တကယ့်အိမ်လေးတစ်လုံးရဲ့ မြင်ကွင်းပုံ
ဘွန်ဇိုင်းဆိုတာ အပင်တွေကို နှစ်ဘယ်လောက်ကြာကြာ
အရွယ်အစားကြီးထွားမလာစေဘဲ ထိန်းချုပ်ထားပြီး သစ်ပင်ကြီးတစ်ပင်ရဲ့
အင်္ဂါရပ်တွေနဲ့ ပြည့်စုံအောင် စိတ်ရှည်လက်ရှည် ပုံဖော်ထုဆစ်ထားတာ
ဖြစ်ပါတယ်..
ဂရိတ်ဝေါလ်တံတိုင်းနှင့် ကျောက်တောင်ကြီးပမာ ဖန်တီးမှု အနုလက်ရာ
ကျောက်ဆောင်ရဲ့ မာကြောမှုနဲ့ သစ်ပင်ရဲ့ နွဲ့ပျောင်းမှု
ရေတံခွန်လေးတစ်ခုပါ ပါဝင်တဲ့ ဖန်တီးမှု
သက်ကြီးပု ဘွန်ဇိုင်းပင်တွေနဲ့ သစ်တုံးတွေ၊
ကျောက်တုံး ကျောက်ဆောင်တွေ၊ အိမ်ပုံစံငယ်လေးတွေ ပေါင်းစပ်လို့ တကယ့်ကို ပြင်ပ ရှုခင်းလို ဖြစ်အောင် လှပသိမ်မွေ့တဲ့ အိုင်ဒီယာစိတ်ကူး ကောင်းတွေနဲ့
တည်ဆောက် ထားတတ်တဲ့ မြေယာရှုခင်း
တစ်ချို့ဆိုရင် ဘုရားကျောင်း၊ လူ၊ တိရိစ္ဆာန်၊ ရေအိုင်၊ လှေ၊ ငှက်၊
ခြုံပုတ်၊ ပန်းပွင့်လေးများ စသည်တို့ ပါဝင်ကြပြီး အလွန်သေးငယ်သော
အချိုးအစားများ ဖြင့် ပြုလုပ်ထားသော်လည်း တကယ့် ပြင်ပရှုခင်းနဲ့မခြား
ကြည့်ရသူတွေရဲ့စိတ်ကို ကြည်လင် ရွှင်လန်းလာအောင်၊ နှစ်သက်သဘောကျလာအောင်
ပြုလုပ်ထားတတ်ကြပါတယ်. အဲဒါဟာ ဘွန်ဇိုင်းနည်းပညာနဲ့ မြေယာရှုခင်း
အတတ်ပညာတို့ကို အချိုးညီညီ စိတ်ကူးကောင်းကောင်းနဲ့ ပေါင်းစပ်ထားတဲ့
ပညာဖြစ်ပါတယ်.. သဘာဝအလှအပကို ဝေးဝေးလံလံ သွားကြည့်စရာမလိုဘဲ မိမိရဲ့
အိမ်ထဲမှာဘဲ အလွယ်တကူ မြင်တွေ့ခွင့်ရအောင် ဆန်းပြားတဲ့
စိတ်ကူးကောင်းလေးတွေနဲ့ ဖန်တီးထားတဲ့ လက်ရာများကို အောက်မှာ
ဖော်ပြပေးလိုက်ပါတယ်နော်။
ခန့်ညားခြင်း
ညွှတ်ကိုင်းခြင်း
ပေါင်းကူးခြင်း
ဘွန်ဇိုင်းပင်နဲ့
ကျောက်တုံးတွေ ပေါင်းစပ် အလှဆင်တဲ့နည်းကို စတင်တာက ထုံးစံအတိုင်း
တရုတ်လူမျိုးတွေ ဖြစ်ပါတယ်.. ဒုတိယကမ္ဘာစစ် ပြီးချိန်မှသာ ဂျပန်သို့
ရောက်ရှိသွားပြီး ဂျပန်လူမျိုးများကြားမှာ ရေပန်းစား ထင်ရှားလာခြင်း
ဖြစ်ပါတယ်.. ဂျပန်နိုင်ငံတွင် ဘွန်ဇိုင်းကို ၄င်းတို့၏ အထိမ်းအမှတ်၊
ဂုဏ်သိက္ခာတစ်ရပ် အဖြစ်ပါ အထူးအလေးထား
စိုက်ပျိုးကြပြီး အိမ်တိုင်းနီးပါးတွင် ဘွန်ဇိုင်းပင်များကို
တွေ့ရနိုင်ပါတယ်.. အများအားဖြင့် ခရမ်းရောင်ပန်းပွင့်သော အပင်၊ ထင်းရူးပင်၊
မေပယ်လ်ပင်တို့ကို ဘွန်ဇိုင်း ပြုလုပ် စိုက်ပျိုးတတ်ကြသော်လည်း အခြားသော
အပင်အမျိုးအစား အစုံတို့ကိုလည်း အပင်သေးသေးလေးများဖြင့် တစ်ပင်လုံး ညွှတ်ဝေ
သီးပွင့်နေအောင် လှပချစ်စဖွယ်ကောင်းအောင် ပြုပြင်ဖန်တီးထားကြပါတယ်..
