ခန္ဓာကိုယ် တစ်ကိုယ်လုံး မဟုတ်ပဲ ဗိုက်မှာပဲ အဆီတွေစုနေလို့ ဗိုက်နေရာတစ်ခုတည်း အဆီကျချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးက အကောင်းဆုံး ဖြစ်မှာပါ။

ဗိုက်အဆီကျဖို့အတွက် သံပရာရည်ကို ဆားလေးအနည်းငယ်ထည့်ကာ မနက်တိုင်း သောက်ပေးပါ။ တစ်ပတ်လောက်ကြာတဲ့အခါ ဗိုက်အဆီကျတာတွေ သိသိသာသာ လျော့ကျနိုင်ပါတယ်။

ဂျင်း တစ်လက်မလောက်ကို အခွံနွှာပြီး ရေ ဖန်ခွက်(၄) ခွက်စာထည့်ပြီး ပြုတ်ပေးပါ။ ပျားရည် လက်ဖက်စားဇွန်း(၁) ကိုပါ ရောပြီး ပြုတ်ပေးပါ။ မနက်တိုင်း ပန်းကန်လုံးလေး တစ်ခွက်သောက်ပေးမယ်ဆိုရင် ဗိုက်အဆီတွေ သိသိသာသာ ကျစေပါတယ်။သခွားသီးကို အရည်ညှစ်ပြီး သကြားလေးနဲ့ ရောစားပေးမယ်ဆိုရင်လည်း ဗိုက်အဆီကျနိုင်ပါတယ်။
 
Top