အျပန္အလွန္ မွီခိုျခင္း
အလွဆုံးအရာဟာ နက္နဲသိမ္ေမြ႕ လၽွို႔ ဝွက္တဲ့ဟာပဲ။ အႏုပညာ၊ သိပၸံပညာေတြဟာ အဲဒီအရာ နက္နဲ သိမ္ေမြ႕ ျခင္း (mysterious) က ထြက္လာတာပဲ။ သိမ္ေမြ႕ နက္နဲတာကို သူစိမ္းတရံစံ ျဖစ္ေနတဲ့ မခံစားနိုင္သူ၊ တအံ့တဩ ျဖစ္ဖို႔ ခဏတာေလး မတန႔္မရပ္နိုင္သူ၊ ရိုေသခန႔္ညားမွုကို ဘဝင္မခိုက္နိုင္သူ၊ ဒီလူေတြ ေသဖို႔သာေကာင္းတယ္၊ သူ႔မ်က္လုံးေတြ ကန္းေနတာကိုး။
၁၉၃၅ ဇြန္ ၆ ရက္တြင္ ေကာင္ေလးတစ္ေယာက္ ေမြးသည္။ တိဘက္အေရွ႕ေျမာက္ေဒသ လယ္သမားမိသားစု၌။ လာမို သြန္ဒပ္ (Lhamo Thondup) ဟု အမည္ရေသာ ထိုကေလးမွာ လာမားႀကီး ျဖစ္လာသည္။ ထိုႏွစ္၌ပင္ အဲလ္ဘတ္ အိုင္စတိုင္းသည္ အေမရိကန္ နိုင္ငံသားအျဖစ္ ေလၽွာက္လႊာတင္သည္။ ပရင္စတန္၌ အိမ္တစ္လုံးဝယ္ကာ အသက္ထက္ဆုံး ေနသည္။ ၁၉၅၅ ခုႏွစ္ ကြယ္လြန္ေသာအခါ ၇၆ ႏွစ္ ရွိၿပီ။
ဤအေရးအသားမွာ နာမ္ကိစၥ (spiritual) အေၾကာင္း၊ ယင္းအရာ၌ သိပၸံပညာရွင္တစ္ေယာက္ (အိုင္စတိုင္း) ႏွင့္ ဘာသာေရးသမားတစ္ေယာက္၏ အျမင္မ်ား တူေနပုံျဖစ္ပါသည္။
မတူညီေသာ ေနာက္ခံရွိေသာ ထိုသူႏွစ္ေယာက္မွာ က်ိဳးေၾကာင္း ဆင္ျခင္ျခင္း (rational) ႏွင့္ ယုံၾကည္မွုအေျခခံျခင္း (spiritual) ကို ေပါင္းစည္းတတ္သူမ်ား ျဖစ္သည္။
အိုင္စတိုင္း၏ သိပၸံနည္းက်စဥ္းစားတတ္ေသာ စိတ္သည္ “ႏွလုံးသားႏွင့္ မခံစားေသာ သခ်ၤာတြက္စက္ႀကီး” မဟုတ္။ တန္ဇင္သည္လည္း သိပၸံကို ဆန႔္က်င္ေသာ ဘာသာေရးဂု႐ု မဟုတ္။
နယူတန္၏ေနာက္တြင္ အႀကီးက်ယ္ဆုံး ႐ူပေဗဒဆရာႀကီး ျဖစ္သည္ မွန္၏။ သို႔ေသာ္ အိုင္စတိုင္းကား ဒႆန၊ ဘာသာေရး၊ နာမ္အေၾကာင္းမ်ားကို စိတ္ဝင္စားခဲ့သည္။ သူ႔ကို ဒႆန-သိပၸံ ဆရာႀကီး (philosopher scientist) ဟု စာေရးဆရာတခ်ိဳ႕က ေရးၾကသည္။ Out of My Later Years ဟူေသာ သူ႔စာအုပ္တြင္ အိုင္စတိုင္းက ေအာက္ပါအတိုင္း ေရးခဲ့၏။
“ဘာသာအယူဝါဒ၊ အႏုပညာ၊ သိပၸံတို႔မွာ သစ္ပင္တစ္ခုတည္းမွ အကိုင္းအခက္မ်ား၊ လူ႔ဘဝ ျမင့္တက္လာေစရန္ တမ္းမွန္းၾကသည္ခ်ည္း။ ႐ုပ္သက္သက္ ရပ္တည္မွုမွ ဆြဲထုတ္၍ ပုဂၢလတစ္ဦးခ်င္း လြတ္ေျမာက္ရန္ ရည္သန္ၾကသည္ခ်ည္း ျဖစ္သည္။”
တန္ဇင္ကား ကၽြန္ေတာ္တို႔ေခတ္၏ ဘာသာေရးေခါင္းေဆာင္ တစ္ေယာက္၊ ကမၻာ့တစ္ဝွမ္း ခ်စ္ၾကည္ညိဳျခင္း ခံရသူ။ ဘာသာေရး ေခါင္းေဆာင္ ျဖစ္လ်က္လည္း သိပၸံကို စိတ္ဝင္စားသည္။ ကမၻာ့တစ္ဝွမ္းမွ သိပၸံပညာရွင္မ်ားႏွင့္ ေတြ႕ဆုံသည္။ ေမးျမန္းသည္။ ၁၉၈၇ ခုႏွစ္မွစ၍ ယေန႔တိုင္ ျပဳလုပ္ေသာ (Mind and Life Dialogues) (စိတ္ႏွင့္ဘဝ ဒိုင္ယာေလာ့ခ္မ်ား) မွာ သိပၸံႏွင့္ နာမ္ကိစၥ ေဆြးေႏြးပြဲမ်ား ျဖစ္သည္။
“က်ဳပ္က ဗုဒၶဘာသာ (အေရွ႕တိုင္းဒႆန) နဲ႔ အေနာက္တိုင္းသိပၸံရဲ့ ဆက္သြယ္မွုကို သိပ္စိတ္ဝင္စားတယ္။ စိတ္တိုးတက္မွုနဲ႔ ႐ုပ္တိုးတက္မွုဟာ ခ်ိန္ခြင္လၽွာ မၽွမွျဖစ္မယ္လို႔ အျမဲတမ္း ခံစားရတာကိုး။ ႏွစ္ခုေပါင္းမွ လူသားဆန္တဲ့ ကမၻာႀကီးျဖစ္မွာကိုး။ အေနာက္တိုင္းသိပၸံ ႐ုပ္တိုးတက္မွုနဲ႔ အေရွ႕တိုင္း စိတ္တိုးတက္မွု ႏွစ္ခုေပါင္းၿပီး အလုပ္လုပ္ဖို႔ အလြန္အေရးႀကီးတယ္။”
