လူတိုင်း ပြီးပြည့်စုံတဲ့သူရယ်လို့တော့ ရှိမှာမဟုတ်ပါဘူး။ ဒီတော့ အိမ်ထောင်ဘက် ရွေးတော့မယ်ဆိုရင်လည်း အားလုံး ပြီးပြည့်စုံနေမှ ရွေးချယ်မယ်ဆိုရင်တော့ သင် ဘယ်တော့မှ အိမ်ထောင်ပြုဖို့ မလိုတော့ပါဘူး။ အမျိုးသားတွေအနေနဲ့ အိမ်ထောင်ဘက်ကို အကောင်းဆုံးအရည်အချင်းတွေနဲ့ ချိန်ထိုးဖို့ အောက်မှာဖော်ပြထားတဲ့ အရာတွေကို စံအဖြစ် သတ်မှတ်ထားသင့်ပါတယ်။

(၁) သင့်ထက် အစစတော်နေ,ထက်မြတ်နေတဲ့သူ 

တစ်ချို့က ပင်ကိုယ်မနာလိုစိတ် ကြီးမားသူတွေဟာ ကိုယ့်ထက် တော်နေ တတ်နေရင် အနားမကပ်ချင်ကြပါဘူး။ ဒါပေမယ့် လည်း အရာရာကို တော်နေတတ်နေတဲ့သူတိုင်းကလည်း စိတ်ဓာတ်ရေးရာ မြင့်မြတ်သူတွေလို့ မဆိုနိုင်ပြန်ပါဘူး။ တစ်ချို့က သြဇာပေးချင်ကြပါတယ်။ တစ်ချို့က အရှိန်နဲ့ ဖိချင်ကြပါတယ်။ ဒီတော့ ဒီအချက်ကို အောက်မှာ ဖော်ပြထားတဲ့ တတိယအချက်ကလေးနဲ့ တွဲထားနိုင်တဲ့ အမျိုးသမီးဆို သင် လက်လွှတ်မခံပါနဲ့။

(၂) လှပပြီး ဉာဏ်ပညာကောင်းမွန်သူ

 ” အလှအပနဲ့ ဉာဏ်ရည်ဟာ အတူယှဉ်တွဲပြီး တွေ့ဖို့ခက်တဲ့ အရာတွေဖြစ်တယ် “ဆိုတဲ့ ဒီစကားကို အိုင်စတိုင်းလား အရစ္စတိုတယ်လားတော့ မသိပါဘူး … ပညာရှိကြီး တစ်ယောက်က ပြောခဲ့တဲ့ စကားလို့သာ မှတ်ထားပေးပါ။ ဒါပေမယ့် တစ်ချို့အမျိုးသမီးတွေဟာ ရုပ်ရှည်လှပသလောက် ဉာဏ်ပညာမှာလည်း ထက်မြတ်လွန်းတာမျိုး တွေ့ခဲဖူးပါတယ်။ သင်လည်း တွေ့တယ်ဆိုရင် လက်လွတ်မခံပါနဲ့။ ရုပ်ရည်ကလည်း ကြည့်ပျော်ရှုပျော်၊ ဉာဏ်ပညာလည်း ထက်မြတ်တယ်
ဆိုရင်ကို လက်တွဲသင့်တဲ့ အမျိုးသမီးလို့ ဆိုရမှာပါ။

(၃) ကြင်နာသနားတတ်သူ


အဓိကက လူတွေကို လူပီသကြောင်း သတ်မှတ်ဖို့အတွက် အရေးကြီးဆုံးလိုအပ်ချက်က အကြင်နာတရားပါဘဲ။ အကြင်နာတရားရှိတယ်လို့ သင်ခံစားမိတဲ့ အမျိုးသမီးဟာ တစ်ခြားအချက်တွေ မပြည့်စုံချင်နေပါစေ၊ သင် လက်ထပ်ဖို့
သင့်တော်ပါတယ်။ အကြောင်းကတော့ သူမက လူပီသသူ ဖြစ်လို့ပါဘဲ။ သိပ်အရေးကြီးပါတယ်။

(၄) ဖျက်ဖျက်လတ်လတ် ရှိသူ

ဖျက်လက်ခြင်းရဲု့ ပုံးကွယ်နေတဲ့အရည်အချင်းဟာ ထက်မြတ်ခြင်းပါဘဲ။ ဖျက်လတ်တာနဲ့ ပြာယာခက်တာက မတူညီပါဘူး။ ပြာယာခတ်သူဟာ စိတ်ဓာတ်မတည်မငြိမ်ဖြစ်ခြင်းရဲ့ ဓလေ့ပါ။ တစ်ချို့က မေးခွန်းတစ်ခုမေးလိုက်တာနဲ့ သိတာဆိုရင် ဒိုးကနဲ ဒေါက်ကနဲ့ ဖြေနိုင်တယ်၊ အရိပ်ပြရင် အကောင်ထင်တယ်၊ စကားပြောရင်လည်း ချက်ချက်ချာချာရှိတယ် … ဒါမျိုးကို စိတ်ပိုင်းရုပ်ပိုင်း ဖျက်လတ်သူလို့ ပြောလို့ရပါတယ်။

(၅) ဣနြေ္ဒနဲ့ပြည်စုံပြီး မိန်းမဆန်သူ


အမျိုးသမီးဆိုတာ ဘယ်နိုင်ငံသူပဲဖြစ်ဖြစ် ကိုယ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့အညီ ၀တ်စားဆင်ယင်တတ်သူ၊ အပြုအမူ၊ အပြောအဆို၊ အနေအထိုင် ဣနြေ္ဒသုံးပါးနဲ့လည်း ပြည့်စုံသူ၊ အမျိုးသမီးဆန်ဆန် လှပပြီး အထက်ပါအရည်အချင်း
တွေနဲ့လည်း ပြည့်စုံတယ်ဆိုရင်တော့ သင် လက်လွတ်ဖို့ မသင့်တဲ့ အမျိုးသမီး ဖြစ်ပါတယ်။
 
Top