဲ့ သူငယ်ချင်းဖြစ်တဲ့ သက်မွန်မြင့်ကတော့ ကလေးနှစ်ယောက်အမေဖြစ်လို့နေပေမဲ့ ခင်လေးနွယ်တစ်ယောက်ကတော့ အခုထိ တစ်ကိုယ်တည်းအပျိုကြီး လုပ်လို့ကောင်းနေဆဲပါပဲ ပရိသတ်ကြီးရေ…………

ပုလဲဝင်း





 ပုလဲဝင်းဟာ သူ့ခေတ်သူ့အခါကတော့ ခေါင်းဆောင်မင်းသမီး တစ်လက်ဖြစ်ခဲ့ပြီး မင်းသားများစွာနဲ့အတူ ဗီဒီယိုဇာတ်ကား များစွာရိုက်ကူးခဲ့ပါတယ်။ ယခုချိန်မှာတော့ သူမရဲ့ အနုပညာလှုပ်ရှားမှု မတွေ့ရတော့ဘဲ သူမနှစ်သက်တဲ့ ခရီးသွားခြင်းနဲ့အတူ ဘဝကို ဖြတ်သန်းနေတာ တွေ့ရပါတယ်။ သူမရဲ့ Facebook မှာတော့ သူမရဲ့ ကြောင်လေးတွေကို မကြာခဏ Live လွှင့်တတ်ပြီး တကိုယ်တည်း အပျိုကြီးပါပဲ ပရိသတ်ကြီးရေ………

ဆုရွှန်းလဲ့




ဆုရွှန်းလဲ့ဟာ ကာရိုက်တာမျိုးစုံကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာမို့ ထိုခေတ်က ပရိသတ်အချစ်တော် မင်းသမီးတွေထဲက တစ်လက်ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး စီးပွားရေးလုပ်နေတယ်လို့ သိရပါတယ်။ သူမကတော့ အခုဆိုရင် အိမ်ထောင်ကျပြီးလို့ သားလေးတစ်ယောက်တောင် ရှိလို့နေပါပြီ ပရိသတ်ကြီးရေ………

ဇင်ဇင်ဇော်မြင့်




ထိုခေတ်ထိုအခါက သိပ်ကိုနာမည်ကြီးခဲ့တဲ့ မျက်လုံးပြာပြာလေးနဲ့ မင်းသမီးလေး ဇင်ဇင်ဇော်မြင့်ပဲ ဖြစ်ပါတယ်။ သူမကတော့ ထိုခေတ်တုန်းကဆိုရင် အများနဲ့မတူ တမူထူးခြားတဲ့ပုံစံလေးကြောင့် ပရိသတ်တွေကြား ရေပန်းစားခဲ့ပါတယ်။ ယခုချိန်မှာတော့ သူမလည်း အနုပညာလုပ်ငန်းတွေကို ရပ်နားထားပြီး ကျောက်မျက်ရတနာဆိုင် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ချစ်ရတဲ့ ခင်ပွန်းသည် ချစ်ရတဲ့သားသားလေးတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ဖြတ်သန်းလို့နေပါတယ်။



 
Top