အိုင္စတိုင္းမွာ ဘာသာတရား တစ္စုံတစ္ရာ သက္ဝင္ယုံၾကည္မွု မရွိေခ်။ သို႔စဥ္လ်က္ ဘာသာေရးခံစားမွု ရွိသည္။ “အယ္လ္ဘတ္ အိုင္စတိုင္း” ဟူေသာ သူ႔အတၳဳပၸတၱိတြင္ သူက ေအာက္ပါအတိုင္း ေျပာသည္ဟူ၏။
“အလွဆုံးအရာဟာ နက္နဲသိမ္ေမြ႕ လၽွို႔ဝွက္တဲ့ဟာပဲ။ အႏုပညာ သိပၸံပညာေတြဟာ အဲဒီအရာ နက္နဲသိမ္ေမြ႕ျခင္း (mysterious) က ထြက္လာတာပဲ။ သိမ္ေမြ႕နက္နဲတာကို သူစိမ္းတရံစံျဖစ္ေနတဲ့ မခံစားနိုင္သူ၊ တအံ့တဩျဖစ္ဖို႔ ခဏတာေလး မတန႔္မရပ္နိုင္သူ၊ ရိုေသခန႔္ညားမွုနဲ႔ ဘဝင္မခိုက္နိုင္သူ၊ ဒီလူေတြ ေသဖို႔သာေကာင္းတယ္၊ သူ႔မ်က္လုံးေတြ ကန္းေနလို႔။ ဘဝရဲ့ လၽွို႔ဝွက္နက္နဲမွုကို ထိုးထြင္းသိျမင္ဉာဏ္ဟာ (အေၾကာက္နဲ႔ ေပါင္းစပ္ထားတယ္ ဆိုပေစ) ဘာသာေရးယုံၾကည္မွုကို ျဖစ္ေစတာကိုး။ က်ဳပ္တို႔ဆီ မေရာက္နိုင္တဲ့အရာ ရွိေလရဲ့။ သည္အရာကေတာ့ျဖင့္ အျမင့္ဆုံး ဉာဏ္သဗၺညဳပဲ၊ ျဖာထြက္ေနတဲ့ အလွအပပဲ၊ က်ဳပ္တို႔ရဲ့ ခပ္တုံးတုံးအာ႐ုံေတြ မေစစားနိုင္တဲ့ အရာ အလြန္အၾကမ္းဖ်င္းသာ သိနိုင္တဲ့အရာ – သည္လိုသိျခင္း၊ သည္လို ခံစားျခင္းဟာ ဘုရားတရားၾကည္ညိဳျခင္းရဲ့ ဗဟိုပဲ။ သည္နည္းျဖင့္သာ က်ဳပ္ဟာ ဘုရားတရားၾကည္ညိဳသူ ျဖစ္ပါတယ္။”
တန္ဇင္သည္လည္း နာမ္ကိစၥကား ဘာသာေရးအယူမ်ားကို ေက်ာ္လြန္သည္ဟု ယူဆသည္။ “နာမ္ကိစၥ (spirituality) ဟူသည္ လူ႔စိတ္၏ အရည္အေသြးမ်ား ျဖစ္ေသာ ခ်စ္ျခင္း၊ က႐ုဏာရွိျခင္း၊ သည္းညည္းခံျခင္း၊ စိတ္ရွည္ျခင္း၊ ခြင့္လႊတ္ျခင္း၊ ေရာင့္ရဲျခင္း၊ တာဝန္ယူတတ္ျခင္း၊ လိုက္ဖက္ ညီညြတ္ေအာင္ ေနျခင္းမ်ားတည္း။ မိမိကိုေသာ္လည္းေကာင္း၊ သူတစ္ပါးကို ေသာ္လည္းေကာင္း၊ ေပ်ာ္ရႊင္ခ်မ္းေျမ့ျခင္း ျဖစ္ေစေသာ သတၱိမ်ားတည္း။” ထို အရည္အခ်င္းသတၱိမ်ားကား “ေလာကုတၱရာ အက်င့္မွန္”မ်ား၏ အသီးအပြင့္မ်ား ျဖစ္ေစကာမူ ထိုသို႔က်င့္ႀကံအားထုတ္ရန္ တစ္စုံတစ္ရာ ဘာသာဝင္ျဖစ္ဖို႔ မလိုပါဟု သူက ဆိုသည္။
အိုင္စတိုင္းအဖို႔ ဘာသာတရားဟူသည္ သဘာဝ၏ နက္နဲသိမ္ေမြ႕ျခင္း၊ အလွႏွင့္ အမွန္တရားအေပၚ နက္နက္ရွိုင္းရွိုင္း ခံစားတတ္ျခင္းသာ ျဖစ္သည္။ တန္ဇင္အတြက္ကား ဘာသာတရားဟူသည္ က႐ုဏာတရားႏွင့္ စိတ္ႏွလုံးေကာင္းျခင္း ျဖစ္သည္။
အိုင္စတိုင္း၏ ဘာသာတရားသည္ စၾကဝဠာအျမင္၊ တန္ဇင္၏ ဘာသာတရားကား ကိုယ္က်င့္သီလဆိုင္ရာအျမင္ဟူ၍ ေျပာနိုင္သည္။ အမွန္ စင္စစ္ကား တစ္ခုတည္းေသာ ဒဂၤါးျပား၏ ေခါင္းႏွင့္ ပန္းသာ ျဖစ္ေလသည္။
Out of My Later Years ၌ ဘာသာတရားဘက္၌ ေပါက္ ရာက္ေအာင္ျမင္ၿပီးသူ ဟူသည္မွာ တစ္ကိုယ္ေကာင္းသာ ရည္ရြယ္ေသာ အလိုဆႏၵမ်ားမွ သူ႔ကိုယ္သူ လြတ္ေျမာက္ၿပီးသူတစ္ေယာက္ဟု ကၽြန္ေတာ္ ယူဆသည္ဟု အိုင္စတိုင္းက ေရးသည္။ သိပၸံအေနျဖင့္ ဘာသာတရား၏ ထိုရည္ရြယ္ခ်က္ ေအာင္ျမင္ေအာင္ ေထာက္ပံ့နိုင္ပါသည္။ သိပၸံေတြ႕ရွိခ်က္မ်ားက ကၽြန္ေတာ္တို႔အား “အညီအညြတ္ ဖြဲ႕စည္းေနျခင္း၊ ျဖစ္တည္လာရန္ အျပန္အလွန္မွီခို ေထာက္ပံ့ေနျခင္း၊ ဘုံအရင္းအျမစ္မွ ျဖစ္တည္လာျခင္း” စသည္မ်ားကို သင္ၾကားေပးေနပါသည္။ စၾကဝဠာသဘာဝကို သိပၸံနည္းျဖင့္ သေဘာေပါက္ျခင္းသည္ ပုဂၢလိက ေမၽွာ္လင့္ေနမွုမ်ား၊ အလိုဆႏၵမ်ား၏ ခ်ဳပ္ ေႏွာင္မွုမ်ားမွ လြတ္ေျမာက္ေစနိုင္ပါသည္။ သဘာဝတြင္ တည္ရွိေနေသာ အေၾကာင္းအက်ိဳးဆက္စပ္မွု (ေဟတုပစၥေယာ) ၏ ခမ္းနားႀကီးက်ယ္မွု၌ ႏွိမ္ခ် ရိုက်ိဳးစိတ္ကို ျဖစ္ေစနိုင္ပါသည္။