ထိုသို့ ဘွန်ဇိုင်းနှင့် ကျောက်တုံး ကျောက်ဆောင်များ
ပေါင်းစပ်ပြုပြင်ခြင်းကိုတော့ တရုတ်လူမျိုးများက အထူးပင်
ကျွမ်းကျင်ကြပါတယ်.. ဘွန်ဇိုင်းနှင့် အခြား အရာများကို ပေါင်းစပ်၍
ပြုပြင်ဖန်တီထားသော ဘွန်ဇိုင်းမြေယာရှုခင်းကို ဘယ်လိုပင် ပုံစံမျိုးစံ၊
စိတ်ကူး ဒီဇိုင်းမျိုးစုံတို့ဖြင့် ဖန်တီးသော်ငြားလည်း မပါမဖြစ် အဓိက
သုံးချက်မှာ အပင်၊ မြေကြီးနဲ့ ကျောက်တုံးတို့ ဖြစ်ကြပါတယ်..
ကျောက်ဆောင်နှင့် ထင်ရှူးပင်
ကျောက်ဆောင်ပေါ်က အိမ်
မတ်မတ်ရပ်ခြင်း
စိတ်ကြည်နူးဖွယ် ရေကန်နဲ့ လှေငယ်
ညီညွှတ်ခြင်းအား
အချို့သော ဘွန်ဇိုင်းပညာရှင်များမှာ ဘွန်ဇိုင်းပင်များကို စုစည်းကာ အိုး(လင်ပန်း) တစ်ခုတည်းတွင်သာ စုပေါင်းစိုက်ပျိုးပြီး တကယ့် တောအုပ်သဏ္ဍာန် ပြုလုပ်ဖန်တီးထားတတ်ကြပါတယ်… ၄င်းပုံသဏ္ဍာန်ရရှိဖို့ အပင်တွေကို ပြုပြင်ဖန်တီးသင့်တဲ့ အရွယ်အစားဟာ ၂နှစ်ကနေ ၆နှစ်အတွင်းမှာ အသင့်တော်ဆုံးလို့ ဆိုပါတယ်.. ၄င်းသစ်ပင်လေးများကို စုပေါင်းပြီး တောအုပ်ပုံစံ ဖန်တီးခြင်းကိုလည်း အနည်းဆုံး အပင် ၅ပင် မှစကာ ဖန်တီးတတ်ကြပါတယ်.. အချို့မှာ ၇ပင် အချို့မှာ ၉ပင် ထက်ကျော်လွန်ပြီးလည်း ပါဝင် ဖန်တီးတတ်ပြီး အရေးအကြီးဆုံးအချက်မှာ တောအုပ်ပြုလုပ်ထားတဲ့ အပင်တွေဟာ “မ” ဂဏန်းများ ဖြစ်တာကို တွေ့ရှိရပါတယ်.. ဘွန်ဇိုင်းတောအုပ် ဖန်တီးသူများ သတိထားရမဲ့ အချက်တစ်ခုမှာ အမျိုးအစားတူ အပင်များကိုသာ ရွေးချယ် စုစည်းပြီး ဖန်တီးခြင်းကသာ အကောင်းဆုံး ဖြစ်စေနိုင်ပါတယ်.. ကွဲပြားခြားနားသော အပင်များကို စုစည်းထားခြင်းအားဖြင့် ထိန်းသိမ်းစောင့်ရှောက်ရ ခက်ခဲစေနိုင်ပါတယ်..
