0


ရီးရဲမက်ဒရစ်အသင်းရဲ့နာမည် ကျော် ဘောလုံးကွင်းကြီး Bernabeu ကို အသစ်ပြန်လည် မွမ်းမံပြင်ဆင်မယ့်အစီအစဉ်ကို မက်ဒရစ်မြို့တော်ရေရှည်တည် တံ့ ဖွံ့ဖြိုးရေးကောင်မရှင်ရဲ့ စီမံကိန်းရေးဆွဲရေးကော်မတီက ပြုပြင်မွမ်းမံခွင့်ပြုပေး လိုက်ပြီလို့သိရပါတယ်။ ဗြိတိန်ငွေ ပေါင် သန်း ၄၀၀အသုံးပြုပြင်ဆင်သွားမယ့် အ ကြီးစားပြင်ဆင်မွမ်းမံမှုကြီးဖြစ်ပြီး အလုံ ပိတ်သေတ္တာပုံးမျိုးလို၊ အာကာသယာဉ်အ သွင်မျိုးလို ဒီဇိုင်းသစ်နဲ့ ပြန်လည်မွမ်းမံ သွားမှာဖြစ်ပါတယ်။ နေရာသစ်တွေထပ် ချဲ့သွားဖို့အတွက် ကားပါကင်နေရာတွေ ကိုလည်းပြန်ဖျက်မှာဖြစ်ပြီး ကစားပွဲမတိုင် မီ ပွဲကြည့်ပရိသတ်တွေနေလို့ရမယ့် နေရာ အဖြစ်ပြန်လည်ဖန်တီးထားမှာ ဖြစ် ပါတယ်။ 
ဘောလုံးကွင်းသစ်ကြီးရဲ့ အပြင်ပိုင်းကို ငွေမင်ရောင်သတ္တုကိုယ် ထည်ဒီဇိုင်းနဲ့ဖန်တီးထားပြီး နေရောင် အောက်မှာ တောက်ပလှပနေမှာဖြစ်ပါ တယ်။ ဒီဇိုင်းက သေသပ်လှပဆွဲဆောင် မှုရှိနေပြီး တချို့ပရိသတ်တွေက အာကာ သယာဉ်ပျံကြီးလိုပဲလို့ မှတ်ချက်ပြုနေခဲ့ ကြတာပါ။ အဖွင့်အပိတ်လုပ်လို့ရတဲ့အမိုး ကိုလည်း အမြင်မှာသီးသန့်ကြီးဖြစ်မနေ စေအောင် ဒီဇိုင်းနဲ့အထူးဆက်စပ်ဖန်တီး ပေးထားပါတယ်။ လက်ရှိကွင်းဟောင်းမှာ ပရိသတ်ပွဲကြည့်စင်မှာ ခုံနေရာ ၈၁၀၄၄ ရှိပြီး ကွင်းသစ်မှာ ခုံနေရာ ၃၀၀၀ ထပ် တိုးချဲ့သွားမှာဖြစ်ပါတယ်။ ဒီကွင်းသစ်ကြီး ကို ဂျာမန် ဗိသုကာအဖွဲ့ဖြစ်တဲ့ GMP ဖန်တီးရေးဆွဲပေးထားတာဖြစ်ပြီး ပြင် ဆင်ပြီးစီးဖို့ သုံးနှစ်လောက် အချိန်ယူမှာ ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ရာသီမှာမှ ပြန် လည်အသုံးပြုနိုင်မှာဖြစ်တယ် လို့သိရပါ တယ်။

Ref ; DM

Post a Comment

 
Top