ဗုဒၶဘာသာတစ္ေယာက္၏ အျမင္အရဆိုရလၽွင္ တစ္ကိုယ္ေကာင္း အေတြးအႀကံအလုပ္မ်ား အကုသလ အလိုဆႏၵမ်ားသည္ ဒုကၡ၏အေၾကာင္း (ပစၥယ)၊ ေမာဟ (အမွန္တကယ္ မသိမွု) ကား ထိုအလိုဆႏၵမ်ား၏ အေၾကာင္း ျဖစ္ပါသည္။ အိုင္စတိုင္း၏ အျမင္အရ သိပၸံဗဟုသုတႏွင့္ ေတြ႕ရွိခ်က္မ်ားသည္ သိပၸံပညာရွင္အပါအဝင္ လူတို႔အား နက္နက္ရွိုင္းရွိုင္း ဆင္ျခင္ရန္ က်ယ္က်ယ္ျပန႔္ျပန႔္ျမင္ရန္ ပို၍ ႏွိမ့္ခ်တတ္ရန္ အကူအညီေပးပါသည္။ ေဖာ္ျပပါ အရည္အခ်င္းမ်ားသည္ အေမွာင္တိုက္မ်ားကို လင္းရန္၊ ပို၍သတိရွိလာရန္၊ ျဖစ္တည္ေနမွုႏွင့္ သင့္တင့္ေလ်ာက္ပတ္ရန္၊ သည္းညည္းခံနိုင္ရန္၊ က႐ုဏာ ပိုထားကာ တစ္ကိုယ္ေကာင္းစိတ္ ေလ်ာ့နည္းရန္ အကူအညီ ေပးသည္။
ကိုယ္ရည္ကိုယ္ေသြး
အိုင္စတိုင္း၏ သိပၸံအျမင္သည္ သူ၏ ကိုယ္ရည္ကိုယ္ေသြးကို ျပဳျပင္ေပးရဲ့လား။ အိုင္စတိုင္းကား ၾကင္နာသူ၊ ႏွိမ့္ခ်သူ၊ ရိုးရွင္းေသာဘဝကို ႏွစ္သက္သူ၊ ေက်ာ္ၾကားမွုကို ညည္းညဴတတ္သူ၊ ဟာသဓာတ္ခံ ရွိသူ၊ မရွိမျဖစ္ေသာ ပစၥည္းမ်ားႏွင့္သာ ေရာင့္ရဲတတ္သူ၊ ဇိမ္ခံပစၥည္းမ်ားကို မႏွစ္သက္သူဟူ၍ သူ၏စာမ်ား၊ အတၳဳပၸတၱိမ်ားတြင္ ေတြ႕ရသည္။ The World as I See It (၁၉၃၁) ဟူေသာ အက္ေဆးတြင္ “က်ဳပ္ဘဝရဲ့လမ္းကို အလင္းေရာင္ ေပးလ်က္ ရႊင္ရႊင္လန္းလန္းႏွင့္ ရင္ဆိုင္ရန္ သတၱိေပးေသာ အရာမ်ားမွာ ၾကင္နာျခင္း၊ လွျခင္းႏွင့္ မွန္ကန္ျခင္းမ်ားသာ ျဖစ္ပါသည္။ ပိုင္ဆိုင္မွုမ်ား၊ အျပင္ပန္း ဗဟိဒၶ ေအာင္ျမင္မွုမ်ား၊ ဇိမ္ခံပစၥည္းမ်ားမွာ အဖိုးမတန္ပါ” ဟု အိုင္စတိုင္း ေရးခဲ့သည္။
တန္ဇင္၏ ဒႆနအျမင္သည္လည္း ထို႔အတူျဖစ္သည္။ တန္ဇင္အား ႏွစ္ႀကိမ္ေတြ႕ဖူးရာ ႏွစ္ႀကိမ္စလုံးပင္ “ကၽြန္ေတာ္က ရိုးရိုး ဘုန္းႀကီး တစ္ပါးပါ ခင္ဗ်ာ”ဟု ေျပာသည္။ သို႔ေသာ္ ထိုရိုးျခင္း၏ေနာက္မွ ဉာဏ္ပင္လယ္ (သူ႔အမည္မွာ ဉာဏ္ပင္လယ္ ocean of wisdom ဟူေသာ အနက္ ရွိသည္။) ကို ခံစားရသည္။ သူ၏စာအုပ္ သုံးေလးအုပ္ကို လက္ေဆာင္ Universal Responsibility and the Good Heart ဟူေသာ စာအုပ္တြင္ ေအာက္ပါအတိုင္း ေတြ႕ရသည္။ “ႏွလုံးသားခ်င္း ဆက္ဆံေရးဟာ အသားအေရာင္၊ လူမ်ိဳးေရးအဆီးအတားေတြကို ေက်ာ္ၿပီး ဒီေန႔ ၾကဳံေနရတဲ့ ျပႆနာေတြကို ေျဖရွင္းေပးနိုင္မွာပဲလို႔ ကၽြန္ေတာ္ေတာ့ ခံစားရတယ္။” သူ႔ အား ဘာသာတရားရဲ့ အႏွစ္သာရဟာ ဘာပါလဲဟုေမးရာ “က႐ုဏာပါပဲ”ဟု စကားလုံးတစ္လုံးတည္းႏွင့္ ျပန္ေျဖသည္။
အိုင္စတိုင္း၏ ႏွိုင္းရဓမၼတရား (relativity) မွာ သိပၸံ သေဘာတရားသာ ျဖစ္ေသာ္လည္း၊ ဒႆနဘက္၌လည္း ယူသုံးၾကသည္မ်ား ရွိသည္။ ႏွိုင္းရျဖစ္ျခင္း (relativism) ကို မွားယြင္း နားလည္ေသာ “အားလုံး ႏွိုင္းရ ျဖစ္ေနတာေတြခ်ည္း၊ ဒါေၾကာင့္ လုပ္ခ်င္တာလုပ္” ဟူေသာ အေတြးအေခၚကို အိုင္စတိုင္းေသာ္ လည္းေကာင္း၊ တန္ဇင္ေသာ္ လည္းေကာင္း လက္ခံမည္ မဟုတ္ပါ။ ထိုသူႏွစ္ေယာက္လုံးကား ျမင့္မားေသာမူမ်ား၊ စံမ်ား ရွိၾကေသာေၾကာင့္ ျဖစ္သည္။ ရီေလတီဗီတီမွာ ကမၻာႀကီးကို ပိုနားလည္ေစေသာ နည္းတစ္ခုသာ ျဖစ္သည္။ ကမၻာႀကီး၌ ပကတိမွန္ေသာ မူမ်ား၊ သဏၭာန္မ်ား မရွိဟု မဆို။ အလင္း၏အလ်င္မွာ စၾကဝဠာတြင္ အျမဲတသမတ္တည္း သည္အတိုင္းပဲ ရွိေနသည္။ က႐ုဏာ (compassion) သည္လည္း အျမဲမွန္ကန္ေသာ ဓမၼျဖစ္သည္။