စိမ်းလန်းတဲ့တောအုပ်ကလေး
တကယ့်အပင်ကြီးတွေနဲ့မခြား
မှီတွယ်ခြင်း
တောအုပ်ဘွန်ဇိုင်းဖြစ်လာဖို့
စတင်ပြုစုပျိုးထောင်တဲ့အချိန်မှာ အပင်ငယ်လေးတွေကို နေရာချထားပုံကလည်း
အရေးပါပါတယ်.. စိတ်ကူးထဲမှာ ၄င်းအပင်တွေ အနာဂတ်မှာ ဘယ်လို ပုံစံမျိုး
ကြီးထွားလာ မလဲဆိုတာကို ကြိုတင် တွေးတောထားရတယ်လို့ ဆိုပါတယ်.. သို့မှသာ
တကယ့် သစ်တောအုပ်နဲ့ တူပြီး သဘာဝကျကျ လှပမှာ ဖြစ်ပါတယ်.. အုပ်စုဓာတ်ပုံ
ရိုက်သကဲ့သို့ ရှည်သော အင်အားကြီး သန်မာသော အပင်တွေက အလယ်မှာ နေရာချထားရမှာ
ဖြစ်ပါတယ်.. ဘွန်ဇိုင်းပင်များကို ပျိုးထောင်ရာမှာ ရေကို
အများအပြားလောင်းခြင်း၊ အပင်အတွက် အလင်းရောင် လိုအပ်သည်ဆိုသော်လည်း
နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းတို့ကို ရှောင်ရှားသင့်ပါတယ်.။
ဘွန်ဇိုင်းတောအုပ် စတင်စိုက်ပျိုးပြီး ၂နှစ်ပြည့်ချိန်မှာ အခြားအိုးနဲ့
ပြောင်းလဲ စိုက်ပျိုးသင့်ကြောင်း သိရပါတယ်.... ဘွန်ဇိုင်းပင်ပုလေးတွေနဲ့
ဖွဲ့စည်းထားတဲ့ တောအုပ်ကလေးဟာ နှစ်အနည်းငယ် အကြာမှာတော့
တကယ့်တောအုပ်လေးတစ်ခုလို လှပသက်ဝင်ပြီး ရှုချင်စဖွယ်၊
ချစ်စဖွယ်ကောင်းနေပါတော့တယ်..
သမနိရှည်ကြာ
သက်တမ်းရင့် ဘွန်ဇိုင်းပင်ကြီး
လွမ်းမောဖွယ်
တရုတ်ဆန်သော အနုပညာ
ကျောက်တုံးကျောက်ဆောင်များနဲ့
ဘွန်ဇိုင်းကို မြေယာရှုခင်းပြုလုပ်ဖို့အတွက် အဓိကအချက်မှာ
မည်သည့်ကျောက်တုံး ပုံသဏ္ဍာန်နဲ့မဆို ပြုလုပ်နိုင်သော်လည်း ရွေးချယ်ထားသော
ကျောက်တုံးမှာ ခိုင်ခန့်မာကြောသော၊ မကွဲအက်လွယ်သော ကျောက်တုံး
ဖြစ်ရန်လိုပါတယ် .. ရွေးချယ်သင့်သော ကျောက်တုံး အရောင်များမှာ အဖြူ၊ အမဲ၊
မီးခိုးရောင်၊ နီညိုရောင်တို့ ဖြစ်ကြပါတယ်.. အများအားဖြင့် ထောင်မတ်နေသော
ကျောက်တုံးများကို ရွေးချယ်ကြသော်လည်း အလျားလိုက် ဖြစ်နေသော ကျောက်ဆောင်
ပုံသဏ္ဍာန်များကိုလည်း ရွေးချယ် ဖန်တီးတတ်ကြပါသေးတယ်.. သေးငယ်သော
ကျောက်ဆောင်များကို ပြင်ပတွင်ရှိသော ကျောက်တုံး ကျောက်ဆောင်များ၏
ပုံသဏ္ဍာန်နှင့်မခြား ဖန်တီးပြီး ဘွန်ဇိုင်းပင်များ၊ ခြုံပင်ငယ်များနဲ့
တွယ်ယှက်ပေါင်းစပ်ကာ အခြားသော ရေကန်၊ အိမ်၊ လူ၊ တိရိစ္ဆာန်၊ လှေ
စသည်တို့ဖြင့် စိတ်ကူးရှိသလို လှပစွာ ဖန်တီးထားခြင်းသည် ဘွန်ဇိုင်းဖြင့်
မြေယာရှုခင်းအလှဆင်ခြင်း ဖြစ်ပါတယ်..
စိမ်းလန်းခြင်း
ဆန်းသစ်ခြင်း
ရင့်ကျက်ခြင်း
အေးချမ်းခြင်း
ပေါင်းစပ်ခြင်း
တည်ငြိမ်ခြင်း
ဝေဆာခြင်း
အထီးကျန်ခြင်း
အဲဒီလို
ပြုပြင်ဖန်တီးထားတဲ့ ရှုခင်းသေးသေးလေးတွေကို ကျွန်မအနေနဲ့
နှစ်သက်သဘောကျမိတာမို့ ရှာဖွေစုဆောင်းထားတာလေးတွေကို
သူငယ်ချင်းမိတ်ဆွေများကိုလည်း ပြန်လည် ဝေမျှပေးလိုက်ပါတယ်ရှင်။


Post a Comment