ရီရီပွင့်ဖြူဟာ မော်ဒယ်သရုပ်ဆောင်လောကမှာနေရာတစ်နေရာရရှိခဲ့ပြီးမှာ အနားယူပြီး

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုဇောက်ချလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ် ။

ခုချိန်မှာ Boho Chic ဆိုတဲ့ဖက်ရှင်ဆိုင်လေးကိုဖွင့်လှစ်ထားတဲ့သူမဟာ

အခြားသောစီးပွားရေးလုပ်ငန်းအဖြစ် Halo မဂ္ဂဇင်းကို ထုတ်ဝေခဲ့သော်လည်း

၂ နှစ်နောက်ပိုင်းမှာ ဆက်လက်မထုတ်ဝေဖြစ်တော့ဘဲ ဖက်ရှင်ဆိုင်ကိုသာ အလေးပေးဆောင်ရွက်ခဲ့ပါတယ် ။
ချစ်သူက နာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့ မောင်လေး ဖြစ်ပြီး ချစ်သက်တမ်း ၄ နှစ် ရှိပြီလို့ဆိုပါတယ် ။

‘‘အခု အသက်က (၂၇)ထဲ ရောက်ပြီ။ (၃၀)မပြည့်ခင်တော့ ယူမယ်လို့ စဉ်းစားထားတယ်။ ချစ်သူလည်းရှိပါတယ်။ သူလည်း သူ့အလုပ်သူလုပ်၊ ကိုယ်လည်း ကိုယ့်အလုပ်ပေါ့။ ဖြစ်သင့်တဲ့အ ချိန်အတိုင်းအတာ ရောက်ရင် တော့ သေချာစီစဉ်ထားတာလေး တွေ အတည်တကျဖြစ်လာမှာပါ။ ချစ်သူသက်တမ်းက လေးနှစ်ရှိပါ ပြီ။ သူ့အသိုင်းအဝိုင်း၊ ကိုယ့်အ သိုင်းအဝိုင်းသိပါတယ်။

သူလည်း အရင်က အနုပညာလောကထဲက ပဲ။ ဒါပေမဲ့ ကိုယ်နဲ့သူနဲ့ စတွေ့တဲ့ အချိန်မှာ သူရော၊ ကိုယ်ရော ဒီအ လုပ်ကို မလုပ်ဖြစ်တော့ဘူး။ အနု ပညာလောကနဲ့ နှစ်ယောက်စလုံး နဲ့ လုံးဝမပတ်သက်တော့ပါဘူး။ အခုတွဲခဲ့တဲ့ လေးနှစ်နီးပါးမှာ သူ နဲ့က တော်တော်လေးအဆင်ပြေ တယ်။ စိတ်သဘောထားချင်း လည်း တိုက်ဆိုင်တယ်။ သူက ရီ့ ထက် တစ်နှစ်ပိုကြီးပါတယ်’’ လို့ဆိုပါတယ် ။

အနုပညာအလုပ်တွေ ရပ်နားလိုက်ရခြင်းအပေါ်

‘‘အနုပညာအလုပ်က နောက်ပိုင်းမှာ ကိုယ့်ရဲ့ ပင်ကိုယ် စိတ်ရင်းနဲ့ အဆင်မပြေဘူးထင် လာတယ်။ ကိုယ့်ရဲ့ပင်ကိုစိတ် ရင်းက အေးအေးချမ်းချမ်းနေချင် တယ်။ ပိုက်ဆံပိုရှာချင်တယ်။ အ နုပညာအလုပ်က အားလုံးကို စွန့် လွှတ်ပြီး မြှုပ်နှံထားနိုင်မှဆိုတော့ ကိုယ်က ဦးနှောက်ကို ပိုဦးစားပေး ပြီး စဉ်းစားလိုက်တဲ့ အချိန်မှာ ပညာရေးနဲ့ စီးပွားရေးကို ရွေးချယ်ဖြစ်လိုက်တယ်။ ညီမ အခု MPA အောင်ပြီးသွားပြီ။ ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုဘာသာရပ်ဆိုတော့ ကျောင်းနဲ့ပတ်သက်တဲ့ အလုပ် တစ်ခု ထပ်လုပ်ဖြစ်မယ်။ ၃၂ ဘာ သာတောင် သင်ထားတာဆိုတော့ အဲဒါလေးတွေကို အသုံးချကြည့် ချင်တယ်။ အခု နောက်ထပ် Applied Psyco ဆိုတဲ့ ဘာသာရပ် ကို တစ်နှစ်ထပ်တက်ဖို့ရှိတယ်’’ လို့ လဲ ထပ်လောင်းပြောကြားထားပါတယ် ။

သူ့မချစ်သူကတော့ နာမည်ကျော် မင်းသမီး နန္ဒာလှိုင်ရဲ့ မောင်လေးပဲဖြစ်ပါတယ် ။

 
Top