သိပၸံပညာရွင္တစ္ေယာက္အေနႏွင့္ အိုင္စတိုင္းကား အရာဝတၳဳမ်ား၊ သတၱဝါမ်ား၏ အျပန္အလွန္အမွီသဟဲျပဳျခင္း (interdependence) ကို သေဘာေပါက္သည္။
“ေန႔တိုင္း ေန႔တိုင္း အႀကိမ္မ်ားစြာ ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္ သတိေပးသည္။ ကၽြန္ေတာ္၏ အဇၩတၱႏွင့္ ဗဟိဒၶ အတြင္းအပ ဘဝကား အျခား သူတစ္ပါး အသက္ရွင္ေနသူ၊ ေသၿပီးသူမ်ားအေပၚတြင္ အေျခခံေနေၾကာင္း၊ ကၽြန္ေတာ့္အေနႏွင့္ ရယူခဲ့သည့္အေလ်ာက္ အညီအမၽွ ျပန္လည္ေပးဆပ္နိုင္ ရန္ ႀကိဳးစားရမည္ျဖစ္ေၾကာင္း။”
အျပန္အလွန္ အမွီသဟဲျပဳျခင္းသေဘာကို တန္ဇင္၏ တရားမ်ားတြင္လည္း ေတြ႕ရသည္။ မိန႔္ခြန္းတစ္ခုတြင္ ေအာက္ပါအတိုင္း ေတြ႕ရသည္။ “က်ဳပ္တို႔ဟာ တစ္ေယာက္ကိုတစ္ေယာက္ အမွီသဟဲ ျပဳေနၾကတာပါ။ တသီးတသန႔္ေနလို႔ မျဖစ္နိုင္ေတာ့ပါ။ ကိုယ့္အသိုက္အဝန္းျပင္ပမွာ ျဖစ္ပ်က္ေနတာေတြကို လ်စ္လ်ဴရွု၍ မရေတာ့ပါ။ အခက္အခဲေတြ ေတြ႕တဲ့အခါ တစ္ေယာက္ကိုတစ္ေယာက္ အကူအညီေပးရမွာပါ။ ကံအေၾကာင္း ေကာင္းတဲ့အခါလည္း တစ္ေယာက္ကိုတစ္ေယာက္ ေဝမၽွရမွာပါ။”
ထိုပုဂၢိဳလ္ႀကီးႏွစ္ဦးလုံးမွာ ကိုယ့္ျပည္ ကိုယ့္ယာကို စြန႔္ခဲ့ၾကရသည္။ ဂ်ာမန္ ဂ်ဴးျဖစ္ေသာ အိုင္စတိုင္းမွာ ဟစ္တလာ၏ ရန္မွလြတ္ရန္ ထြက္ေျပး၍ အေမရိက၌ အေျခခ်ရသည္။ တန္ဇင္သည္လည္း သူ႔ျပည္မွထြက္ေျပး၍ အျခားတိုင္းျပည္၌ အေျခခ်ရသည္။ ယင္းအေတြ႕အၾကဳံက လူဟူသည္ကို က်ယ္ျပန႔္ေသာအျမင္ႏွင့္ ျမင္ေအာင္၊ အလွကို ခံစားတတ္ေအာင္၊ ယဥ္ေက်းမွု အဖုံဖုံႏွင့္ အသက္၏အေျခခံ၌ စည္းလုံးပုံကိုသိေအာင္ ျပဳလုပ္ေပးပုံရသည္။
ထူးျခားေသာ ဤပုဂၢိဳလ္ႀကီးႏွစ္ဦးကား ကြဲျပားျခားနားေသာ နယ္ပယ္မ်ားက လာသည္။ တစ္ဦးမွာ အေနာက္တိုင္း သိပၸံအျမင္မွ ေနာက္တစ္ဦးကား အေရွ႕တိုင္း ဘာသာေရးဓေလ့မွ၊ သို႔ေသာ္ သူတို႔ ဘဝႏွင့္ အလုပ္မ်ားကို ေနာက္ေယာင္ခံၾကည့္လၽွင္ သူတို႔လမ္းေၾကာင္းမ်ား တစ္ေနရာ၌ ဆုံသည္။ သိပၸံႏွင့္ ဘာသာေရးကိစၥ (spirituality) ကား တစ္ခုကိုတစ္ခု ျဖည့္ေပးၾကသည္။
ေခတ္လူ႔အဖြဲ႕အစည္းတြင္ သိပၸံႏွင့္ ဘာသာတရားႏွစ္ခု ကြဲျပားေနသေယာင္၊ က်ိဳးေၾကာင္းဆင္ျခင္ျခင္း (rationality) ႏွင့္ ယုံၾကည္မွုအေျခခံျခင္း (spirituality) အၾကား၊ ႐ုပ္ဝါဒႏွင့္ ကိုယ္က်င့္တရားအၾကား၊ “ကၽြန္ေတာ္တို႔”ႏွင့္ “သူတို႔” အၾကား အေတာ္ျခားေနသေယာင္၊ အယူအဆမ်ား ရွိသည္။ အိုင္စတိုင္းႏွင့္ တန္ဇင္တို႔အလိုအရ သိပၸံလမ္းေၾကာင္းႏွင့္ ဘာသာေရး လမ္းေၾကာင္းကား တစ္ေနရာ၌ ဆုံသည္။ ပုဂၢိဳလ္ႀကီးႏွစ္ဦး၏ နမူနာမ်ားက ကမၻာေလာကအား ခြဲလ်က္ျမင္သည္ စုလ်က္ျမင္သည္မွာ မိမိအေပၚ၌သာ တည္ေၾကာင္း လင္းျပသည္။ ေလာကကား အညမည (အျပန္အလွန္မွီခိုေနျခင္း) mutuality သာျဖစ္ေၾကာင္း တန္ဇင္ႏွင့္ အိုင္စတိုင္း ႏွစ္ဦးလုံးက ေဟာသည္။
ကိုတာ
- See more at:
http://www.salayam-media.org/%e1%80%a1%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%a1%e1%80%9c%e1%80%be%e1%80%94%e1%80%ba-%e1%80%99%e1%80%be%e1%80%ae%e1%80%81%e1%80%ad%e1%80%af%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/#sthash.9CAFeZ2X.dpuf

အပြန်အလှန် မှီခိုခြင်း
အလှဆုံးအရာဟာ
နက်နဲသိမ်မွေ့ လျှို့ ဝှက်တဲ့ဟာပဲ။ အနုပညာ၊ သိပ္ပံပညာတွေဟာ အဲဒီအရာ နက်နဲ
သိမ်မွေ့ ခြင်း (mysterious) က ထွက်လာတာပဲ။ သိမ်မွေ့ နက်နဲတာကို
သူစိမ်းတရံစံ ဖြစ်နေတဲ့ မခံစားနိုင်သူ၊ တအံ့တဩ ဖြစ်ဖို့ ခဏတာလေး
မတန့်မရပ်နိုင်သူ၊ ရိုသေခန့်ညားမှုကို ဘဝင်မခိုက်နိုင်သူ၊ ဒီလူတွေ
သေဖို့သာကောင်းတယ်၊ သူ့မျက်လုံးတွေ ကန်းနေတာကိုး။
၁၉၃၅ ဇွန် ၆ ရက်တွင် ကောင်လေးတစ်ယောက် မွေးသည်။ တိဘက်အရှေ့မြောက်ဒေသ လယ်သမားမိသားစု၌။ လာမို သွန်ဒပ် (Lhamo Thondup) ဟု အမည်ရသော ထိုကလေးမှာ လာမားကြီး ဖြစ်လာသည်။ ထိုနှစ်၌ပင် အဲလ်ဘတ် အိုင်စတိုင်းသည် အမေရိကန် နိုင်ငံသားအဖြစ် လျှောက်လွှာတင်သည်။ ပရင်စတန်၌ အိမ်တစ်လုံးဝယ်ကာ အသက်ထက်ဆုံး နေသည်။ ၁၉၅၅ ခုနှစ် ကွယ်လွန်သောအခါ ၇၆ နှစ် ရှိပြီ။
ဤအရေးအသားမှာ နာမ်ကိစ္စ (spiritual) အကြောင်း၊ ယင်းအရာ၌ သိပ္ပံပညာရှင်တစ်ယောက် (အိုင်စတိုင်း) နှင့် ဘာသာရေးသမားတစ်ယောက်၏ အမြင်များ တူနေပုံဖြစ်ပါသည်။
မတူညီသော နောက်ခံရှိသော ထိုသူနှစ်ယောက်မှာ ကျိုးကြောင်း ဆင်ခြင်ခြင်း (rational) နှင့် ယုံကြည်မှုအခြေခံခြင်း (spiritual) ကို ပေါင်းစည်းတတ်သူများ ဖြစ်သည်။
အိုင်စတိုင်း၏ သိပ္ပံနည်းကျစဉ်းစားတတ်သော စိတ်သည် “နှလုံးသားနှင့် မခံစားသော သချၤာတွက်စက်ကြီး” မဟုတ်။ တန်ဇင်သည်လည်း သိပ္ပံကို ဆန့်ကျင်သော ဘာသာရေးဂုရု မဟုတ်။
နယူတန်၏နောက်တွင် အကြီးကျယ်ဆုံး ရူပဗေဒဆရာကြီး ဖြစ်သည် မှန်၏။ သို့သော် အိုင်စတိုင်းကား ဒဿန၊ ဘာသာရေး၊ နာမ်အကြောင်းများကို စိတ်ဝင်စားခဲ့သည်။ သူ့ကို ဒဿန-သိပ္ပံ ဆရာကြီး (philosopher scientist) ဟု စာရေးဆရာတချို့က ရေးကြသည်။ Out of My Later Years ဟူသော သူ့စာအုပ်တွင် အိုင်စတိုင်းက အောက်ပါအတိုင်း ရေးခဲ့၏။
“ဘာသာအယူဝါဒ၊ အနုပညာ၊ သိပ္ပံတို့မှာ သစ်ပင်တစ်ခုတည်းမှ အကိုင်းအခက်များ၊ လူ့ဘဝ မြင့်တက်လာစေရန် တမ်းမှန်းကြသည်ချည်း။ ရုပ်သက်သက် ရပ်တည်မှုမှ ဆွဲထုတ်၍ ပုဂ္ဂလတစ်ဦးချင်း လွတ်မြောက်ရန် ရည်သန်ကြသည်ချည်း ဖြစ်သည်။”
တန်ဇင်ကား ကျွန်တော်တို့ခေတ်၏ ဘာသာရေးခေါင်းဆောင် တစ်ယောက်၊ ကမ္ဘာ့တစ်ဝှမ်း ချစ်ကြည်ညိုခြင်း ခံရသူ။ ဘာသာရေး ခေါင်းဆောင် ဖြစ်လျက်လည်း သိပ္ပံကို စိတ်ဝင်စားသည်။ ကမ္ဘာ့တစ်ဝှမ်းမှ သိပ္ပံပညာရှင်များနှင့် တွေ့ဆုံသည်။ မေးမြန်းသည်။ ၁၉၈၇ ခုနှစ်မှစ၍ ယနေ့တိုင် ပြုလုပ်သော (Mind and Life Dialogues) (စိတ်နှင့်ဘဝ ဒိုင်ယာလော့ခ်များ) မှာ သိပ္ပံနှင့် နာမ်ကိစ္စ ဆွေးနွေးပွဲများ ဖြစ်သည်။
“ကျုပ်က ဗုဒ္ဓဘာသာ (အရှေ့တိုင်းဒဿန) နဲ့ အနောက်တိုင်းသိပ္ပံရဲ့ ဆက်သွယ်မှုကို သိပ်စိတ်ဝင်စားတယ်။ စိတ်တိုးတက်မှုနဲ့ ရုပ်တိုးတက်မှုဟာ ချိန်ခွင်လျှာ မျှမှဖြစ်မယ်လို့ အမြဲတမ်း ခံစားရတာကိုး။ နှစ်ခုပေါင်းမှ လူသားဆန်တဲ့ ကမ္ဘာကြီးဖြစ်မှာကိုး။ အနောက်တိုင်းသိပ္ပံ ရုပ်တိုးတက်မှုနဲ့ အရှေ့တိုင်း စိတ်တိုးတက်မှု နှစ်ခုပေါင်းပြီး အလုပ်လုပ်ဖို့ အလွန်အရေးကြီးတယ်။”
အိုင်စတိုင်းမှာ ဘာသာတရား တစ်စုံတစ်ရာ သက်ဝင်ယုံကြည်မှု မရှိချေ။ သို့စဉ်လျက် ဘာသာရေးခံစားမှု ရှိသည်။ “အယ်လ်ဘတ် အိုင်စတိုင်း” ဟူသော သူ့အတ္ထုပ္ပတ္တိတွင် သူက အောက်ပါအတိုင်း ပြောသည်ဟူ၏။
“အလှဆုံးအရာဟာ နက်နဲသိမ်မွေ့ လျှို့ဝှက်တဲ့ဟာပဲ။ အနုပညာ သိပ္ပံပညာတွေဟာ အဲဒီအရာ နက်နဲသိမ်မွေ့ခြင်း (mysterious) က ထွက်လာတာပဲ။ သိမ်မွေ့နက်နဲတာကို သူစိမ်းတရံစံဖြစ်နေတဲ့ မခံစားနိုင်သူ၊ တအံ့တဩဖြစ်ဖို့ ခဏတာလေး မတန့်မရပ်နိုင်သူ၊ ရိုသေခန့်ညားမှုနဲ့ ဘဝင်မခိုက်နိုင်သူ၊ ဒီလူတွေ သေဖို့သာကောင်းတယ်၊ သူ့မျက်လုံးတွေ ကန်းနေလို့။ ဘဝရဲ့ လျှို့ဝှက်နက်နဲမှုကို ထိုးထွင်းသိမြင်ဉာဏ်ဟာ (အကြောက်နဲ့ ပေါင်းစပ်ထားတယ် ဆိုပစေ) ဘာသာရေးယုံကြည်မှုကို ဖြစ်စေတာကိုး။ ကျုပ်တို့ဆီ မရောက်နိုင်တဲ့အရာ ရှိလေရဲ့။ သည်အရာကတော့ဖြင့် အမြင့်ဆုံး ဉာဏ်သဗ္ဗညုပဲ၊ ဖြာထွက်နေတဲ့ အလှအပပဲ၊ ကျုပ်တို့ရဲ့ ခပ်တုံးတုံးအာရုံတွေ မစေစားနိုင်တဲ့ အရာ အလွန်အကြမ်းဖျင်းသာ သိနိုင်တဲ့အရာ – သည်လိုသိခြင်း၊ သည်လို ခံစားခြင်းဟာ ဘုရားတရားကြည်ညိုခြင်းရဲ့ ဗဟိုပဲ။ သည်နည်းဖြင့်သာ ကျုပ်ဟာ ဘုရားတရားကြည်ညိုသူ ဖြစ်ပါတယ်။”
တန်ဇင်သည်လည်း နာမ်ကိစ္စကား ဘာသာရေးအယူများကို ကျော်လွန်သည်ဟု ယူဆသည်။ “နာမ်ကိစ္စ (spirituality) ဟူသည် လူ့စိတ်၏ အရည်အသွေးများ ဖြစ်သော ချစ်ခြင်း၊ ကရုဏာရှိခြင်း၊ သည်းညည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ရောင့်ရဲခြင်း၊ တာဝန်ယူတတ်ခြင်း၊ လိုက်ဖက် ညီညွတ်အောင် နေခြင်းများတည်း။ မိမိကိုသော်လည်းကောင်း၊ သူတစ်ပါးကို သော်လည်းကောင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်း ဖြစ်စေသော သတ္တိများတည်း။” ထို အရည်အချင်းသတ္တိများကား “လောကုတ္တရာ အကျင့်မှန်”များ၏ အသီးအပွင့်များ ဖြစ်စေကာမူ ထိုသို့ကျင့်ကြံအားထုတ်ရန် တစ်စုံတစ်ရာ ဘာသာဝင်ဖြစ်ဖို့ မလိုပါဟု သူက ဆိုသည်။
အိုင်စတိုင်းအဖို့ ဘာသာတရားဟူသည် သဘာဝ၏ နက်နဲသိမ်မွေ့ခြင်း၊ အလှနှင့် အမှန်တရားအပေါ် နက်နက်ရှိုင်းရှိုင်း ခံစားတတ်ခြင်းသာ ဖြစ်သည်။ တန်ဇင်အတွက်ကား ဘာသာတရားဟူသည် ကရုဏာတရားနှင့် စိတ်နှလုံးကောင်းခြင်း ဖြစ်သည်။
အိုင်စတိုင်း၏ ဘာသာတရားသည် စကြဝဠာအမြင်၊ တန်ဇင်၏ ဘာသာတရားကား ကိုယ်ကျင့်သီလဆိုင်ရာအမြင်ဟူ၍ ပြောနိုင်သည်။ အမှန် စင်စစ်ကား တစ်ခုတည်းသော ဒင်္ဂါးပြား၏ ခေါင်းနှင့် ပန်းသာ ဖြစ်လေသည်။
Out of My Later Years ၌ ဘာသာတရားဘက်၌ ပေါက် ရာက်အောင်မြင်ပြီးသူ ဟူသည်မှာ တစ်ကိုယ်ကောင်းသာ ရည်ရွယ်သော အလိုဆန္ဒများမှ သူ့ကိုယ်သူ လွတ်မြောက်ပြီးသူတစ်ယောက်ဟု ကျွန်တော် ယူဆသည်ဟု အိုင်စတိုင်းက ရေးသည်။ သိပ္ပံအနေဖြင့် ဘာသာတရား၏ ထိုရည်ရွယ်ချက် အောင်မြင်အောင် ထောက်ပံ့နိုင်ပါသည်။ သိပ္ပံတွေ့ရှိချက်များက ကျွန်တော်တို့အား “အညီအညွတ် ဖွဲ့စည်းနေခြင်း၊ ဖြစ်တည်လာရန် အပြန်အလှန်မှီခို ထောက်ပံ့နေခြင်း၊ ဘုံအရင်းအမြစ်မှ ဖြစ်တည်လာခြင်း” စသည်များကို သင်ကြားပေးနေပါသည်။ စကြဝဠာသဘာဝကို သိပ္ပံနည်းဖြင့် သဘောပေါက်ခြင်းသည် ပုဂ္ဂလိက မျှော်လင့်နေမှုများ၊ အလိုဆန္ဒများ၏ ချုပ် နှောင်မှုများမှ လွတ်မြောက်စေနိုင်ပါသည်။ သဘာဝတွင် တည်ရှိနေသော အကြောင်းအကျိုးဆက်စပ်မှု (ဟေတုပစ္စယော) ၏ ခမ်းနားကြီးကျယ်မှု၌ နှိမ်ချ ရိုကျိုးစိတ်ကို ဖြစ်စေနိုင်ပါသည်။
ဗုဒ္ဓဘာသာတစ်ယောက်၏ အမြင်အရဆိုရလျှင် တစ်ကိုယ်ကောင်း အတွေးအကြံအလုပ်များ အကုသလ အလိုဆန္ဒများသည် ဒုက္ခ၏အကြောင်း (ပစ္စယ)၊ မောဟ (အမှန်တကယ် မသိမှု) ကား ထိုအလိုဆန္ဒများ၏ အကြောင်း ဖြစ်ပါသည်။ အိုင်စတိုင်း၏ အမြင်အရ သိပ္ပံဗဟုသုတနှင့် တွေ့ရှိချက်များသည် သိပ္ပံပညာရှင်အပါအဝင် လူတို့အား နက်နက်ရှိုင်းရှိုင်း ဆင်ခြင်ရန် ကျယ်ကျယ်ပြန့်ပြန့်မြင်ရန် ပို၍ နှိမ့်ချတတ်ရန် အကူအညီပေးပါသည်။ ဖော်ပြပါ အရည်အချင်းများသည် အမှောင်တိုက်များကို လင်းရန်၊ ပို၍သတိရှိလာရန်၊ ဖြစ်တည်နေမှုနှင့် သင့်တင့်လျောက်ပတ်ရန်၊ သည်းညည်းခံနိုင်ရန်၊ ကရုဏာ ပိုထားကာ တစ်ကိုယ်ကောင်းစိတ် လျော့နည်းရန် အကူအညီ ပေးသည်။
ကိုယ်ရည်ကိုယ်သွေး
အိုင်စတိုင်း၏ သိပ္ပံအမြင်သည် သူ၏ ကိုယ်ရည်ကိုယ်သွေးကို ပြုပြင်ပေးရဲ့လား။ အိုင်စတိုင်းကား ကြင်နာသူ၊ နှိမ့်ချသူ၊ ရိုးရှင်းသောဘဝကို နှစ်သက်သူ၊ ကျော်ကြားမှုကို ညည်းညူတတ်သူ၊ ဟာသဓာတ်ခံ ရှိသူ၊ မရှိမဖြစ်သော ပစ္စည်းများနှင့်သာ ရောင့်ရဲတတ်သူ၊ ဇိမ်ခံပစ္စည်းများကို မနှစ်သက်သူဟူ၍ သူ၏စာများ၊ အတ္ထုပ္ပတ္တိများတွင် တွေ့ရသည်။ The World as I See It (၁၉၃၁) ဟူသော အက်ဆေးတွင် “ကျုပ်ဘဝရဲ့လမ်းကို အလင်းရောင် ပေးလျက် ရွှင်ရွှင်လန်းလန်းနှင့် ရင်ဆိုင်ရန် သတ္တိပေးသော အရာများမှာ ကြင်နာခြင်း၊ လှခြင်းနှင့် မှန်ကန်ခြင်းများသာ ဖြစ်ပါသည်။ ပိုင်ဆိုင်မှုများ၊ အပြင်ပန်း ဗဟိဒ္ဓ အောင်မြင်မှုများ၊ ဇိမ်ခံပစ္စည်းများမှာ အဖိုးမတန်ပါ” ဟု အိုင်စတိုင်း ရေးခဲ့သည်။
တန်ဇင်၏ ဒဿနအမြင်သည်လည်း ထို့အတူဖြစ်သည်။ တန်ဇင်အား နှစ်ကြိမ်တွေ့ဖူးရာ နှစ်ကြိမ်စလုံးပင် “ကျွန်တော်က ရိုးရိုး ဘုန်းကြီး တစ်ပါးပါ ခင်ဗျာ”ဟု ပြောသည်။ သို့သော် ထိုရိုးခြင်း၏နောက်မှ ဉာဏ်ပင်လယ် (သူ့အမည်မှာ ဉာဏ်ပင်လယ် ocean of wisdom ဟူသော အနက် ရှိသည်။) ကို ခံစားရသည်။ သူ၏စာအုပ် သုံးလေးအုပ်ကို လက်ဆောင် Universal Responsibility and the Good Heart ဟူသော စာအုပ်တွင် အောက်ပါအတိုင်း တွေ့ရသည်။ “နှလုံးသားချင်း ဆက်ဆံရေးဟာ အသားအရောင်၊ လူမျိုးရေးအဆီးအတားတွေကို ကျော်ပြီး ဒီနေ့ ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာပဲလို့ ကျွန်တော်တော့ ခံစားရတယ်။” သူ့ အား ဘာသာတရားရဲ့ အနှစ်သာရဟာ ဘာပါလဲဟုမေးရာ “ကရုဏာပါပဲ”ဟု စကားလုံးတစ်လုံးတည်းနှင့် ပြန်ဖြေသည်။
အိုင်စတိုင်း၏ နှိုင်းရဓမ္မတရား (relativity) မှာ သိပ္ပံ သဘောတရားသာ ဖြစ်သော်လည်း၊ ဒဿနဘက်၌လည်း ယူသုံးကြသည်များ ရှိသည်။ နှိုင်းရဖြစ်ခြင်း (relativism) ကို မှားယွင်း နားလည်သော “အားလုံး နှိုင်းရ ဖြစ်နေတာတွေချည်း၊ ဒါကြောင့် လုပ်ချင်တာလုပ်” ဟူသော အတွေးအခေါ်ကို အိုင်စတိုင်းသော် လည်းကောင်း၊ တန်ဇင်သော် လည်းကောင်း လက်ခံမည် မဟုတ်ပါ။ ထိုသူနှစ်ယောက်လုံးကား မြင့်မားသောမူများ၊ စံများ ရှိကြသောကြောင့် ဖြစ်သည်။ ရီလေတီဗီတီမှာ ကမ္ဘာကြီးကို ပိုနားလည်စေသော နည်းတစ်ခုသာ ဖြစ်သည်။ ကမ္ဘာကြီး၌ ပကတိမှန်သော မူများ၊ သဏ္ဌာန်များ မရှိဟု မဆို။ အလင်း၏အလျင်မှာ စကြဝဠာတွင် အမြဲတသမတ်တည်း သည်အတိုင်းပဲ ရှိနေသည်။ ကရုဏာ (compassion) သည်လည်း အမြဲမှန်ကန်သော ဓမ္မဖြစ်သည်။
သိပ္ပံပညာရှင်တစ်ယောက်အနေနှင့် အိုင်စတိုင်းကား အရာဝတ္ထုများ၊ သတ္တဝါများ၏ အပြန်အလှန်အမှီသဟဲပြုခြင်း (interdependence) ကို သဘောပေါက်သည်။
“နေ့တိုင်း နေ့တိုင်း အကြိမ်များစွာ ကျွန်တော့်ကိုယ် ကျွန်တော် သတိပေးသည်။ ကျွန်တော်၏ အဇ္ဈတ္တနှင့် ဗဟိဒ္ဓ အတွင်းအပ ဘဝကား အခြား သူတစ်ပါး အသက်ရှင်နေသူ၊ သေပြီးသူများအပေါ်တွင် အခြေခံနေကြောင်း၊ ကျွန်တော့်အနေနှင့် ရယူခဲ့သည့်အလျောက် အညီအမျှ ပြန်လည်ပေးဆပ်နိုင် ရန် ကြိုးစားရမည်ဖြစ်ကြောင်း။”
အပြန်အလှန် အမှီသဟဲပြုခြင်းသဘောကို တန်ဇင်၏ တရားများတွင်လည်း တွေ့ရသည်။ မိန့်ခွန်းတစ်ခုတွင် အောက်ပါအတိုင်း တွေ့ရသည်။ “ကျုပ်တို့ဟာ တစ်ယောက်ကိုတစ်ယောက် အမှီသဟဲ ပြုနေကြတာပါ။ တသီးတသန့်နေလို့ မဖြစ်နိုင်တော့ပါ။ ကိုယ့်အသိုက်အဝန်းပြင်ပမှာ ဖြစ်ပျက်နေတာတွေကို လျစ်လျူရှု၍ မရတော့ပါ။ အခက်အခဲတွေ တွေ့တဲ့အခါ တစ်ယောက်ကိုတစ်ယောက် အကူအညီပေးရမှာပါ။ ကံအကြောင်း ကောင်းတဲ့အခါလည်း တစ်ယောက်ကိုတစ်ယောက် ဝေမျှရမှာပါ။”
ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးလုံးမှာ ကိုယ့်ပြည် ကိုယ့်ယာကို စွန့်ခဲ့ကြရသည်။ ဂျာမန် ဂျူးဖြစ်သော အိုင်စတိုင်းမှာ ဟစ်တလာ၏ ရန်မှလွတ်ရန် ထွက်ပြေး၍ အမေရိက၌ အခြေချရသည်။ တန်ဇင်သည်လည်း သူ့ပြည်မှထွက်ပြေး၍ အခြားတိုင်းပြည်၌ အခြေချရသည်။ ယင်းအတွေ့အကြုံက လူဟူသည်ကို ကျယ်ပြန့်သောအမြင်နှင့် မြင်အောင်၊ အလှကို ခံစားတတ်အောင်၊ ယဉ်ကျေးမှု အဖုံဖုံနှင့် အသက်၏အခြေခံ၌ စည်းလုံးပုံကိုသိအောင် ပြုလုပ်ပေးပုံရသည်။
ထူးခြားသော ဤပုဂ္ဂိုလ်ကြီးနှစ်ဦးကား ကွဲပြားခြားနားသော နယ်ပယ်များက လာသည်။ တစ်ဦးမှာ အနောက်တိုင်း သိပ္ပံအမြင်မှ နောက်တစ်ဦးကား အရှေ့တိုင်း ဘာသာရေးဓလေ့မှ၊ သို့သော် သူတို့ ဘဝနှင့် အလုပ်များကို နောက်ယောင်ခံကြည့်လျှင် သူတို့လမ်းကြောင်းများ တစ်နေရာ၌ ဆုံသည်။ သိပ္ပံနှင့် ဘာသာရေးကိစ္စ (spirituality) ကား တစ်ခုကိုတစ်ခု ဖြည့်ပေးကြသည်။
ခေတ်လူ့အဖွဲ့အစည်းတွင် သိပ္ပံနှင့် ဘာသာတရားနှစ်ခု ကွဲပြားနေသယောင်၊ ကျိုးကြောင်းဆင်ခြင်ခြင်း (rationality) နှင့် ယုံကြည်မှုအခြေခံခြင်း (spirituality) အကြား၊ ရုပ်ဝါဒနှင့် ကိုယ်ကျင့်တရားအကြား၊ “ကျွန်တော်တို့”နှင့် “သူတို့” အကြား အတော်ခြားနေသယောင်၊ အယူအဆများ ရှိသည်။ အိုင်စတိုင်းနှင့် တန်ဇင်တို့အလိုအရ သိပ္ပံလမ်းကြောင်းနှင့် ဘာသာရေး လမ်းကြောင်းကား တစ်နေရာ၌ ဆုံသည်။ ပုဂ္ဂိုလ်ကြီးနှစ်ဦး၏ နမူနာများက ကမ္ဘာလောကအား ခွဲလျက်မြင်သည် စုလျက်မြင်သည်မှာ မိမိအပေါ်၌သာ တည်ကြောင်း လင်းပြသည်။ လောကကား အညမည (အပြန်အလှန်မှီခိုနေခြင်း) mutuality သာဖြစ်ကြောင်း တန်ဇင်နှင့် အိုင်စတိုင်း နှစ်ဦးလုံးက ဟောသည်။

Post a Comment